Connect with us

China

ကမ္ဘာ့ဖလား အမျိုးသမီးယူ-၁၇ ပြိုင်ပွဲတွင် အီကွေဒေါအသင်းကို အနိုင်ကစားပြီး တရုတ်အသင်း ရှုံးထွက်အဆင့်သို့ တက်ရောက်

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့၌ ပြုလုပ်ခဲ့သည့် ၉ ကြိမ်မြောက် ဖီဖာ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ပွဲစဥ်ဇယားရေးဆွဲမှုကို ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက်က တွေ့ရစဥ် (ဓာတ်ပုံ- Courtesy of FIFA)

ရာဘတ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၅ ခုနှစ် ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလား ယူ-၁၇ ပြိုင်ပွဲတွင် အောက် တိုဘာ ၂၄ ရက်က ကစားခဲ့သည့် အုပ်စု (C) နောက်ဆုံးပွဲစဥ်တွင် တရုတ်အသင်းက အီကွေဒေါအသင်းကို ၄-၀ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ၁၆ သင်းအဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ တရုတ် ယူ-၁၇ အမျိုးသမီးအသင်းမှာ ပထမပိုင်းတွင် ၄ ဂိုးစလုံးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ အုပ်စုဒုတိယနေရာရပြီး နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အုပ်စုတွင်းအဖွင့်ပွဲစဥ် ၂ ပွဲကစားပြီးချိန်တွင် အမေရိကန်အသင်းက ၆ မှတ်ရကာ အုပ်စုထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။ သံမဏိနှင်းဆီများဟု အမည်ရထားသည့် တရုတ်အမျိုးသမီးအသင်းမှာ အီကွေဒေါ အသင်းနှင့်အတူ ရမှတ် ၃ မှတ်စီတူညီနေခဲ့ပြီး ဂိုးကွာခြားချက်အသာရလဒ်ဖြင့် အဆုံးအဖြတ်ပွဲကစားခဲ့ ရခြင်းဖြစ်သည်။
တရုတ်အမျိုးသမီးအသင်းမှာ ပွဲအစ တာထွက်ကောင်းခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာပင် Zhou Xinyi က ၁၈ ကိုက်အပြင်ဘက်မှ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့သလို သံမဏိနှင်းဆီများ၏ အုပ်စုတွင်း ၃ ပွဲဆက်တိုက် ပွဲစပြီး ၁၅ မိနစ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ခဲ့သည်။ နောက် ၆ မိနစ်အကြာတွင် Zeng Yijie က ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူကာ တရုတ်အမျိုးသမီးအသင်းကို ၂-၀ ဂိုးရလဒ်ဖြင့် ဦးဆောင်နိုင်စေခဲ့သည်။ ပွဲချိန် ၃၁ မိနစ်တွင် Chen Ruilin က ၎င်း၏ ထောင့်ကန်ဘောအနီးကပ်ပေးပို့မှုမှတစ်ဆင့်ပြန်ရလာသည့် ဘောလုံးကို ဧရိယာအတွင်းသို့ ကိုယ်တိုင် ဆွဲယူလာပြီးနောက် ထောင့်ကျဥ်းအနေအထားမှကန်သွင်းကာ တတိယဂိုးသွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ဂိုးအနောက်တိုင်ဘက်သို့ Zeng ကန်တင်ပို့ပေးသည့် ထောင့်ကန်ဘောမှတစ်ဆင့် Song Yu က ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့သည်။
ဦးဆောင်အနိုင်ကစားထားမှု လက်ဝယ်ရှိနေသည့် တရုတ်အမျိုးသမီးအသင်းက ဒုတိယပိုင်းတွင်လည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဖိကစားနိုင်မှုကို ပြသနိုင်ခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် Ceng ကြောင့် ပယ်နယ်တီရခဲ့သေးသော်လည်း Zhou ၏ကန်သွင်းချက်က တိုင်ထိထွက်သွားခြင်းနှင့်အတူ ဂိုးရလဒ် ကလည်း မပြောင်းလဲတော့ဘဲ တရုတ်အမျိုးသမီးအသင်းက ၄-၀ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၄ ရက်က ကစားခဲ့သည့် အုပ်စု(C) အခြားပွဲစဥ်တွင် အမေရိကန်အသင်းက နော်ဝေ အသင်းကို ၅-၀ ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့ပြီး ရမှတ် ၉ မှတ်ဖြင့် အုပ်စုထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။ တရုတ်အသင်းက ရမှတ် ၆ မှတ်ဖြင့် ဒုတိယနေရာရခဲ့ကာ အီကွေဒေါအသင်းက ရမှတ် ၃ မှတ်ဖြင့် တတိယ၊ အုပ်စုတွင်း ၃ ပွဲစလုံးရှုံးခဲ့သည့် နော်ဝေအသင်းက အုပ်စုအောက်ဆုံးမှ ရပ်တည်ခဲ့သည်။ ဖီဖာယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၂၄ သင်းပါဝင်သည့် အုပ်စု ၆ အုပ်စုခွဲခြားထားကာ အုပ်စု ထိပ်ဆုံးနေရာရသည့် ၂ သင်း၊ အုပ်စုတွင်း အကောင်းဆုံး တတိယနေရာရသည့် ၄ သင်း၊ စုစုပေါင်း ၁၆ သင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်သည်။ (Xinhua)
………………….
(English Version)
China beats Ecuador to reach knockouts at U17 Women’s World Cup
RABAT, Oct. 24 (Xinhua)
China advanced into the round of 16 at the 2025 FIFA U17 Women’s World Cup in Morocco after easing past Ecuador 4-0 in its final Group C match on Friday, scoring all four goals in the first half to secure second place in the group.
After the first two rounds, the United States topped Group C with six points, while China and Ecuador were level on three points, with the Steel Roses holding a goal difference advantage heading into the decisive clash.
China made a flying start as Zhou Xinyi struck from outside the box in the 10th minute, marking the third consecutive match in which the Steel Roses have scored within the opening 15 minutes. Six minutes later, Zeng Yijie curled home a direct free-kick to double the lead.
In the 31st minute, a short corner saw Chen Ruilin break into the area and finish from a tight angle, before Zeng delivered a corner to the back post for Song Yu to head home in the 43rd minute.
With victory well in hand, China slowed the tempo in the second half. Chen won a penalty in the 65th minute, but Zhou’s effort hit the post as the score remained unchanged.
In Friday’s other Group C match, the United States beat Norway 5-0 to finish top with nine points. China followed on six, with Ecuador third on three and Norway bottom after three straight losses.
The 24-team tournament features six groups, with the top two from each group and the best four third-placed sides advancing to the knockout stage. ■
Photo:
The draw for the ninth FIFA U17 Women’s World Cup has taken place in Rabat, Morocco, June 5, 2025. (Photo courtesy of FIFA)