China
တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ကျယ်ပြန့်သော ဒေသတွင်း ခေတ်မီ လျှပ်စစ်စွမ်းအင်ကွန်ရက်စီမံကိန်း စတင်

နန်ကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် ဒေသ၏ခံနိုင်ရည်ပြည့်ဝသောစွမ်းအင်စနစ်နှင့်အတူ ပိုမိုစိမ်းလန်းမှုဆီသို့ ဦးတည်စေရန် တွန်းအားပေးမှုမှတ်တိုင်တစ်ခုအဖြစ် အသုံးပြုသူများအနေဖြင့် ယင်းအမျိုးအစား၌ အကြီးဆုံးဖြစ်သည့် ဒေသတွင်း ခေတ်မီ လျှပ်စစ်စွမ်းအင်ကွန်ရက်စီမံကိန်းကို အောက်တိုဘာ ၁၅ ရက်တွင် စတင်လည်ပတ်ခဲ့သည်။
စုချန်း မြို့တွင်တည်ရှိပြီး ၃,၄၀၀ စတုရန်းမီတာခန့် အကျယ်အဝန်းရှိသော လျှပ်စစ်စွမ်းအင်ကွန်ရက်တွင် လေ၊ နေရောင်ခြည်၊ သိုလှောင်မှုနှင့် အားသွင်းခြင်းဆိုင်ရာအခြေခံအဆောက်အအုံများကို တစ်ခုတည်းသော အကြားအလပ်မရှိသည့်စနစ်တစ်ခုအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်သည်။ နေရောင်ခြည်စွမ်းအင်ပမာဏ ၅.၁၅ မဂ္ဂါဝပ်၊ ၂၀ မဂ္ဂါဝပ်-နာရီ စွမ်းအင်သိုလှောင်မှုအဆောက်အအုံနှင့် လေအားလျှပ်စစ်တာဘိုင် ခြောက်လုံး ပါရှိသည်။
အဆိုပါစီမံကိန်း၏ ဗဟိုအားသွင်းနေရာတွင် လမ်းကြောင်းနှစ်ခုအားသွင်းသည့် ယာဥ်မှ စွမ်းအင်ကွန်ရက် တိုင်လေးတိုင်၊ ၆၀ ကီလိုဝပ်ရှိ အရည်ဖြင့်အအေးခံ အလွန်အားသွင်းမြန်သောစက် ခြောက်လုံးနှင့် နှစ်လုံးတွဲ ၅၀၀ ကီလိုဝပ် အမြန်အားသွင်းစက် ၁၅ လုံး ဖြန့်ကြက်တပ်ဆင်ထားသည်။
နိုင်ငံတော်ဓာတ်အားလိုင်း စုချန်း စွမ်းအင်ထောက်ပံ့ရေးကုမ္ပဏီ၏အဆိုအရ အလွန်အားသွင်းမြန်သောစက်များသည် မော်တော်ယာဥ်၏အသင့်တော်ဆုံး လျှပ်စီးကြောင်း တစ်ခုစီကို အလိုအလျောက်ချိန်ညှိပေးသည့် ဉာဏ်ရည်တုစနစ်ကြောင့် ဘက်ထရီသက်တမ်းကို ထိခိုက်စေခြင်းမရှိဘဲ တစ်ကီလိုမီတာမောင်းနှင်ရန် တစ်စက္ကန့် အတွင်း လုံလောက်သောစွမ်းအင်အားသွင်းနိုင်ကြောင်း သိရသည်။
Microgrid ဆိုသည်မှာ ဒေသအလိုက်လုပ်ဆောင်နိုင်သည့် စွမ်းအင်ကွန်ရက်ဖြစ်ပြီး နေရောင်ခြည်နှင့်လေစွမ်းအင် ကဲ့သို့ ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များအသုံးပြုကာ စွမ်းအင်သိုလှောင်မှုစနစ်များနှင့်အတူ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အဆိုပါစနစ်များသည် လွတ်လပ်စွာလည်ပတ်နိုင်သကဲ့သို့ အဓိကကွန်ရက်ကြီးဖြင့်လည်း ချိတ်ဆက် နိုင်ပြီး ပြောင်းလဲရလွယ်ကူသော ယုံကြည်စိတ်ချရသော သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့်စွမ်းအင်ကို ပံ့ပိုးပေးနေခြင်းဖြစ်သည်။
နိုင်ငံတော်ဓာတ်အားလိုင်း စုချန်း စွမ်းအင်ထောက်ပံ့ရေးကုမ္ပဏီ စျေးကွက်ရှာဖွေရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဟိုရှောင်ပင်းက “ စီမံကိန်းသည် နေရောင်ခြည်စွမ်းအင်ရယူသည့်ချပ်ပြားများ မိုက်ခရိုလေအားလျှပ်စစ်တာဘိုင်များနှင့်နေရောင်ခြည်စွမ်းအင်ဖန်ချောင်းများ အပါအဝင် ခေတ်ရှေ့ပြေး နည်းပညာများစွာ စွန့်ဦးတီထွင်အသုံးပြုခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်ဓာတ်အားလိုင်း ကျန်းဆူး လျှပ်စစ်စွမ်းအင်ကုမ္ပဏီ အဆိုအရ ကျန်းဆူးပြည်နယ်သည် microgrid စီမံကိန်းများစွာ တက်ကြွစွာ လုပ်ဆောင်လျက်ရှိပြီး မျိုးဆက်သစ်စွမ်းအင်စနစ်များ တည်ဆောက်ရေးတွင် အရှိန်မြှင့်လျက်ရှိသည်။ အထူးသဖြင့် စုချန်း မြို့သည် ဒေသ၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ကူးပြောင်းမှု တိုးတက်လာစဥ်တွင် ဒေသစွမ်းအင်ထောက်ပံ့မှု ယုံကြည်မှုပိုမိုအားကောင်းစေရန် စွမ်းအင်စုစည်းမှုနှင့်ပေါင်းစပ်ထားသည့် ဒေသတွင်းစွမ်းအင်ကွန်ရက်ဖွံဖြိုးရေးပေါင်းစည်းမော်ဒယ်တစ်ခု ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ဒေသတွင်းစွမ်းအင်ကွန်ရက်များ ရင်းနှီးမြှုပ်နှံမှုအများအပြား ဖော်ဆောင်ထားကြောင်း သိရသည်။ စွမ်းအင်သစ်စနစ်များတည်ဆောက်ရေး အရှိန်မြှင့်နေသည့် လုပ်ငန်းစီမံကိန်းအရ ဒေသအစိုးရများအား ဒေသတွင်းလိုအပ်ချက်များဖြည့်တင်းရန် စမတ်စွမ်းအင်ကွန်ရက်စီမံကိန်းများတည်ဆောက်မှုတွင် တွန်းအား ပေးခဲ့သည်။ ခေတ်မီစွမ်းအင်စနစ်များအတွက် နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင်လည်း ဒေသတွင်းစွမ်းအင်ကွန်ရက်တည်ဆောက်မှု၏ အရေးပါပုံကို မီးမောင်းထိုးဖော်ပြထားကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Large-scale smart microgrid project launched in east China
NANJING, Oct. 16 (Xinhua) — A massive smart microgrid project — the largest of its kind on the user side in east China’s Jiangsu Province — started operation Wednesday, marking a milestone in the region’s push toward a greener, more resilient energy system.
Located in the city of Suqian and occupying roughly 3,400 square meters, the microgrid integrates wind, solar, storage and charging in infrastructure into a single, seamless system. It boasts 5.15 megawatts of photovoltaic capacity, a 20-megawatt-hour energy storage facility, and six wind turbines.
The project also features a sprawling charging hub equipped with four “vehicle-to-grid” bidirectional charging piles, six 600-kilowatt liquid-cooled ultra-fast chargers, and 15 500-kilowatt dual-gun fast chargers.
According to the State Grid Suqian Power Supply Company, the ultra-fast chargers can deliver enough power for one kilometer of driving in just one second, without harming battery life, thanks to an intelligent system that automatically adjusts to each vehicle’s optimal current.
A microgrid is a localized power network typically composed of renewable energy sources such as solar and wind power, alongside energy storage systems. These systems can operate independently or in sync with the main grid, providing flexible, reliable and environmentally friendly energy.
“The project pioneers the use of several cutting-edge technologies, including solar tracking panels, micro-wind turbines and photovoltaic glass tiles,” said Hou Xiaobing, deputy director of the marketing department at the State Grid Suqian Power Supply Company.
According to the State Grid Jiangsu Electric Power Co., Ltd., Jiangsu has been actively developing diverse microgrid projects to accelerate the construction of new-generation power systems. Suqian, in particular, is exploring an integrated development model of a microgrid plus virtual power plant, aiming to further strengthen local power supply reliability while advancing the region’s low-carbon transformation.
China has channeled substantial investment into microgrids. According to the action plan on accelerating the construction of new power systems, local governments are encouraged to build smart microgrid projects that cater to regional needs. The country’s 14th five-year plan for modern energy systems also underscores the importance of microgrid construction.
Photo : This aerial drone photo taken on June 6, 2024 shows a solar photovoltaic system on the top of a corridor at a low(zero) carbon-dioxide emission industrial park in Sheyang, Yancheng, east China’s Jiangsu Province. (Xinhua/Yang Lei)