China
တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးစဥ်များ ပထမသုံးလပတ်ကာလ သုံးခုအတွင်း ၁၈ ရာခိုင်နှုန်း မြင့်တက်လာ

ပေကျင်း၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ပြည်တွင်းခရီးသွားခရီးစဥ်ပေါင်း ၅ ဘီလီယံနီးပါးအထိ စံချိန်တင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ သိရသည်။
ကိုးလတာကာလအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များက စုစုပေါင်း ယွမ် ၄.၈၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၈၄ ဘီလီယံခန့်) သုံးစွဲခဲ့ကြပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ၁၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
အချက်အလက်များအရ မြို့ပြတွင် နေထိုင်သူများက တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် ခရီးသွားလာသူများအဖြစ် ဆက်လက်တည်ရှိနေကြောင်းသိရသည်။ အဆိုပါမြို့ပြ နေထိုင်သူများက ခရီးစဉ် ၃.၈ ဘီလီယံနီးပါး သွားလာခဲ့ကြသလို စုစုပေါင်း ယွမ် ၄.၀၅ ထရီလီယံအထိ သုံးစွဲခဲ့ကြကြောင်းလည်း အချက်အလက်များအရ သိရသည်။
ထူးခြားမှုအနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ ပြည်တွင်းခရီးစဉ်အရေအတွက်ကလည်း ယမန်နှစ်အလားတူကာလထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို သုံးစွဲမှုပမာဏအနေဖြင့်လည်း ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China’s domestic trips up 18 pct in first three quarters
BEIJING, Oct. 21 (Xinhua)
Nearly 5 billion domestic trips were recorded in China in the first three quarters of the year, marking a year-on-year increase of 18 percent, according to data released by the Ministry of Culture and Tourism on Tuesday.
A total of 4.85 trillion yuan (about 684 billion U.S. dollars) was spent by domestic tourists during the nine-month period, up 11.5 percent from the same period in 2024.
Urban residents remained the primary engine of China’s domestic tourism. They made nearly 3.8 billion trips, with total spending reaching 4.05 trillion yuan, according to the data.
Notably, the number of domestic trips made by rural residents increased by 25 percent year on year, with a 24 percent rise in spending. ■
Photo:
Tourists check in and out at a hotel in Lingshui Li Autonomous County in south China’s Hainan Province, Oct. 18, 2025. (Xinhua/Guo Cheng)