Connect with us

China

ဘင်္ဂလားဒေ့ရှ်၌ ပဉ္စမအကြိမ်မြောက် တရုတ်ဘာသာစကား ပညာရေးဖိုရမ် ကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြို့တော်ဒါကာ၌ ကုလသမဂ္ဂတရုတ်ဘာသာစကားနေ့ အခမ်းအနားအတွင်း တရုတ်စာလုံးများဖြင့် ဂိမ်းကစားပွဲတစ်ခု ဆော့ကစားနေကြသည့် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပဉ္စမအကြိမ်မြောက် တရုတ်ဘာသာစကား ပညာရေးဖိုရမ်ကို မြို့တော်ဒါကာ၌ မကြာသေးမီက ကျင်းပခဲ့သည်။
အဆိုပါဖိုရမ်သို့ ပညာရေးတာဝန်ရှိသူများ၊ ပညာရှင်များ၊ ဆရာ၊ ဆရာမများနှင့် နှစ်နိုင်ငံမှ တရုတ်ဘာသာစကား လေ့လာသင်ယူနေသူများ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဒါကာတက္ကသိုလ်၏ ဒုတိယအဓိပတိဖြစ်သူ Sayema Haque Bidisha က ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ တရုတ်ဘာသာစကားပညာရေးအဖွဲ့အစည်းများ ပေါင်းစည်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အရင်းအမြစ်ခွဲဝေမှုမြှင့်တင်ရေးနှင့် နိုင်ငံအတွင်း တရုတ်စာသင်ကြားမှု အလုံးစုံအဆင့်မြှင့်တင်ရေးတွင် တက်ကြွစွာပါဝင်ကူညီမှုများ ပြုလုပ်ရေးတို့တွင် ကွန်ဖြူးရှပ်အင်စတီကျု၏ အဓိကအချက်အချာကျသည့် ပေါင်းကူးဆက်ဆံရေးကဏ္ဍကို ၎င်း၏မိန့်ခွန်းတွင် ချီးကျူးဂုဏ်ပြုခဲ့သည်။
တရုတ်ဘာသာစကားလေ့လာမှုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများအနေဖြင့် တရုတ်နိုင်ငံ၏ ကြွယ်ဝသော သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုနားလည်သဘောပေါက်နိုင်ပြီး အနာဂတ်တွင် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် အုတ်မြစ်ချပေးမည်ဖြစ်ကြောင်း Bidisha က ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားအတွင်း ဘင်္ဂလားဒေ့ရှ် တရုတ်ဘာသာစကားဆရာများအသင်းကို တည်ထောင်ရန် အစပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
5th forum on Chinese language education held in Bangladesh
DHAKA, Oct. 17 (Xinhua) — The 5th Forum on Chinese language education in Bangladesh was held here recently.
The forum brought together over 100 participants, including education officials, scholars, teachers, and Chinese language learners from both countries.
In her speech, Sayema Haque Bidisha, pro-vice chancellor of the University of Dhaka, highly commended the Confucius Institute’s central and bridging role in uniting Chinese language education institutions across Bangladesh, promoting cooperation and resource sharing, and making active contributions to improving the overall standard of Chinese teaching in the country.
Bidisha noted that through learning Chinese, Bangladeshi students can gain a deeper understanding of China’s rich history, culture, and modern development, laying a foundation for deeper cooperation between the two nations in the future.
During the event, an initiative was launched to establish the Bangladesh Chinese Language Teachers Association. ■
English Caption
Bangladeshi students play a game of Chinese characters during a celebration of the United Nations Chinese Language Day in Dhaka, Bangladesh, on April 25, 2024. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.