Connect with us

China

ပေကျင်း-ဒိုဟာတိုက်ရိုက်လမ်းကြောင်းကို China Southern လေကြောင်းလိုင်း စတင်ပြေးဆွဲ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ကွမ်ကျိုး ပိုင်ယွင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern လေကြောင်းလိုင်းမှ ပြေးဆွဲသော C919 ခရီးသည်တင် ဂျက်လေယာဉ်တစ်စင်း ပျံတက်နေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
China Southern လေကြောင်းလိုင်း၏ တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှ စတင်ပျံသန်းသည့် ပထမဆုံးခရီးစဉ်သည် ကာတာနိုင်ငံ မြို့တော်ဒိုဟာရှိ ဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၁၆ ရက်က ချောချောမွေ့မွေ့ ဆင်းသက်ခဲ့ပြီး China Southern လေကြောင်းလိုင်းမှ ပေကျင်း-ဒိုဟာ တိုက်ရိုက်လမ်းကြောင်းကို ပထမဆုံးစတင်ပျံသန်းပြေးဆွဲခြင်း အထိမ်းအမှတ်ဖြစ်စေခဲ့သည်။
“ပေကျင်း-ဒိုဟာ လမ်းကြောင်းကို ပြေးဆွဲခြင်းဟာ ကျွန်တော်တို့ရဲ့ အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ တက်ကြွမှုအသစ်ကို ဖြည့်တင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီတိုက်ရိုက်ပြေးဆွဲမှုက နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလာရေးကို ပိုမိုအထောက်အကူပြုပါလိမ့်မယ်” ဟု ကာတာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Cao Xiaolin က တိုက်ရိုက်လမ်းကြောင်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
သံအမတ်ကြီး၏ အဆိုအရ လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်-ကာတာလေကြောင်း ပူးပေါင်းဆောင်ရွက်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး နှစ်နိုင်ငံကြား တိုက်ရိုက်ပျံသန်းမှုခရီးစဉ် အကြိမ်ရေနှင့် အရေအတွက် တည်ငြိမ်စွာ တိုးမြင့်လာခဲ့ကြောင်း သိရသည်။
China Southern လေကြောင်းလိုင်း၏ ဒိုဟာရုံးခွဲ၏ အထွေထွေမန်နေဂျာ Wang Yanchao က အဆိုပါတိုက်ရိုက်လမ်းကြောင်းဖွင့်လှစ်ခြင်းသည် ခရီးသွားဧည့်သည်များအတွက် ပိုမိုအဆင်ပြေသောရွေးချယ်မှုများကို ပေးစွမ်းရုံသာမက တရုတ်-ကာတာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပြင် စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများကိုလည်း ပိုမိုတိုးတက်စေမည်ဟု ပြောကြားခဲ့သည်။
“ဒီနေ့ဟာ ကာတာနဲ့ တရုတ်ကြား ဆက်ဆံရေးကို ခိုင်မာစေမယ့် ခြေလှမ်းသစ်တစ်ခုပါပဲ၊ ဒီတိုက်ရိုက်လမ်းကြောင်းက ကျွန်တော်တို့ကို ပိုမိုနီးကပ်စေပြီး ကျွန်တော်တို့ရဲ့ နိုင်ငံတွေဆီ ဝင်ခွင့်ကို တိုးမြှင့်ပေးပါတယ်” ဟု ဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် Hamad Al Khater က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
China Southern Airlines launches direct air route between Beijing, Doha
DOHA, Oct. 16 (Xinhua) — A China Southern Airlines inaugural flight from Beijing landed smoothly at Hamad International Airport in Doha on Thursday, marking the launch of a direct Beijing-Doha route by the Chinese carrier.
“The launch of Beijing-Doha route injects new vitality into our mutually-beneficial cooperation. It will further help promote trade, cultural exchange, and travel between our two countries,” Chinese Ambassador to Qatar Cao Xiaolin said at the celebration ceremony.
According to the ambassador, rapid progress has been made in China-Qatar cooperation in the field of aviation over past years, with a steady rise in both the number and frequency of direct flights between the two countries.
Wang Yanchao, general manager of China Southern Airlines’ Doha office, said the opening of the direct route would not only offer travelers more convenient choices, but also further promote China-Qatar friendship and cooperation as well as economic and cultural exchanges.
“Today marks a new step in strengthening ties between Qatar and China … This direct route brings us closer and increases access between our nations,” said Hamad Al Khater, chief operating officer of Hamad International Airport. ■
English Caption
A C919 passenger jet operated by the China Southern Airlines takes off from Guangzhou Baiyun International Airport in south China’s Guangdong Province, Jan. 14, 2025. (Xinhua/Wang Ruiping)