Connect with us

China

တရုတ်နိုင်ငံကိုယ်စားပြု ဝမ်နှင့် စွန်း တို့ WTT Champions Montpellier ပြိုင်ပွဲမှ နုတ်ထွက်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံချင့်မြို့၌ပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် ချုံချင့်ချန်ပီယံများပြိုင်ပွဲ(WTT Champions Chongqing 2025)၏ ဆုပေးပွဲအခမ်းအနားတွင် တရုတ် နိုင်ငံကိုယ်စားပြုကစားသမားများဖြစ်သည့် စွန်းရင်ဆား(ဝဲ)နှင့် ဝမ်ချူချင်းတို့အား ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံကိုယ်စားပြု ကမ္ဘာ့အဆင့်နံပါတ် ၁ ကစားသမားများဖြစ်သည့် ဝမ်ချူချင်း နှင့် စွန်းရင်ဆား တို့အပါအဝင် ကစားသမား ၆ ဦးသည် လာမည့်သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၊ မောင့်ပယ် လီယာမြို့၌ကျင်းပမည့် WTT Champions Montpellier ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ကြောင်း ကမ္ဘာ့စားပွဲ တင် တင်းနစ်အဖွဲ့ချုပ် (WTT)က အောက်တိုဘာ ၂၁ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မကြာသေးမီက အိန္ဒိယနိုင်ငံ ဘူဘာနက်စ်တွင် ကျင်းပခဲ့သော ၂၈ ကြိမ်မြောက် အာရှစားပွဲတင် တင်းနစ်ချန်ပီယံရှစ်အသင်းလိုက်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအတွက် အမျိုးသားနှင့် အမျိုးသမီးအသင်းလိုက် ချန်ပီယံဆုများ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အဓိကကစားသမားများဖြစ်သော ဝမ်၊ စွန်း ၊ လျင်ရှီးတုန်း၊ လျန်ကျင့်ခွန်း နှင့် ဝမ်မန့်ယွိ တို့အပါအဝင် ဂျပန်နိုင်ငံမှ ရှန်ဆူကီတိုဂါမီတို့ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
အလားတူ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် လျန် ၏နေရာ၌ တစ်နိုင်ငံတည်းသား တရုတ်စားပွဲတင် တင်းနစ်ကစားသမား ဝန်းရွှေ့ပေါ် က အစားထိုးယှဥ်ပြိုင်မည်ဖြစ်ကြောင်း WTT က ကြေညာခဲ့သည်။
WTT Champions Montpellier ပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်မှ မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပ မည်ဖြစ်သည်။ (Xinhua)
…………………
(English Version)
China’s Wang, Sun pull out of WTT Champions Montpellier
BEIJING, Oct. 21 (Xinhua)
The World Table Tennis (WTT) announced Tuesday that six players, including world No. 1s Wang Chuqin and Sun Yingsha of China, have withdrawn from next week’s WTT Champions Montpellier.
The withdrawing players include Wang, Sun, Lin Shidong, Liang Jingkun and Wang Manyu, the key players that powered China to both men’s and women’s team titles at the recently concluded ITTF-ATTU 28th Asian Table Tennis Team Championships in Bhubaneswar of India, and Japan’s Shunsuke Togami.
The WTT also announced the replacements, with fellow Chinese Wen Ruibo replacing Liang in the men’s singles.
The WTT Champions Montpellier will take place from October 28 to November 2. ■
Photo:
Sun Yingsha (L) and Wang Chuqin of China pose for photos during the awarding ceremony of the WTT Champions Chongqing 2025 in Chongqing, southwest China, March 16, 2025. (Xinhua/Huang Wei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.