China
လစ်ဗျား၏ နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် နိုင်ငံတကာမှကူညီရန် တရုတ်သံတမန် တိုက်တွန်း

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြီးမြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပံ့ပိုးကူညီကြရန် တရုတ်သံတမန်တစ်ဦးက အောက်တိုဘာ ၁၄ ရက်၌ တိုက်တွန်းခဲ့သည်။
လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေသည် မကြာသေးမီက တိုးတက်မှုအချို့ကို ပြသခဲ့သည်။ သို့သော်လည်း နက်နက်ရှိုင်းရှိုင်း အနည်ထိုင်နေသည့် ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများကို မဖြေရှင်းနိုင်သေးဘဲ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိရေးမှာ ပြင်းထန်သော စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရသည်။ “ဒါက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေကို ဆက်လက်လိုအပ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောကြားခဲ့သည်။
“လစ်ဗျားရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု ပြီးမြောက်စေဖို့အတွက် လစ်ဗျားကို ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် လစ်ဗျားပြဿနာကို ဖြေရှင်းရန် အဓိကလမ်းကြောင်းအဖြစ် အစားထိုး၍မရသော အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂထောက်ပံ့ရေးမစ်ရှင် (UNSMIL) က နိုင်ငံရေးလမ်းပြမြေပုံကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး လုံခြုံရေးကောင်စီကလည်း UNSMIL ၏လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးရန် လတ်တလော ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“UNSMIL ရဲ့ လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးတာကို ကျွန်တော်တို့ ထောက်ခံသလို လစ်ဗျားရဲ့ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းကို စောစောစီးစီး ဖြတ်ကျော်နိုင်ရေး ကူညီပေးဖို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်ဖို့ UNSMIL ကို တိုက်တွန်းထားပါတယ်” ဟု ကိန်းက ပြောကြားခဲ့သည်။
ထို့ပြင် ကိန်းက လစ်ဗျားအရေးတွင် ပြည်ပအင်အားစုများ ဝင်ရောက်မစွက်ဖက်သင့်ကြောင်းလည်း ဖြည့်စွက်ပြောကြားကာ လစ်ဗျားနိုင်ငံ၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်ပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြာင်း သိရသည်။ (Xinhua)
……………….
(English Version)
Chinese envoy calls for int’l support for Libya’s political transition
UNITED NATIONS, Oct. 14 (Xinhua) — A Chinese envoy on Tuesday called on the international community to support Libya in completing its political transition.
Libya’s political and security situation has recently shown some improvement. However, deep-seated structural problems remain unresolved, and achieving lasting peace and stability continues to face severe challenges. “This requires the international community’s continued constructive support and assistance,” said Geng Shuang, China’s deputy permanent representative to the United Nations.
“There is a need to support Libya in completing its political transition,” he told the Security Council.
The United Nations, as the main channel for resolving the Libyan issue, plays an irreplaceable and vital role. The UN Support Mission in Libya (UNSMIL) has begun implementing the political roadmap, and the Security Council is currently discussing the extension of UNSMIL’s mandate, he said.
“We support the extension of UNSMIL’s mandate and call on the mission to prioritize moving forward the political process to help Libya break the political deadlock at an early date,” said Geng.
External forces should stop undue interference in Libya’s affairs, he added, urging efforts to help Libya improve its security situation and regain its development momentum. ■
English Caption
Geng Shuang, China’s deputy permanent representative to the United Nations, speaks at the UN General Assembly Emergency Special Session on Ukraine at the UN headquarters in New York, Oct. 12, 2022.