China
နိုင်ငံတကာကြွေထည်ကုန်စည်ပြပွဲကို တရုတ်နိုင်ငံသမိုင်းဝင်ကြွေထည်ဗဟိုနေရာ၌ ဖွင့်လှစ်

နန်ချန်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းက ကြွေထည်မြို့တော်အဖြစ်ထင်ရှားသော ကျင်တယ်ကျန့်မြို့တွင် အောက်တိုဘာ ၁၈ ရက်က ၂၀၂၅ ကျင်တယ်ကျန့် နိုင်ငံတကာကြွေထည်ကုန်စည်ပြပွဲကို ဖွင့်လှစ်ခဲ့ရာ ပြည်တွင်းပြည်ပမှ ဝယ်ယူသူ ၁,၀၀၀ ကျော်ကိုဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။
စတုရန်းမီတာ ၁၄၀,၀၀၀ အကျယ်အဝန်းရှိပြီး ငါးရက်ကြာကျင်းပမည့်အဆိုပါပွဲတော်တွင် အီတလီ၊ ဂျာမနီနှင့်ရုရှားနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ပါဝင်ပြသသူများ အတူတကွ ပါဝင်ပြသကြမည်ဖြစ်သည်။ ပြပွဲတွင် အဓိကအကြောင်းအရာ ရှစ်ခုပါဝင်သည့် ပြပွဲဇုန်များတွင် ကြွေထည်မြေထည်လုပ်ငန်းနယ်ပယ် အပြည့်အဝပြသမည်ဖြစ်ပြီး ရိုးရာအကောင်းဆုံးလက်ရာများမှ ခေတ်ပေါ်ဒီဇိုင်းများအထိ ပါဝင်ကြောင်း သိရသည်။
ဆွေးနွေပွဲများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစည်းဝေးအများနှင့် ရောင်းသူဝယ်ယူ ချိတ်ဆက်ပေးသည့်ပွဲများ အပါအဝင် လှုပ်ရှားမှုများစွာ တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း စီစဥ်သူများက ပြောကြားခဲ့သည်။ ယခုနှစ်အတွက် ထူးထူးခြားခြားစီစဥ်မှုမှာ မြို့ပြဘဝနှင့် ကြွေထည်ယဥ်ကျေးမှု ရောစပ်ပုံဖော်ထားသည့် ပွဲဦးထွက် ကမ္ဘာ့ကြွေထည်မြေထည်ပွဲတော် ဖြစ်ကြောင်းသိရသည်။
ကျင်တယ်ကျန့်မြို့သည် အထူးသဖြင့် နိုင်ငံပေါင်း ၇၂ နိုင်ငံရှိ မြို့ကြီး ၁၈၀ ကျော်နှင့်မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ထားသည်။၂၀၂၄ ခုနှစ်တွင် ပထမဆုံး စတင်ခဲ့သည့် အဆိုပါ ကုန်စည်ပြပွဲသည် နိုင်ငံတကာယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊ ကြွေထည်ကုန်သွယ်ရေးနှင့် ကမ္ဘာ့စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကပလက်ဖောင်းတစ်ခုအဖြစ် တိုးတက်လာခဲ့ပြီဖြစ်သည်။
လွန်ခဲ့သည့်နှစ်က ကျင်တယ်ကျန့်မြို့၏ကြွေထည်လုပ်ငန်းသည် ထုတ်လုပ်မှုတန်ဖိုး ယွမ် ၉၃ ဘီလီယံကျော် (အမေရိကန် ၁၃.၁ ဘီလီယံခန့်) ရရှိခဲ့ကာ နှစ်စဥ် ၉ ရာခိုင်နှုန်းကျော်လွန် တိုးတက်လာခဲ့ပြီး နိုင်ငံနှင့်ဒေသပေါင်း ၈၀ ကျော်သို့ ထုတ်ကုန်များတင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
International ceramics expo opens in China’s historic porcelain hub
NANCHANG, Oct. 18 (Xinhua) — The 2025 China Jingdezhen International Ceramic Expo opened on Saturday in Jingdezhen, an eastern Chinese city famed as the “porcelain capital,” attracting more than 1,000 buyers from home and abroad.
The five-day event spans 140,000 square meters and has brought together exhibitors from over 30 countries, including Italy, Germany and Russia. The expo features eight themed exhibition zones showcasing the full spectrum of the ceramics industry, ranging from traditional masterpieces to contemporary designs.
Organizers said the expo will also host a series of activities, such as forums, investment promotion conferences and procurement matchmaking events. A highlight of this year’s edition is the debut of a global ceramics carnival that blends ceramic culture with urban life.
Jingdezhen, notably, has established partnership ties with over 180 cities in 72 countries. First launched in 2004, the expo has grown into a key platform for international cultural exchange, ceramics trade and global industry investment.
Last year, Jingdezhen’s ceramics industry reported an output value of more than 93 billion yuan (about 13.1 billion U.S. dollars), marking yearly growth exceeding 9 percent, with products exported to more than 80 countries and regions.
Photo : This photo shows a piece of porcelain artwork at a museum in Jingdezhen, east China’s Jiangxi Province, June 5, 2024. (Xinhua/Liu Lihang)