China
AI က အသံညွှန်ကြားမှုများကို မှတ်သားထောက်ကူပေးနိုင်သော ဆန်းသစ်တီထွင်ထားသည့် အထည်အလိပ်နည်းပညာတိုးတက်လာစေရန် တရုတ်သုတေသီများ လုပ်ဆောင်နိုင်ခဲ့

နန်ကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
AI နည်းပညာက သမားရိုးကျ စက်မှုလုပ်ငန်းများကို မြှင့်တင်ပေးသလို သမားရိုးကျ နည်းပညာများကလည်း AI နည်းပညာကို တစ်ပြန်တစ်လှည့် တိုးတက်လာစေနိုင်ခြင်းအား တရုတ် သုတေသနပညာရှင်များ၏ လေ့လာမှုအသစ်တစ်ခုတွင် ပြသနိုင်ခဲ့သည်။ အဆိုပါလေ့လာမှုအသစ်အရ ဆန်းသစ်တီထွင်ထားသော အထည်အလိပ်တစ်မျိုးသည် စကားပြောနေစဉ်အတွင်းထုတ်ပေးသော electrostatic charges ကို မြှင့်တင်ပေးခြင်းဖြင့် AI အသိအမှတ်ပြု အသံညွှန်ကြားမှုများကို မှတ်သားထောက်ကူပေးနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့သည်။ယခုသီတင်းပတ်ထုတ် သိပ္ပံဆိုင်ရာတိုးတက်မှုများ (Science Advances) ဂျာနယ်တွင် ယခုကဲ့သို့ ဖောက်ထွက်လာသော ဆန်းသစ်တီထွင်မှုမှာ အထည်ချုပ်လုပ်ငန်းများအား အလိုအလျောက်သိမြင်နိုင်သော အပြောင်းအလဲမရှိ တစ်သမတ်တည်း လက်လှမ်းမီအသုံးပြုနိုင်သည့် AI အထောက်အကူပြုများအဖြစ် ပြောင်းလဲမည့် အလားအလာရှိခြင်းကို ပြသနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
စူးကျိုးတက္ကသိုလ်မှ သုတေသနပညာရှင်များဦးဆောင်သည့်အဖွဲ့က A-Textile ဟု အမည်ပေးထားသော ပွတ်တိုက်မှုမှထွက်ပေါ်လာသည့် လျှပ်စစ်အသံလှိုင်း အထည်အလိပ်တစ်မျိုး ပုံစံထုတ်ဖန်တီးနိုင်ခဲ့ကြသည်။ သမားရိုးကျ ကြီးမားလေးလံသည့် အသံလှိုင်းကိရိယာများကဲ့သို့မဟုတ်ဘဲ A-Textile အထည်သားမှာ နူးညံ့ပျော့ပြောင်းပြီး ကွေးနိုင်ဆန့်နိုင်ကာ လျှော်ဖွပ်၍လည်း ရကြောင်း သိရသည်။
A-Textile အထည်သားဖြင့် လူတစ်ယောက်စကားပြောသည့်အခါတွင် အဝတ်အထည်ပေါ်၌ သဘာဝအတိုင်းထွက်ပေါ်လာသော electrostatic charges ကို ထိန်းချုပ်အသုံးချနိုင်စွမ်းရှိကြောင်း သိရသည်။
လျှော်ဖွပ်နိုင်ပြီး ပေါ့ပါးသည့် A-Textile အထည်သားသည် အိမ်သုံးပစ္စည်းကိရိယာများကို အဝေးမှထိန်းချုပ်နိုင်စွမ်းရှိသည့် အသံလှိုင်းမှတ်သားနည်းပညာအရ တိကျမှန်ကန်မှု ၉၇.၅ ရာခိုင်နှုန်းရှိ သည်အထိ တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း လေ့လာမှုအရ သိရသည်။
သုတေသနပညာရှင်များအနေဖြင့် ရိုးရှင်းသော အသံညွှန်ကြားမှုမှတစ်ဆင့် လေအေးပေးစက်တစ်လုံးနှင့် မီးလုံးတစ်လုံးကို အဖွင့်အပိတ်လုပ်ခြင်းကဲ့သို့သော ခေတ်မီအိမ်သုံးပစ္စည်းများကို ကြိုးမဲ့စနစ်ဖြင့် ထိန်းချုပ်ခြင်းဖြင့် လက်တွေ့အသုံးပြုနိုင်ပုံကိုလည်း သရုပ်ပြသခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါနည်းပညာဖြင့် cloud ကွန်ပျုတာနည်းပညာအခြေပြုဝန်ဆောင်မှုများ၊ ပင်လယ်ရေကြောင်း သွားလာမှုအတွက် ဂူဂဲလ်မြေပုံ (Google Maps) ကဲ့သို့သော စမတ်ဖုန်း အက်ပလီကေးရှင်းများကို စီမံခန့်ခွဲနိုင်ရန် အသံလှိုင်းညွှန်ကြားမှုကို အသုံးပြုခြင်း၊ ကော့တေးအရက်စပ်နည်းနှင့် ခရီးစဉ်ရေးဆွဲခြင်းတို့ကို ChatGPT နှင့် ချိတ်ဆက်မေးမြန်းခြင်းတို့တွင်လည်း အောင်မြင်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Chinese researchers develop innovative textile that helps AI recognize voice commands
NANJING, Oct. 13 (Xinhua)
AI can empower traditional industries while traditional technologies can, in turn, advance AI, as shown in a new study where an innovative textile helps AI recognize voice commands by amplifying the electrostatic charges generated during speech.
Published this week in Science Advances, the breakthrough promises to turn garments into intuitive, always-accessible AI assistants.
Led by researchers from Soochow University, the team designed a triboelectric acoustic textile, dubbed A-Textile. Unlike conventional rigid and bulky acoustic devices, the fabric is soft, flexible and washable.
It can harness the natural electrostatic charges generated on clothing when a person speaks.
The washable and lightweight AI-textile achieved a voice recognition accuracy of up to 97.5 percent, enabling remote control of household appliances, according to the study.
The researchers demonstrated its practical application by using it to wirelessly control smart home appliances, such as turning on and off an air conditioner and a lamp through simple voice commands.
It also successfully accessed cloud-based services, using voice commands to operate smartphone applications like Google Maps for navigation, and engage with ChatGPT by asking for cocktail recipes and a travel itinerary. ■
Photo:
A boy looks at a robotic arm creating traditional Chinese painting at the 7th World Voice Expo in Hefei, east China’s Anhui Province, Oct. 24, 2024. (Xinhua/Fu Tian)