Connect with us

China

တရုတ်နိုင်ငံ၏လက်လီရောင်းချမှု ပထမသုံးလပတ်ကာလ သုံးခုအတွင်း ၄.၅ ရာခိုင်နှုန်းတက်လာ

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းရှိ Tianjin Quanye စျေးအပြင်ဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စားသုံးကုန်လက်လီ‌ရောင်းချမှု ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလသုံးခုတွင် ယမန်နှစ် အလားတူကာလထက် ၄.၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက အောက်တိုဘာ ၂၁ ရက်ထုတ် အချက်အလက်များ၌ ဖော်ပြခဲ့သည်။
အဆိုပါကာလအတွင်း နိုင်ငံ၏ စားသုံးကုန်လက်လီအရောင်း စုစုပေါင်း ယွမ် ၃၆.၅၈၇၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၁၆ ထရီလီယံခန့်) ရှိခဲ့ကြောင်း NBS အချက်အလက်များက ဖော်ပြခဲ့သည်။
အဆိုပါ တိုးတက်မှုနှုန်းသည် ယမန်နှစ်အလားတူကာလထက် ပွိုင့် ၁.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း NBS ၏တာဝန်ရှိသူတစ်ဦးဖြစ်သူ ယွီကျန့်ရွှင်းက ပြောကြားခဲ့သည်။
စက်တင်ဘာတွင် လက်လီ‌ရောင်းချမှုမှာ ယမန်နှစ် ကာလတူထက် ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ဝန်ဆောင်မှုမြှင့်တင်ရေးတိုးမြှင့်ရန် လုပ်ဆောင်ခဲ့သည့် မူဝါဒများကြောင့် စျေးကွက်ကြီးထွားမှုကို အားကောင်းသန်မာစေသည့် ဝယ်လိုအားလိုအပ်ချက်များထွက်ပေါ်လာစေကြောင်း Yu က ပြောကြားခဲ့သည်။
ပထမသုံးလပတ်ကာလသုံးခုတွင် ဝန်ဆောင်မှုကဏ္ဍ၏ လက်လီ‌ရောင်းချမှုများအနေဖြင့် ယမန်နှစ် ကာလတူကထက် ၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စားသုံးကုန်လက်လီရောင်းချမှု ကြီးထွားမှုနှုန်း ရာခိုင်နှုန်းပွိုင့် ၀.၆ ကျော်လွန်ခဲ့သည်။
မြို့ပြတွင် ဇန်နဝါရီမှ စက်တင်ဘာအထိ စားသုံးကုန်လက်လီရောင်းချမှုမှာ ယမန်နှစ်အလားတူကာလထက် ၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကျေးလက်ဒေသများတွင် လက်လီရောင်းချမှု ၄.၆ ရာခိုင်နှုန်း ကျယ်ပြန့်လာခဲ့သည်။
အွန်လိုင်းမှလက်လီရောင်းချမှုသည်လည်း ဆက်လက်အားကောင်းခဲ့ပြီး ယခုနှစ် ပထမ ကိုးလအတွင်း ယမန်နှစ်အလားတူကာလထက် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။
ယွီ၏အဆိုအရ ယခုနှစ်အတွက် စားသုံးမှုမြှင့်တင်‌ရေးမူဝါဒများ၏ ပံ့ပိုးမှုကြောင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုထောက်ပံ့မှုတိုးတက်ခဲ့ပြီး ဝယ်လိုအား တည်တည်ငြိမ်ငြိမ်ဖြင့် မြင့်တက်လာစေပြီး စားသုံးသူစျေးကွက်ကို ကျယ်ပြန့်စေကာ အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အိမ်ထောင်စုများ၏ စားသုံးလိုစိတ်ကိုမြှင့်တင်ရန်နှင့် သုံးစွဲမှုအလားအလာကိုလမ်းဖွင့်ပေးရန်အတွက် လိုအပ်မှုများ ရှိနေသေးကြောင်း ယွီ မှတ်ချက်ပြုခဲ့သည်။
စားသုံးသူစျေးကွက် အဆင့်မြင့်ဖွံဖြိုးတိုးတက်မှုကိုအားပေးရန် စားသုံးမှုမြှင့်တင်ရေးလုပ်ဆောင်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်နှင့်ဝင်ငွေတည်ငြိမ်စေခြင်း၊ ကွဲပြားသော စားသုံးမှု အနာဂတ်ဖြစ်နိုင်ခြေများ ဖန်တီးလုပ်ဆောင်ခြင်းနှင့် စားသုံးမှုဝန်ဆောင်မှု ကျယ်ပြန့်စေခြင်း လုပ်ဆောင်ချက်များ ပြုလုပ်သင့်ကြောင်း ယွီက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
China’s retail sales up 4.5 pct in first three quarters
BEIJING, Oct. 20 (Xinhua) — China’s retail sales of consumer goods went up 4.5 percent year on year in the first three quarters of 2025, data from the National Bureau of Statistics (NBS) showed Monday.
The country’s retail sales of consumer goods totaled 36.5877 trillion yuan (about 5.16 trillion U.S. dollars) during the period, data from the NBS showed.
The growth rate was 1.2 percentage points higher than that during the same period last year, said Yu Jianxun, an official with the NBS.
In September, retail sales rose 3 percent year on year.
As policy measures to boost service consumption took effect, pent-up demand was released, which translated into stronger market growth, Yu said.
In the first three quarters, retail sales in the service sector rose 5.2 percent year on year, outpacing the growth rate of goods retail sales by 0.6 percentage points.
From January to September, retail sales of consumer goods in urban areas rose 4.4 percent year on year, while retail sales in rural areas expanded 4.6 percent year on year.
Online retail sales remained a bright spot, climbing 9.8 percent year on year in the first nine months, the NBS data showed.
Supported by consumption-boosting policies this year, the supply of goods and services has improved, steadily unleashing demand and leading to an expanded and upgraded consumer market, according to Yu.
Yu also noted that there is still room to boost the consumption appetite of households and unlock their spending potential.
To foster high-quality development of the consumer market, efforts should focus on implementing consumption-boosting measures, stabilizing employment and incomes, creating diverse consumption scenarios, and expanding service consumption, Yu said.
An aerial drone photo taken on Oct. 11, 2025 shows an exterior view of the Tianjin Quanye Bazaar in Tianjin, north China. (Xinhua/Zhao Zishuo)