Connect with us

China

ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အဓိကမီးရထားဘူတာရုံနှစ်ခုမှ တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေး ရထားခရီးစဥ်ပေါင်း ၁၀၀,၀၀၀ ကျော် ပြေးဆွဲနိုင်ခဲ့

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Horgos ရှိ Horgos မီးရထားဘူတာရုံ၏ စံနှုန်းမီ မီးရထားဝန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာက ဝေဟင်မှ ရိုက်ကူးခဲ့သော ဓါတ်ပုံမှတစ်ဆင့် တွေ့ရစဥ် (ဆင်ဟွာ)

ဝူးလူမုချီ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အဓိက မီးရထား ဘူတာရုံနှစ်ခုဖြစ်သော အားလားဆန်းခိုနှင့် ဟော့အယ်ကော်စစ်တို့မှ တရုတ်-ဥရောပ(အာရှအလယ်ပိုင်း) ကုန်စည် ပို့ဆောင်ရေး ရထားခရီးစဥ်ပေါင်း ၁၀၀,၀၀၀ ကျော်ကို လွယ်ကူချောမွေ့စွာ လက်ခံပြေးဆွဲပေးနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာမြို့တော် ဝူးလူမုချီ အကောက်ခွန်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
Alataw Pass ဟုလည်းသိရှိကြသည့် အားလားဆန်းခိုဆိပ်ကမ်း ဘူတာရုံမှ တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေး ရထားခရီးလမ်းကြောင်းပေါင်း ၁၂၇ ကြိမ် လက်ခံပြေးဆွဲခဲ့သလို Horgos မီးရထားဘူတာရုံကလည်း အဆိုပါလမ်းကြောင်း ၈၉ ကြိမ်ကိုလက်ခံပြေးဆွဲခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြေးဆွဲခဲ့သော လမ်းကြောင်းများသည် ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၁ ခုသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အားလားဆန်းခိုနှင့် ဟော့အယ်ကော်စစ် ဘူတာရုံများသည် ကာဇက်စတန်နိုင်ငံနှင့်နယ်စပ်တွင်တည်ရှိပြီး တရုတ် နိုင်ငံနှင့် ဗဟိုအာရှ၊ ဥရောပတိုက်ကိုဆက်သွယ်ပေးသည့် အဓိကသယ်ယူပို့ဆောင်ရေး စင်္ကြံများ အဖြစ်လည်း အရေးပါလျက်ရှိသည်။
တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှုကို ၂၀၁၁ ခုနှစ်က စတင်မိတ်ဆက် ပြေးဆွဲခဲ့ခြင်းကလည်း တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်းနယ်စပ်ဒေသအား နိုင်ငံ၏ ပွင့်လင်း မြင်သာစွာကြိုးပမ်းအားထုတ်မှုများအတွက် နယ်စပ်တစ်ခုအဖြစ် ပြောင်းလဲစေခဲ့ကြောင်း သိရသည်။
တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားများက အဆိုပါလမ်းကြောင်းတစ်လျှောက်တွင် သယ်ယူ ပို့ဆောင်ပေးခဲ့သောကုန်စည်များတွင် စွမ်းအင်သစ်ယာဥ်များ၊ စက်မှုလုပ်ငန်းသုံးယန္တရားပစ္စည်းများ၊ စပါးများ၊ ဆီထွက်ကုန်များအပါအဝင် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများမှစကာ အမျိုးမျိုး အသုံးပြု၍ ရသော ကုန်ပစ္စည်းအမျိုးအစားပေါင်း ၂၀၀ ကျော်အထိ တိုးချဲ့သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Two major Xinjiang railway ports see over 100,000 China-Europe freight train trips
URUMQI, Oct. 14 (Xinhua) — Alashankou and Horgos, two major railway ports in northwest China’s Xinjiang Uygur Autonomous Region, have facilitated the passage of more than 100,000 China-Europe (Central Asia) freight trains, according to customs authorities of Urumqi, the regional capital.
Alashankou, also known as Alataw Pass, now hosts 127 China-Europe freight train routes, and Horgos railway port operates 89 such routes. These routes reach 21 countries — including Germany, Poland and Hungary.
The Alashankou and Horgos ports, located on the border with Kazakhstan, serve as key transportation corridors connecting China with Central Asia and Europe. The launch of the first China-Europe freight train service in 2011 transformed China’s northwestern border region into a frontier for the country’s opening-up endeavors.
The types of goods carried by China-Europe freight trains along these routes have expanded from a cohort of computers and mobile phones to a diverse array of over 200 products — including new energy vehicles, industrial machinery, and grain and oil products. ■
Photo:
An aerial drone photo taken on Dec. 25, 2024 shows a view of the standard-gage yard of Horgos railway port in Horgos, northwest China’s Xinjiang Uygur Autonomous Region. (Xinhua/Chen Shuo)