Connect with us

China

အက်ပဲလ်ကုမ္ပဏီက တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ကတိပြု

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် တရုတ်ပြည်မကြီး၌ ငါးဆိုင်မြောက် အက်ပဲလ်စတိုး အပြင်ဘက်မှန်နံရံကို သန့်ရှင်းရေးပြုလုပ်နေသည့် အလုပ်သမားတစ်ဦးကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အက်ပဲလ်စီအီးအို Tim Cook က တရုတ်နိုင်ငံတွင် ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးမြှင့်ရန်နှင့် နှစ်ဖက်အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အောက်တိုဘာ ၁၅ ရက်တွင် ကတိပြုခဲ့သည်။
Cook သည် တရုတ်နိုင်ငံစက်မှုလုပ်ငန်းနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီး လီလဲ့ချန် နှင့် ပေကျင်းတွင် တွေ့ဆုံစဥ်အတွင်း ထိုသို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အရွယ်အစားကြီးမားသောစျေးကွက်နှင့် ထွန်းကားသောစက်မှုလုပ်ငန်းစနစ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှုအတွက် အလွန်ကြီးမားသောအလားအလာကို ဖန်တီးပေးကြောင်း လီက ပြောကြားခဲ့သည်။ ၎င်းက တရုတ်နိုင်ငံသည် တည်ကြည်ခိုင်မာစွာ အဆင့်မြင့်စံနှုန်း ဖွင့်လှစ်မှုကို ဆက်လက် တိုးတက်ရန် ပြုလုပ်မည်ဖြစ်ပြီး စက်မှုလုပ်ငန်းတည်ထောင်မှုတွင် စမတ်နည်းပညာအသုံးချမှုနှင့် အသိဉာဏ်ရှိ နည်းပညာကူးပြောင်းမှုကို အားစိုက်လုပ်ဆောင်သွားမည်ဟု မှတ်ချက်ပေး ပြောကြားခဲ့သည်။ အက်ပဲလ် အပါအဝင် နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင် အားပေးမြှင့်တင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အက်ပဲလ်သည် တရုတ်နိုင်ငံ၏စက်မှုလုပ်ငန်းတည်ထောင်မှုအသစ်တွင် တက်ကြွစွာပူးပေါင်းပါဝင်ပြီး တရုတ်နိုင်ငံစျေးကွက်ကို ဆက်လက် စူးစမ်းလေ့လာမည်ဟုမျှော်လင့်ကြောင်းနှင့် စက်မှုလုပ်ငန်းထောက်ပံ့မှု ကွင်းဆက်တစ်လျှောက် ဆန်းသစ်တီထွင်မှုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်ရန် တရုတ်ကုမ္ပဏီများနှင့်လက်တွဲပူးပေါင်းမည်ဟု မျှော်လင့်ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Apple vows to further increase investment in China
BEIJING, Oct. 15 (Xinhua) — Apple CEO Tim Cook pledged on Wednesday that the company will continue to increase its investment in China and enhance cooperation to achieve mutually-beneficial and win-win development.
Cook made the remarks during a meeting with China’s Minister of Industry and Information Technology Li Lecheng in Beijing.
Li said China’s supersized market and full-fledged industrial system create enormous potential for investment and consumption. He noted that China will steadfastly advance high-standard opening up and vigorously promote the application of smart technologies in industrialization and the intelligent transformation of industries, and foster a favorable business environment for foreign enterprises, including Apple.
“We hope Apple will continue to explore the Chinese market, actively participate in China’s new industrialization, and join hands with Chinese companies across the industrial chain to pursue innovation-driven development,” Li said.
File Photo: A worker cleans the glass curtain wall outside Apple’s fifth store of the Chinese mainland in Shanghai, east China, Sept. 20, 2011. (Xinhua)