China
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးတရုတ်ဆေးပညာဆေးရုံကို ဒီဇင်ဘာလအတွင်း စတင်ဖွင့်လှစ်မည်

ဟောင်ကောင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ ပထမဆုံးသော တရုတ်ဆေးပညာဆေးရုံကို ဒီဇင်ဘာ ၁၁ ရက်တွင် အဆင့်လိုက်ဝန်ဆောင်မှုများဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း HKSAR အစိုးရ၏ ကျန်းမာရေးဗျူရိုနှင့် ဆေးရုံအော်ပရေတာ၏ အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆေးရုံကို HKSAR အစိုးရ၏ ရန်ပုံငွေအပြည့်အ၀ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင် တရုတ်ဆေးပညာဆေးရုံ (CMHHK) အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
ဆေးရုံ၏စီမံခန့်ခွဲမှု၊ လုပ်ငန်းလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုများကိုမူ ဟောင်ကောင်နှစ်ခြင်း ခရစ်ယာန်တက္ကသိုလ်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဝန်ဆောင်မှုစတင်ပေးသည့်ပထမဆုံးနှစ်တွင် CMHHK က ပြင်ပလူနာနှင့် နေ့စဥ်လူနာဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးမည်ဖြစ်သလို အထူးရောဂါအစီအစဉ် ၁၂ ခုနှင့်အတူ တရုတ်တိုင်းရင်းဆေးဝါး အထူးပြု ဝန်ဆောင်မှု ခြောက်ခုကိုလည်း အပြည့်အဝစတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရုတ်ဆေးဝါးဆေးရုံမှသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု များ၊ သင်ကြားရေးနှင့် လေ့ကျင့်ရေးအပါအဝင် လုပ်ငန်းများစွာကို တာဝန်ယူဆောင်ရွက်ပေးထား ကြောင်း ကျန်းမာရေးဗျူရိုမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ကျန်းဝေလျင်က ပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Hong Kong’s first Chinese medicine hospital to begin operations in December
HONG KONG, Oct. 15 (Xinhua) — Hong Kong’s first Chinese medicine hospital will commence services in phases starting from Dec. 11, according to the Health Bureau of the Hong Kong Special Administrative Region (HKSAR) government and the hospital operator Wednesday.
With its construction fully funded by the HKSAR government, the Chinese Medicine Hospital of Hong Kong (CMHHK) adopts a public-private partnership model. Hong Kong Baptist University will be responsible for the management, operation and maintenance of the hospital.
In the first year after its service commencement, the CMHHK will provide outpatient and day-patient services and fully launch six specialized traditional Chinese medicine services, along with 12 special disease programs.
Cheung Wai-lun, an official with the health bureau, said that the hospital is tasked with multiple functions, including medical services, teaching and training, as well as scientific research. ■
Photo:
Bakhtiyor (C), a Tajik student at the Gansu University of Chinese Medicine, treats a patient in Lanzhou, northwest China’s Gansu Province, July 27, 2023. (Xinhua/Fang Xin)