China
မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ၈ ကြိမ်မြောက် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ် ကျမ်းသစ္စာကျိန်ဆို

မကာအို၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ အဋ္ဌမအကြိမ်မြောက် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ အားလုံး အောက်တိုဘာ ၁၆ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး Cheong Weng Chon က ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရသည်။
အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲကို မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Sam Hou Fai က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များကလည်း အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၏ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
အဋ္ဌမအကြိမ် ဥပဒေပြုလွှတ်တော် ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကိုလည်း အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ Cheong က ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Sam ကလည်း အဋ္ဌမအကြိမ် ဥပဒေပြုလွှတ်တော်၏ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသော လွှတ်တော်ဥက္ကဋ္ဌသစ်၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ဥပဒေပြုလွှတ်တော်အသစ်တွင် ပိုမိုအမျိုးစုံလင်သောဖွဲ့စည်းပုံနှင့် ပို၍ဟန်ချက်ညီသောတည်ဆောက်မှု ရှိပြီး ယင်း၏ကျယ်ပြန့်သောကိုယ်စားပြုမှုနှင့် အလုံးစုံစွမ်းဆောင်နိုင်မှုကို အပြည့်အဝ ပြသလျက်ရှိကြောင်း Sam က ပြောကြားခဲ့သည်။
လွှတ်တော်သက်တမ်းအသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ဥပဒေပြုပုဂ္ဂိုလ်များအနေဖြင့်လည်း နိုင်ငံရေးဆိုင်ရာလမ်းညွှန်မှု၊ ဥပဒေပြုရေးဆိုင်ရာ ကြီးကြပ်မှုများတွင် အဓိကတံတားတစ်စင်းအဖြစ် လွှတ်တော်၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာအားကောင်းလာစေမည်ဟု မျှော်လင့်ထားကြောင်း Sam က ပြောကြားခဲ့သည်။
အဋ္ဌမအကြိမ် ဥပဒေပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကို စက်တင်ဘာ ၁၄ ရက်က ကျင်းပခဲ့ပြီး တိုက်ရိုက်ရွေးချယ်ခံရသူ ၁၄ ဦး၊ ကိုယ်စားလှယ်အဖွဲ့အစည်းမှတစ်ဆင့် သွယ်ဝိုက်သောအားဖြင့် ရွေးချယ်ခံရသူ ၁၂ ဦးရှိခဲ့သည်။ ကျန်ကိုယ်စားလှယ်လောင်းနေရာ ၇ ဦးကိုမူ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးက ခန့်အပ်ခဲ့သည်။ အဋ္ဌမအကြိမ်မြောက် ဥပဒေပြု လွှတ်တော်၏ သက်တမ်းမှာ လေးနှစ်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Members of Macao SAR 8th Legislative Assembly sworn in
MACAO, Oct. 16 (Xinhua) — All members of the eighth Legislative Assembly of the Macao Special Administrative Region (SAR) were sworn in on Thursday, and Cheong Weng Chon was elected as the legislature’s president.
Administered by Macao SAR Chief Executive Sam Hou Fai, the legislators took the oath of office in accordance with the Law on Oath-taking, in the presence of guests attending the ceremony.
The eighth Legislative Assembly held its first plenary session on Thursday afternoon. Cheong was elected as the president and then took the oath of office.
Sam met with the newly sworn-in president and members of the eighth Legislative Assembly. He said that the new legislature has a more diverse composition and a more balanced structure, fully demonstrating its broad representation and overall competence.
He also expressed hope that the new-term legislators would further strengthen the assembly’s role in political guidance, legislative oversight, and as a key bridge.
The election for the eighth Legislative Assembly was held on Sept. 14, having 14 directly elected and 12 indirectly elected seats. The chief executive of the Macao SAR appointed seven other members.
The term of office of the eighth Legislative Assembly is four years. ■
Photo:
Staff members open ballot boxes to count the votes after the end of voting for the eighth Legislative Assembly Election of the Macao Special Administrative Region (SAR) at a polling station in Macao, south China, Sept. 14, 2025. (Xinhua)