Connect with us

China

ဟောင်ကောင် ဝိုင်နှင့်စားသောက်ဖွယ်ရာပွဲတော်သို့ လာရောက်လည်ပတ်သူ ၁၅၀,၀၀၀ ရှိမည် ဟုမျှော်လင့် 

ဟောင်ကောင်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ဟောင်ကောင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က စီစဥ်သည့် ၂၀၂၅ ခုနှစ် ဟောင်ကောင် ဝိုင်နှင့်စားသောက်ဖွယ်ရာ ပွဲတော်ကို အောက်တိုဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ လာရောက်လည်ပတ်သူ ၁၅၀,၀၀၀ ဦးဝန်းကျင်ရှိမည်ဟု မျှော်လင့်ရကြောင်းသိရသည်။
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ် ချန်ကော်ကျီးက ဖွင့်ပွဲအခမ်းအနား၌ ပြောကြားရာ ၌ ဟောင်ကောင်သည် ခရီးသွားဧည့်သည်များအတွက် အနုပညာနှင့်ယဥ်ကျေးမှုကို သက်ဝင်ခံစားနိုင်သော၊ လှပသောပန်းဥယျာဥ်များတွင် အနားယူအပန်း‌ဖြေနိုင်သော စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် စျေးဝယ်ထွက်နိုင်သော လန်းဆန်းတက်ကြွသည့်မြို့တစ်မြို့ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ လာရောက်လည်ပတ်သူများအား ဟောင်ကောင်၏ မတူကွဲပြားသည့်ရှုထောင့်များကို ဖွေရှာကာ ကောင်းမွန်သောဝိုင်နှင့် စားသောက်ဖွယ်ရာများ အရသာခံမြည်းစမ်းကြည့်ရန် ၎င်းကကြိုဆိုခဲ့သည်။
ဟောင်ကောင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ လျင်ကျန့်ယွဲ့က HKSAR အစိုးရနှင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးမှထောက်ခံချက်နှင့်အတူ ဟောင်ကောင် ဝိုင်နှင့်စားသောက်ဖွယ်ရာပွဲတော်သည် ဟောင်ကောင်ကို အချက်အပြုတ်ဆိုင်ရာ ကမ္ဘာ့အဆင့်မီမြို့တော်တစ်ခုအဖြစ် မြှင့်တင်ပေးသည့် အဓိက နေရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်များစွာကျော်လွန်ခဲ့ပြီးနောက် ဝိုင်အရသာခံမြည်းစမ်းမှုသည် မြို့၏ဖွဲ့စည်းပုံတွင် နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပြီး ကမ္ဘာ့ စားကောင်းသောက်ဖွယ် ချက်ပြုတ်ခြင်း၊ စားသုံးခြင်းနှင့်ဒေသယဥ်ကျေးမှုကို အကြားအလပ်မရှိ ပေါင်းစပ်ပေးလျက်ရှိကြောင်းသိရသည်။
ယခုနှစ်ပွဲတော်၏ဆောင်ပုဒ်မှာ ကမ္ဘာ့အကောင်းဆုံးများ ရောယှက်ခြင်း ဟူ၍ ဖြစ်ပြီး ပြခန်းပေါင်း ၃၀၀ ကျော်တွင် ဝိုင်လုပ်ငန်းမှ ၇၀ ရာခိုင်နှုန်းနှင့် ကမ္ဘာတစ်ဝန်းမှစားကောင်းသောက်ဖွယ်များမှ ၃၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Hong Kong wine & dine festival expected to draw 150,000 visitors
HONG KONG, Oct. 23 (Xinhua) — The 2025 Hong Kong Wine & Dine Festival organized by the Hong Kong Tourism Board opened here Thursday, with an expected attendance of around 150,000 visitors.
Chan Kwok-ki, chief secretary for administration of the Hong Kong Special Administrative Region (HKSAR) government, said at the opening ceremony that Hong Kong is a vibrant city where tourists can immerse themselves in arts and culture, relax in the beautiful country parks, and enjoy fantastic shopping. He welcomed visitors to savor fine wine and cuisine while discovering the diverse facets of Hong Kong.
Peter Lam, chairman of the Hong Kong Tourism Board, said that with the support of the HKSAR government and various sectors of society, the Hong Kong Wine & Dine Festival has become a key platform for promoting Hong Kong as a world-class culinary capital. Over the years, wine appreciation has become deeply embedded in the city’s fabric, blending global gastronomy seamlessly with local culture.
The theme of this year’s festival is REMIX. BEST OF ALL WORLDS, featuring over 300 booths, with 70 percent dedicated to wine and 30 percent offering gourmet food from around the world.