Connect with us

China

အပြုသဘောဆောင်မှုများ စုစည်းလာခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ စီးပွားရေးက တည်ငြိမ်သောတိုးတက်မှု လမ်းကြောင်းကို ပြသလျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ဝူရှီးမြို့ ရှီးဆန်းခရိုင်ရှိ လျှပ်စစ်စကူတာ ထုတ်လုပ်ရေးစက်မှုဥယျာဉ်တွင် YADEA ကုမ္ပဏီ၏ ထုတ်လုပ်ရေးလိုင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများရှိနေသည့်တိုင် အပြုသဘောဆောင်သော အကြောင်းရင်းစုစည်းမှုများနှင့်အတူ တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ယမန်နှစ်ကထက် ၅.၂ ရာခိုင်နှုန်း တိုးတက်လာခြင်းနှင့်အတူ နိုင်ငံ၏ စီးပွားရေးမှု တည်ငြိမ်စွာတိုးတက်မှုကို ဖော်ပြလျက်ရှိကြောင်း အောက်တိုဘာ ၂၀ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ယွမ် ၁၀၁.၅ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၄.၃ ထရီလီယံခန့်) အထိ ရောက်ရှိလာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) အချက်အလက်များ၌ ဖော်ပြထားသည်။
တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ယမန်နှစ် ကာလတူထက် ၄.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
တတိယဦးစားပေးစီးပွားရေးလုပ်ငန်းအနေဖြင့်ကြည့်ပါက ပထမသုံးလပတ်ကာလ သုံးခုအတွင်း ယခင်နှစ် အလားတူကာလထက် ၅.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မူလပထမစီးပွား‌ရေးလုပ်ငန်းမှာ ၃.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သလို ဒုတိယစီးပွားရေးလုပ်ငန်းက ၄.၉ ရာခိုင်နှုန်း အသီးသီးတိုးတက်မှုရှိခဲ့သည်။
သုံးလပတ်ကာလအား အခြေခံကြည့်ပါက တရုတ်နိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်အတွင်း ၁.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း NBS ထံမှ သိရသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ဖိအားကို ကြံ့ကြံ့ခံရပ်တည်လျက်ရှိသလို ခက်ခဲသောအောင်မြင်မှု၊ ထင်ရှားသောတိုးတက်မှုများ ရရှိခဲ့ကြောင်း၊ စီးပွားရေးလည်ပတ်မှုမှာ ပုံမှန်တိုးတက်မှုနှင့်အတူ အလုံးစုံတည်ငြိမ်သော ဖော်ဆောင်မှုကို ထိန်းထားလျက်ရှိကြောင်း NBS ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ယခုနှစ် ပထမကိုးလတာကာလအတွင်း တရုတ်နိုင်ငံ၏ တန်ဖိုးမြင့် စက်မှုလုပ်ငန်းထုတ်လုပ်မှုပမာဏမှာ ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ စက်တင်ဘာလတွင်မူ အဆိုပါ ထုတ်လုပ်မှုပမာဏမှာ ယခင်နှစ် အလားတူကာလထက် ၆.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို စက်မှုကုန်ချောနှင့် သတ္တုတွင်းကဏ္ဍများမှာလည်း လျင်မြန်စွာတိုးတက်မှု ရှိလာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ တန်ဖိုးမြင့် ဝန်ဆောင်မှုလုပ်ငန်း ထုတ်လုပ်မှုပမာဏအနေဖြင့် ကြည့်ပါက ပထမသုံးလပတ်ကာလ သုံးခုအတွင်း ယွမ် ၅၉.၃ ထရီလီယံနီးပါး၊ ဂျီဒီပီ၏ ၅၈.၄ ရာခိုင်နှုန်း ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ပွိုင့် ၀.၈ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ စားသုံးသူကုန်စည်များ လက်လီရောင်းအားမှာ ပထမသုံးလပတ်ကာလ သုံးခုအတွင်း ယွမ် ၃၆.၅၉ ထရီလီယံနီးပါး ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ စက်တင်ဘာလတွင် စားသုံးသူကုန်စည်များ လက်လီရောင်းအားအနေဖြင့် ယခင်နှစ် ကာလတူထက် ၃ ရာခိုင်နှုန်း တိုးတက်လာကာ ယွမ် ၄.၂ ထရီလီယံ ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ တစ်ဦးချင်းသုံးစွဲမှုဝင်ငွေမှာ ယွမ် ၃၂,၅၀၉ ရှိခဲ့ပြီး နုတ်ယူပြီးတန်ဖိုးအားဖြင့်မူ ယခင်နှစ် ကာလတူထက် ၅.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံရှိ စစ်တမ်းကောက်ယူထားသော မြို့ပြအလုပ်လက်မဲ့နှုန်းမှာ တရုတ်နိုင်ငံရှိ ပထမသုံးလပတ်ကာလ သုံးခုအတွင်း ၅.၂ ရာခိုင်နှုန်း၌ ရပ်တည်ခဲ့သည်။
တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုအနေဖြင့်မူ ပထမသုံးလပတ်ကာလ သုံးခုအတွင်း ယွမ် ၃၇.၂ ထရီလီယံဝန်းကျင်ရှိခဲ့ရာ ယမန်နှစ် ကာလတူထက် ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
တတိယသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုမှာ ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ပွိုင့် ၀.၄ ရာခိုင်နှုန်းဖြင့် အသင့်အတင့်ရှိခဲ့ပြီး ရှုပ်ထွေးသော ပြင်ပပတ်ဝန်းကျင်နှင့် ပြည်တွင်း ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ချိန်ညှိမှုဖိအားများကြောင့် အရင်းခံဖြစ်ကြောင်း NBS ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ထိုသို့ရှိသော်ငြားလည်း စီးပွားရေးမှာ အလုံးစုံ တည်ငြိမ်မှုကို ထိန်းထားလျက်ရှိပြီး တတိယသုံးလပတ်တိုးတက်မှုမှာ အဓိကအကျဆုံး စီးပွားရေးနိုင်ငံများအား ဆက်လက်သာလွန်လျက်ရှိကြောင်း သိရသည်။
၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၀ ပြည့်နှစ်က ယွမ် ၁၀၃.၅ ထရီလီယံရှိရာမှ ၂၀၂၄ ခုနှစ်တွင် ယွမ် ၁၃၄.၉ ထရီလီယံအထိ မြင့်တက်လာခဲ့ပြီး ပျမ်းမျှ နှစ်စဉ်တိုးတက်မှုနှုန်းအနေဖြင့် ၅.၅ ရာခိုင်နှုန်း ရှိခဲ့ရာ အလားတူကာလက ကမ္ဘာ့ပျမ်းမျှ ၃.၉ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်တက်လာခဲ့သည်။
တရုတ်နိုင်ငံသည် ထိုကာလတစ်လျှောက်လုံး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအပေါ် နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့် အကျိုးပြုနိုင်ခဲ့ကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ အရေးပါဆုံးမောင်းနှင်အားအဖြစ် ဆောင်ရွက်ခဲ့ကာ အဓိကစီးပွားရေးနိုင်ငံ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် တက်ကြွမှုကို အပြည့်အဝဖော်ဆောင်လျက်ရှိကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/7C8

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှီးကျားကျွမ်းမြို့တွင် ၂၀၂၅ ခုနှစ် တရုတ် နိုင်ငံတကာ ဒစ်ဂျစ်တယ်စီးပွားရေး ကုန်စည်ပြပွဲအတွင်း လူလိုက်ပါသောလေယာဉ်ငယ်အား လေ့လာနေသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China’s economy shows stable growth trend with positive factors accumulating
BEIJING, Oct. 20 (Xinhua) — China’s economy demonstrated stable growth, with GDP expanding 5.2 percent year on year in the first three quarters of 2025, as positive factors accumulated despite global headwinds, official data showed on Monday.
China’s GDP reached over 101.5 trillion yuan (about 14.3 trillion U.S. dollars) in the first three quarters, the National Bureau of Statistics (NBS) data showed.
In the third quarter, the country’s GDP expanded 4.8 percent year on year.
The tertiary industry expanded 5.4 percent year on year in the first three quarters, outpacing a 3.8 percent increase of the primary industry and a 4.9 percent increase of the second industry.
On a quarterly basis, China’s economy expanded 1.1 percent in the third quarter, according to the NBS.
Since the beginning of the year, China’s economic development has withstood pressure and achieved hard-won, remarkable progress, said a spokesperson with the NBS, adding that economic operation has maintained overall stable performance with steady growth.
In the first nine months of this year, China’s value-added industrial output increased by 6.2 percent compared to the same period last year. In September, the output expanded 6.5 percent year on year, with manufacturing and mining sectors posting rapid growth.
China’s value-added service output rose to nearly 59.3 trillion yuan in the first three quarters, accounting for 58.4 percent of GDP, 0.8 percentage points higher than that in the same period last year.
China’s retail sales of consumer goods went up 4.5 percent year on year to nearly 36.59 trillion yuan in the first three quarters. In September, the retail sales of consumer goods rose 3 percent year on year to 4.2 trillion yuan.
The country’s per capita disposable income reached 32,509 yuan during the January-September period, marking a 5.2 percent year-on-year increase after deducting price factors.
The surveyed urban unemployment rate on average in China stood at 5.2 percent in the first three quarters.
China’s fixed-asset investment dropped 0.5 percent year on year to about 37.2 trillion yuan in the first three quarters.
China’s GDP growth in the third quarter moderated by 0.4 percentage points compared with the second quarter, primarily due to a complex external environment and domestic structural adjustment pressures, the NBS spokesperson said. Despite this, the economy maintained overall stability, with third-quarter growth continuing to outpace most major economies.
During the 14th Five-Year Plan (2021-2025) period, China’s GDP rose from 103.5 trillion yuan in 2020 to 134.9 trillion yuan in 2024, with an average annual growth rate of 5.5 percent, significantly higher than the global average of 3.9 percent over the same period.
Throughout this period, China contributed approximately 30 percent annually to global economic growth, making it the most important driver of world economic development and fully demonstrating the resilience and vitality of a major economy, the spokesperson said. xhtxs.cn/7C8
Photo 1: This photo shows the production line of YADEA at the electric scooter industrial park in Xishan District, Wuxi, east China’s Jiangsu Province, Sept. 16, 2025. (Xinhua/Liu Jiaqi)
Photo 2: Visitors learn about a manned aircraft during the China International Digital Economy Expo 2025 in Shijiazhuang, north China’s Hebei Province, Oct. 17, 2025. (Xinhua/Wang Xiao)