Connect with us

China

ဆဲလ်ကဲ့သို့ အနုစိတ်ဒြပ်မှုန်နှင့် ဆဲလ်များအား ပို့ဆောင်နိုင်သော မိုက်ခရိုစက်ရုပ်ကို တရုတ် သုတေသီများ ဒီဇိုင်းရေးဆွဲ

တရုတ်နိုင်ငံမြို့တော်၊ ပေကျင်း၌ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်ကမ္ဘာ့စက်ရုပ်ကွန်ဖရင့် (WRC 2022) ပြပွဲတွင် ခွဲစိတ်စက်ရုပ်တစ်ရုပ်ကို ကြည့်ရှုနေသော မိန်းကလေးတစ်ဦးကို ၂၀၂၂ ခုနှစ် သြဂုတ် ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်သုတေသီများက ဒြပ်မှုန်များ သို့မဟုတ် ဆဲလ်များကို ကိုင်တွယ်ခြင်း၊ ပို့ဆောင်ခြင်းနှင့် ထုတ်လွှတ်ခြင်းကဲ့သို့သော အနုစိတ်လှုပ်ရှားမှုများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် လူ့ဆံပင် တစ်ချောင်း၏အချင်းထက် ပိုမိုသေးငယ်သည့် ၄၀ မိုက်ခရိုမီတာခန့် အရွယ်အစားသာရှိသော သုံးဖက်မြင်လက်ပုံစံ မိုက်ခရိုစက်ရုပ်ကို တီထွင်နိုင်ခဲ့ကြောင်း အထူးထုတ်လုပ်မှုများဆိုင်ရာ နိုင်ငံတကာဂျာနယ်တွင် ဖော်ပြထားသော သုတေသနဆောင်းပါးတစ်ပုဒ်အရ သိရသည်။
မိုက်ခရိုစက်ရုပ်များမှာ ကနဦးရောဂါရှာဖွေခြင်းနှင့် အနုစိတ်ဆေးပညာတွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသလို ဇီဝဆေးပညာနှင့် အဏုစိတ်ကိုင်တွယ်ခွဲစိတ်မှုများကို ထိန်းချုပ်လုပ်ကိုင်ရန် များပြားလှသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိနေသည်။
သို့ရာတွင် လက်ရှိ မိုက်ခရိုစက်ရုပ်အများစုမှာ ယင်းတို့၏ ထုတ်လုပ်ခြင်းဖြစ်စဉ်ကို အဓိက ဖွဲ့စည်းမှု အဖြစ် တွန်းအားပေးစေ့ဆော်သော မော်ဂျူးတစ်ခုအပေါ်တွင်သာ အာရုံစိုက်ထားမှုနှင့်အတူ တစ်ခု တည်းသော ရုပ်၀တ္ထုပစ္စည်းစနစ်တစ်ခုသာပါဝင်နေကြောင်း သုတေသနဆောင်းပါးတွင် အလေးထား ဖော်ပြထားသည်။ ထို့ကြောင့် ရှုပ်ထွေးသော အလုပ်တာဝန်များကို ဖြည့်ဆည်းရန်လိုအပ်သည့် မိုက်ခရို စက်ရုပ်တစ်ခုတွင် ကွဲပြားခြားနားသောလုပ်ဆောင်ချက်များ ပေါင်းစပ်လုပ်ကိုင်နိုင်ရေးကို တားဆီးထားသကဲ့သို့ ဖြစ်နေသည်။
တရုတ်သိပ္ပံအကယ်ဒမီ (CAS) ၏ ရူပဗေဒနှင့် ဓာတုဗေဒနည်းပညာအင်စတီကျုမှ သုတေသီများကမူ PH ဓာတ်ကို တုံ့ပြန်နိုင်သည့် ဖမ်းယူထားသောမော်ဂျူးနှင့် သံလိုက်ဓာတ်ကိုတုံ့ပြန်နိုင်သည့် သယ်ယူ ပို့ဆောင်ရေးမော်ဂျူးစသည့် အစိတ်အပိုင်းများပါဝင်ပြီး femtosecond laser တိုက်ရိုက်ရေးသည့် နည်းပညာပေါ်တွင် အခြေခံထားသော ရုပ်ဝတ္ထုပစ္စည်းစုံနှင့် မော်ဂျူးစုံ လက်ပုံစံ မိုက်ခရိုစက်ရုပ်များကို ဖန်တီးထုတ်လုပ်ရန် အဆိုပြုခဲ့ကြသည်။
အဆိုပါ မိုက်ခရိုစက်ရုပ်များအား ဆဲလ်များကို ကိုင်တွယ်ထိန်းချုပ်ခြင်း၊ အနုစိတ်ကုသမှုများအတွက် လိုအပ်သောဆေးဝါးများကို ပို့ဆောင်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသော ကုသမှုများတွင် အသုံးပြုရန် သုတေသီများက အလေးထားမျှော်လင့်နေကြခြင်းလည်း ဖြစ်သည်။ (Xinhua)
…………………..
(English Version)
Chinese researchers design microrobot for precise particle, cell delivery
BEIJING, Oct. 16 (Xinhua) — Chinese researchers have developed a 3D hand-shaped microrobot measuring about 40 micrometers, smaller than the diameter of a human hair, to achieve precise movements such as the grasping, delivering and releasing of particles or cells, according to a research article published in the International Journal of Extreme Manufacturing.
Microrobots play an essential role in early diagnosis and precision medicine, given increasing demands for controllability in bio-medicine and micromanipulation.
However, most microrobots currently consist of a single material system, with their fabrication process focused on a driving module as the main structure, the research article noted. This hinders integration of diverse functions in one microrobot, which is necessary to fulfill complex applications.
The researchers from the Technical Institute of Physics and Chemistry of the Chinese Academy of Sciences (CAS) proposed a multi-material and multi-module hand-microrobot based on femtosecond laser direct writing technology, which features a pH-responsive capturing module and a magnetic-responsive transportation module.
Notably, researchers expect this microrobot to be used for manipulation of cells, delivery of drugs for precise treatment, and in environmental treatment. ■
Photo:
A girl looks at a surgery robot during an expo of the World Robot Conference 2022 (WRC 2022) in Beijing, capital of China, Aug. 18, 2022. (Xinhua/Ren Chao)