Connect with us

China

ကွယ်လွန်သူနိုဘယ်ဆုရ ရူပဗေဒပညာရှင် ယန်ကျန့်နင်အတွက် နောက်ဆုံးဂါရဝပြုအခမ်းအနား ပြုလုပ်

တရုတ်နိုင်ငံမြို့တော်ပေကျင်းရှိ ပါးပေါင်ဆန်းတော်လှန်ရေးသုသာန်တွင် ကွယ်လွန်သူနိုဘယ်ဆုရ ရူပဗေဒပညာရှင် ယန်ကျန့်နင်အား နောက်ဆုံးဂါရဝပြုနေကြသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသိပ္ပံအကယ်ဒမီ၏ တော်ဝင်ပညာရှင်နှင့် ချင်းဟွာတက္ကသိုလ်ပါမောက္ခဟောင်း ကွယ်လွန်သူ နိုဘယ်ဆုရ ရူပဗေဒပညာရှင် ယန်ကျန့်နင်အား နောက်ဆုံးဂါရဝပြုအခမ်းအနားကို ပေကျင်းမြို့တွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဂါရဝပြုအခမ်းအနားကို ပါးပေါင်ဆန်းတော်လှန်ရေးသုသာန်တွင် နံနက် ၉း၀၀ နာရီဝန်းကျင်၌ စတင်ခဲ့သည်။
ယန်၏ မိသားစုနှင့် မိတ်ဆွေများ၊ ချင်းဟွာတက္ကသိုလ်မှ ကိုယ်စားလှယ်များနှင့် လူမှုအသိုင်းအဝိုင်းများစွာမှ ပြည်သူများ အပါအဝင် ဧည့်သည်တော်များသည် ယန်ကို နောက်ဆုံးလေးစားစွာဂါရဝပြုရန် စုဝေးရောက်ရှိခဲ့ကြသည်။
ယန်သည် အောက်တိုဘာ ၁၈ ရက်က ပေကျင်းမြို့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ယန်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့တွင် ၁၉၂၂ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၄၀ ပြည့်လွန်နှစ်များတွင် အဆင့်မြင့် ပညာရေးလေ့လာရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင်သင်ကြားမှုများတွင် တာဝန်ယူခဲ့သည်။ ယန်သည် ရူပဗေဒဆိုင်ရာနိုဘယ်ဆုကို ၁၉၅၇ ခုနှစ်က ရရှိခဲ့သည်။
ယန်နှင့် Robert Mills တို့ ပူးတွဲမိတ်ဆက်ခဲ့သည့် Yang-Mills gauge သီအိုရီသည် ၂၀ ရာစု ရူပဗေဒဘာသာရပ်တွင် အရေးပါသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။
ယန်သည် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ ချင်းဟွာတက္ကသိုလ်တွင် နှစ်ပေါင်း ၂၀ ကျော် စာသင်ကြားပို့ချပေးခဲ့ပြီး ထူးချွန်သူများ ပြုစုပျိုးထောင်ခြင်း၊ခေါ်ယူခြင်းနှင့် နိုင်ငံတကာ အဆင့်မြင့် ပညာရပ်ဖလှယ်မှုမြှင့်တင်ခြင်းများတွင် အရေးပါသည့် အထောက်အပံ့များပြုလုပ်ခဲ့သည်။ (Xinhua)

…………………..
(English Version)
Ceremony held to pay final respects to late Nobel laureate Chen Ning Yang
BEIJING, Oct. 24 (Xinhua) — A ceremony was held in Beijing on Friday to pay final respects to late physicist Chen Ning Yang, a Nobel laureate, an academician of the Chinese Academy of Sciences and a professor with Tsinghua University.
The farewell ceremony started at around 9 a.m. at the Babaoshan Revolutionary Cemetery.
Guests, including Yang’s family and friends, representatives from Tsinghua University, and people from various sectors of society, gathered to pay their final respects to Yang.
Yang died in Beijing on Oct. 18 at 103.He was born in Hefei, east China’s Anhui Province, in 1922. In the 1940s, he went to the United States to pursue academic studies and subsequently held teaching positions. He was awarded the Nobel Prize in Physics in 1957.
The Yang-Mills gauge theory introduced by Yang and Robert Mills is one of the most important achievements of physics in the 20th century.
Over more than 20 years since he returned to China, Yang had taught at Tsinghua University, making important contributions to cultivating and recruiting talent and promoting international academic exchanges.
Photo : People pay their final respects to Chen Ning Yang at the Babaoshan Revolutionary Cemetery in Beijing, capital of China, Oct. 24, 2025. (Xinhua/Ju Huanzong)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.