Connect with us

China

တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်မှုက ကမ္ဘာကြီးအား အကျိုးဖြစ်ထွန်းစေ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့ရှိ စူးကျိုးစက်မှုဥယျာဉ်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလ အဆုံးသတ်လုနီးပါး အချိန်အခါသို့ ရောက်ရှိနေသည့်အားလျော်စွာ နိုင်ငံအနေဖြင့် ကာလရှည် ခေတ်မီအသွင်ပြောင်းမှုသို့ မောင်းနှင်ရာ စမှတ်သစ်၌ ရောက်ရှိနေပြီ ဖြစ်သည်။
ကမ္ဘာစီးပွားရေး နာလန်ထူမှု နှေးကွေးခြင်း၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကြောင့် ဖြစ်ပေါ်လာသော ထောက်ပံ့ကွင်းဆက် တစ်စစီပြိုကွဲခြင်း စသည့် စိန်ခေါ်မှုများရှိလင့်ကစား တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအတွက် ယုံကြည်စိတ်ချရသော တိုးတက်မှု မောင်းနှင်အားနှင့် တည်ငြိမ်မှုထောက်တိုင်အဖြစ် စဉ်ဆက်မပြတ် ထမ်းရွက်လျက်ရှိပေသည်။
လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် နှစ်စဉ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအား ပျမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်းဝန်းကျင် အကျိုးထမ်းဆောင်လျက်ရှိသည်။ ကမ္ဘာ့စီးပွားရေး၌ တရုတ်နိုင်ငံ၏ ပါဝင်မှုမှာ ၂၀၁၂ ခုနှစ်က ၁၁.၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင်မူ ၁၇.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံက နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနိုင်ငံအနေအထားတွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းနှင့် ပြည်ပ၌ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း ကဏ္ဍနှစ်ခုလုံးတွင် ကမ္ဘာ့ထိပ်တန်းအဆင့်များ၌ ပါဝင်လျက်ရှိသည်။
ထို့ပြင် တရုတ်နိုင်ငံသည် လာမည့်ငါးနှစ်စီမံကိန်းအတွက် ရေးဆွဲခြင်းနှင့်အတူ ခိုင်မာသော ပြုပြင်ပြောင်းလဲမှု၊ ဆန်းသစ်တီထွင်မှုနှင့် တံခါးဖွင့်လှစ်မှုများဖြင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအတွက် အခွင့်အလမ်းသစ်များ ဖန်တီးသွားမည် ဖြစ်ပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/7ID

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင်ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ လူပုံစံတူစက်ရုပ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း လူပုံစံတူစက်ရုပ်များအဖွဲ့ တန်းစီနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရီးရှန့်ခရိုင် ဟုန်ချွမ်းကျေးရွာရှိ လေကြောင်း‌လေ့လာရေးစခန်းတွင် delta-wing လေယာဉ်ငယ် စီးနင်းရန်ပြင်ဆင်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
China’s sustainable growth brings shared benefits to the world
BEIJING, Oct. 24 (Xinhua) — As China approaches the end of its 14th Five-Year Plan (2021-2025), the country stands at a new starting point in its long-term modernization drive.
Despite a challenging global landscape marked by a sluggish recovery and supply chain fragmentation caused by protectionism, China has consistently served as a reliable engine of growth and a pillar of stability for the world economy.
During the past five years, China has contributed around 30 percent on average to global economic growth each year. Its share of the world economy has risen from 11.3 percent in 2012 to 17.1 percent last year. The country has remained the world’s largest trader in goods for many years, while also ranking among the top globally in both attracting foreign investment and making outbound investment.
As China charts the course for its next five-year plan, its steadfast commitment to reform, innovation and openness will continue to drive its development and create new opportunities for the global economy. xhtxs.cn/7ID
Photo 1: An aerial drone photo taken on July 3, 2023 shows the Suzhou Industrial Park in Suzhou, east China’s Jiangsu Province. (Xinhua/Li Bo)
Photo 2: The squad of Humanoid robots line up during the opening ceremony of The 2025 World Humanoid Robot Games in Beijing, capital of China, Aug. 14, 2025. (Xinhua/Zhang Chenlin)
Photo 3: Tourists try a delta-wing aircraft at an aviation camp in Hongcun Village of Yixian County, Huangshan City, east China’s Anhui Province, May 17, 2025. (Photo by Fan Chengzhu/Xinhua)