Connect with us

China

၂၀၂၉ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံ၏ အရပ်ဘက်ရဟတ်ယာဉ်အစင်းရေ ၁,၇၀၀ ထက်ကျော်လွန်လာမည်ဟု ခန့်မှန်းထား

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့ရှိ တရုတ် လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (AVIC) ထျန်းကျင်းရဟတ်ယာဥ်ကုမ္ပဏီလီမိတက်မှ AC332 အမျိုးအစားရဟတ်ယာဥ်တစ်စင်းတွင် ဝန်ထမ်းတစ်ဦးက ပစ္စည်းအစိတ်အပိုင်းများတပ်ဆင်နေမှုကို ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ထျန်းကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရပ်ဘက်ရဟတ်ယာဉ်အရေအတွက်မှာ လာမည့် ၂၀၂၉ ခုနှစ်မတိုင်မီ အစင်းရေ ၁,၇၀၀ ထက် ကျော်လွန်ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း လေကြောင်းသုတေသနစင်တာ တစ်ခုမှ ထုတ်ပြန်သော နှစ်စဉ်ခန့်မှန်းချက်အရသိရသည်။
အဆိုပါအစီရင်ခံစာကို တရုတ် လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရပ်ဘက်လေယာဉ် စနစ်များ အင်ဂျင်နီယာဆိုင်ရာသုတေသနစင်တာက ပုံနှိပ်ပြီး ၂၀၂၅ ခုနှစ် တရုတ် ရဟတ်ယာဉ် ဖွံဖြိုး တိုးတက်မှုဖိုရမ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင် အမျိုးသား အရပ်ဘက်ရဟတ်ယာဉ်စျေးကွက်ဆိုင်ရာ ၁၀ နှစ်သက်တမ်းရှိ အလားအလာကိုတင်ပြထားသလို ၂၀၃၄ ခုနှစ်အရောက်တွင် စုစုပေါင်း ရဟတ်ယာဉ်အစင်းရေ ၂,၀၀၀ ထက် ကျော်လွန်ရောက်ရှိသွားမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
သို့ရာတွင် ရဟတ်ယာဉ်အစင်းရေတိုးချဲ့မှုနှုန်းမှာ ၂၀၃၀ ပြည့်နှစ်နောက်ပိုင်းတွင် နှေးကွေး သွားမည်ဟုမျှော်လင့်ထားပြီး ထိုကဲ့သို့ဖြစ်ရခြင်းမှာ ဒရုန်းများ၊ ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော လျှပ်စစ်ယာဉ်ပျံ eVTOL များကဲ့သို့ တိုးတက်လာသည့် ဝေဟင်နိမ့်နည်းပညာကဏ္ဍတွင် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ်ရှိမှုနှင့် တစ်စိတ်တစ်ဒေသအားဖြင့် သက်ဆိုင်လျက်ရှိကြောင်း သိရသည်။
ယခုအစီရင်ခံစာက တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တည်ဆောက်ခြင်းနှင့် ယင်း၏ ဝေဟင်နိမ့်စီးပွားရေး အလျင်အမြန်တိုးချဲ့လာမှုက ကျောထောက်နောက်ခံပြုထားသော အလားအလာတစ်ခုဖြစ်သည့် အရပ်ဘက်ရဟတ်ယာဉ်ပျံသန်းမှုနာရီများတွင်လည်း ပုံမှန်တိုးတက်မှုရှိနေကြောင်း ညွှန်ပြထားသည်။ စုစုပေါင်း နှစ်စဉ်ပျံသန်းမှုကြာမြင့်ချိန်မှာ ၂၀၂၉ ခုနှစ်မတိုင်မီတွင် နာရီပေါင်း ၃၀၀,၀၀၀၊ ၂၀၃၄ ခုနှစ်အ ရောက်တွင် နာရီပေါင်း ၃၇၀,၀၀၀ အထိ ရောက်ရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။
၂၀၂၄ ခုနှစ်အကုန်တွင် တရုတ်နိုင်ငံ၏ အရပ်ဘက်ရဟတ်ယာဉ်အရေအတွက်မှာ ၁,၄၀၃ စင်းအထိ တိုးတက်များပြားလာခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၂.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။ လေယာဉ်အုပ်စု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသော အပေါ့စား ရဟတ်ယာဉ်အရေအတွက်က ဆက်လက်လွှမ်းမိုးထားကြောင်းလည်း သိရသည်။ (Xinhua)
……………………
(English Version)
China’s civil helicopter fleet to exceed 1,700 by 2029
TIANJIN, Oct. 16 (Xinhua)
China’s civil helicopter fleet is projected to grow to more than 1,700 aircraft by 2029, according to an annual forecast released by an aviation research center on Wednesday.
The report was published by the Aviation Industry Corporation of China (AVIC) Civil Aircraft Systems Engineering Research Center and was unveiled at the China Helicopter Development Forum 2025.It offers a 10-year outlook for the national civil helicopter market, forecasting that the total fleet will surpass 2,000 units by 2034. However, fleet expansion is expected to slow after 2030, partly due to growing competition from advanced low-altitude technologies such as drones and electric vertical take-off and landing (eVTOL) aircraft.The report also indicates a steady increase in civil helicopter flight hours — a trend underpinned by China’s economic restructuring and the rapid expansion of its low-altitude economy. Total annual flight hours are projected to surpass 300,000 by 2029, and to reach 370,000 by 2034.By the end of 2024, China’s civil helicopter fleet had expanded to 1,403 aircraft, which was a year-on-year increase of 2.3 percent. Light helicopters continued to dominate, accounting for more than 40 percent of the fleet. ■
Photo:
A staff member assembles an AC332 civil helicopter at the Aviation Industry Corporation of China (AVIC) Tianjin Helicopter Co., Ltd. in north China’s Tianjin, June 20, 2023. (Xinhua/Sun Fanyue)