Connect with us

China

UIPM ကမ္ဘာ့အတားအဆီးဖြတ်ကျော်ပြေးပြိုင်ပွဲ၌ မီတာ ၄၀၀ ပြေးပွဲပြီးစီးပြီး တရုတ်နိုင်ငံက ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူး

အမျိုးသားလက်ရွေးစင် မီတာ ၄၀၀ အတားအဆီးဖြတ်ကျော်ပြေးပြိုင်ပွဲပြီးနောက် ရွှေတံဆိပ်ဆုရှင် Brothers Luke (အလယ်)၊ ငွေတံဆိပ်ဆုရှင် Kai Beckstrand (ဝဲဘက်) နှင့် ကြေးတံဆိပ်ဆုရှင် Brandon Hulley (ယာဘက်) တို့ကို စင်မြင့်ထက်၌ တွေ့ရစဉ်

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသားအိုလံပစ်အားကစားစင်တာတွင် ၂၀၂၅ ခုနှစ် UIPM အတားအဆီးဖြတ်ကျော်ပြေး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ မီတာ ၄၀၀ ပြေးပွဲများကို အောက်တိုဘာ ၂၄ ရက်က ကျင်းပပြီးစီးခဲ့ပြီဖြစ်ရာ အမေရိကန်နိုင်ငံက လက်ရွေးစင်ပြိုင်ပွဲများ၌ ဆုတံဆိပ်အများဆုံးရရှိခဲ့ကာ တရုတ်နိုင်ငံကလည်း အမျိုးသားအကြီးတန်းပြိုင်ပွဲနှင့် ယူ ၁၉ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

အမေရိကန်နိုင်ငံမှ အသက် ၁၈ နှစ်အရွယ် Luke Beckstrand က အမျိုးသားလက်ရွေးစင်ချန်ပီယံဆုကို ပန်းဝင်ချိန် ၉၀.၈၇၀ စက္ကန့်ဖြင့် ဆွတ်ခူးခဲ့ပြီး ၎င်း၏ညီ Kai Beckstrand က ၉၈.၀၁၀ စက္ကန့်နှင့် တောင်အာဖရိကမှ Brandon Hulley က ၁၀၂.၇၂၀ စက္ကန့်တို့ဖြင့် ဒုတိယနှင့် တတိယဆုများ အသီးသီးရရှိခဲ့သည်။ “ဒါက ကျွန်တော့်ရဲ့ ပထမဆုံး မီတာ ၄၀၀ ပြေးပွဲပါ၊ အများကြီးပိုရှည်ပြီး ပိုပြေးရပါတယ်၊ ဒါပေမဲ့ ရလဒ်ကောင်းတွေအပေါ် အရမ်းကျေနပ်မိပါတယ်” ဟု Luke က ပြောကြားခဲ့သည်။ “ပထမဆုံး UIPM အတားအဆီးဖြတ်ကျော်ပြေး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ပေကျင်းမှာ ယှဉ်ပြိုင်ရတာ ကျေနပ်အံ့သြဖွယ်ရာပါပဲ” ဟုလည်း ၎င်းက ဆိုသည်။

လက်ရွေးစင်ဗိုလ်လုပွဲတွင် တစ်ဦးတည်းသော ပြည်တွင်းအားကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Li Yiqi က စတုတ္ထနေရာရရှိခဲ့ပြီး ယင်းပြိုင်ပွဲကို “အလွန်ကောင်းမွန်သော သင်ယူမှုအတွေ့အကြုံ” ဟု ခေါ်ဆိုကာ ၎င်းအနေဖြင့် ထိပ်တန်းနိုင်ငံတကာအားကစားသမားများနှင့် ကွာဟချက်ကို လျှော့ချရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသမီးလက်ရွေးစင်ဗိုလ်လုပွဲတွင် အမေရိကန်နိုင်ငံမှ Tiana Webberley က ပိုလန်နိုင်ငံမှ Katarzyna Jonaczyk နှင့် ဂျာမနီနိုင်ငံမှ Lotta Kokemohr တို့ထက် သာလွန်ကာ ပန်းဝင်ချိန် ၁၂၁.၄၉၀ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ “ဒီမိန်းကလေးတွေက မြန်တယ်” ဟု Webberley က ပြောကြားခဲ့သည်။ “ကျွန်မ ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ခဲ့ရပါတယ်။ ဒီမှာ ယှဉ်ပြိုင်ရတာ ဂုဏ်ယူစရာပါပဲ – နောက်နှစ်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

တရုတ်အားကစားသမားများသည် အခြားပြိုင်ပွဲအမျိုးအစားများ၌လည်း ရလဒ်ကောင်းများ ရရှိခဲ့ကြသည်။ Zhang Hongyue က အမျိုးသား ယူ ၁၉ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး Ma Yaran သည် ယူ ၁၇ ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု ရရှိခဲ့ကာ Wang Yang က အမျိုးသားအကြီးတန်းပြိုင်ပွဲ၏ တရုတ်အားကစားသမားများသာ ပါဝင်ခဲ့သည့် ဆုပေးပွဲစင်မြင့်ထက်၌ ရွှေတံဆိပ်ဆုဖြင့် ဦးဆောင်ခဲ့သည်။
မီတာ ၃,၀၀၀ နှင့် မီတာ ၁၀၀ ဗိုလ်လုပွဲများကို အောက်တိုဘာ ၂၅ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

အမျိုးသားလက်ရွေးစင် မီတာ ၄၀၀ အတားအဆီးဖြတ်ကျော်ပြေးပြိုင်ပွဲ၌ တရုတ်အားကစားသမား Li Yiqi ယှဉ်ပြိုင်စဉ်

…………………
(English Version)
China takes two golds as 400m finals conclude at UIPM Obstacle worlds
BEIJING, Oct. 24 (Xinhua) — The United States dominated the elite races, while China claimed two gold medals in the men’s senior and U19 divisions as the 400-meter events of the UIPM 2025 Obstacle World Championships concluded Friday at Beijing’s National Olympic Sports Center.
Luke Beckstrand, 18, of the United States won the men’s elite title in 90.870 seconds, followed by his brother Kai Beckstrand (98.010) and Brandon Hulley of South Africa (102.720). “It’s my first 400-meter course – much longer, more running – but I’m super happy with how it turned out,” Luke said. “It’s amazing to compete here in Beijing, in the first UIPM Obstacle World Championships.”
China’s Li Yiqi, the only home athlete in the elite final, finished fourth, calling the event “a great learning experience” and said he hopes to close the gap to top international athletes.
In the women’s elite final, Tiana Webberley of the United States won gold in 121.490 seconds, ahead of Poland’s Katarzyna Jonaczyk and Germany’s Lotta Kokemohr. “These girls are fast,” Webberley said. “I had to give 100 percent. It’s an honor to compete here – hopefully I can come back next year.”
Chinese athletes also delivered strong results in other divisions. Zhang Hongyue claimed the men’s U19 title, Ma Yaran took bronze in the U17 division, and Wang Yang led an all-Chinese podium in the men’s senior division.
The 3,000m and 100m finals will be held on Saturday. ■
English Caption 1
Brothers Luke (center) and Kai Beckstrand (left) share the podium after the men’s elite 400m obstacle course racing, taking gold and silver respectively, with Brandon Hulley (right) claiming bronze.
English Caption 2
Chinese athlete Li Yiqi competes in the 400m obstacle course racing.