Connect with us

China

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်က ဒိုမီနီကာနိုင်ငံ သမ္မတအား လက်ခံတွေ့ဆုံ

တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်နှင့် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဒိုမီနီကာ ဓနသဟာယနိုင်ငံ သမ္မတ ဆဗေနီ ဘာတန်တို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ဟုနင်သည် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဒိုမီနီကာ ဓနသဟာယနိုင်ငံ သမ္မတ ဆဗေနီ ဘာတန်အား အောက်တိုဘာ ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့သည်။
တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဝမ်က ဒိုမီနီကာနိုင်ငံမှာ ကာရေဘီယံဒေသတွင် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်းနှင့် မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ အဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် ဒိုမီနီကာနိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟု ဝမ်က ဆက်လက်ပြောကြားသည်။
ဒိုမီနီကာ သမ္မတကလည်း ဒိုမီနီကာ နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ လိုက်နာစောင့်ထိန်းကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ကာလရှည် ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နယ်ပယ်အသီးသီးတွင် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်နှင့် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဒိုမီနီကာ ဓနသဟာယနိုင်ငံ သမ္မတ ဆဗေနီ ဘာတန်တို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

………………..
(English Version)
China’s top political advisor meets president of Dominica
BEIJING, Oct. 14 (Xinhua) — China’s top political advisor Wang Huning on Tuesday met with Sylvanie Burton, president of the Commonwealth of Dominica, who is in Beijing for the Global Leaders’ Meeting on Women.
Wang, chairman of the National Committee of the Chinese People’s Political Consultative Conference, said that Dominica is a good friend and partner of China in the Caribbean.
China is willing to work with Dominica to continue expanding cooperation in various fields, jointly advance high-quality Belt and Road cooperation, and continuously deepen the friendship between the two countries, added Wang.
Burton said that Dominica firmly adheres to the one-China principle, expressed gratitude for China’s long-term support and assistance to the country’s development, and voiced willingness to deepen strategic communication and cooperation across various fields with China.
English Caption
Wang Huning, chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC), meets with Sylvanie Burton, president of the Commonwealth of Dominica, who is in Beijing for the Global Leaders’ Meeting on Women, in Beijing, capital of China, Oct. 14, 2025. (Xinhua/Yao Dawei)