China
ပညာရေးနှင့် သုတေသနဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ မြှင့်တင်ရန် တရုတ်နိုင်ငံသို့ သြစတြေးလျတက္ကသိုလ်ခေါင်းဆောင်များ လာရောက်မည်
ကင်ဘာရာ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
သြစတြေးလျတက္ကသိုလ်များ၏ အမြင့်ဆုံးအဖွဲ့အစည်းက ပညာရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် သက်ဆိုင်ရာတက္ကသိုလ်နယ်ပယ်မှ ကိုယ်စားလှယ်အဖွဲ့တစ်ခုကို ဦးဆောင်ကာ တရုတ်နိုင်ငံသို့ ခရီးစဥ်တစ်ခု လာရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
သြစတြေးလျတက္ကသိုလ်များ (UA) အဖွဲ့၏ ထုတ်ပြန်မှုအရ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် အောက်တို ဘာ ၂၇ ရက်မှစတင်ကာ ပေကျင်းနှင့် ဆန်းကျန့်မြို့များသို့ ငါးရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း၊ ယင်းခရီးစဥ်က လွန်ခဲ့သည့်နှစ်များအတွင်း သြစတြေးလျ အဆင့်မြင့်ပညာရေးမစ်ရှင်များထဲမှ သိသာ ထင်ရှားသည့် အထူးခြားဆုံးခရီးစဥ်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့သည် ပညာရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်မည်ဖြစ်ကာ သန့်ရှင်းသောစွမ်းအင်နှင့် ကျန်းမာရေးကဲ့သို့ သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံစလုံးအတွက်အရေးကြီးသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း UA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပညာရေးက သြစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံအကြားမှာ ကာလရှည်တည်ရှိခဲ့တဲ့ အခိုင်မာဆုံးနဲ့ အတည်ငြိမ်ဆုံးပေါင်းကူးတံတားတွေထဲက တစ်ခုပါပဲ” ဟုလည်း UA ဥက္ကဋ္ဌကာရိုလင်းအီဗန်က ပြောကြားခဲ့သည်။
“အသိပညာတွေ တိုးတက်လာစေဖို့၊ စက်မှုလုပ်ငန်းစွမ်းရည်တွေအားကောင်းလာစေဖို့၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အားကောင်းခိုင်မာလာစေတဲ့ ပြည်သူအချင်းချင်း ချိတ်ဆက်မှုတွေ တည်ဆောက်ဖို့ အတွက် ဩစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ တက္ကသိုလ်တွေက အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုလည်း ရှိပါတယ်” ဟု ကာရိုလင်းအီဗန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် သြစတြေးလျနိုင်ငံရှိ နိုင်ငံတကာကျောင်းသားအရင်းအမြစ်များအနက် ထိပ်ဆုံးမှ ဦးဆောင်နေသလို ယခုနှစ် သြဂုတ်လအထိ သြစတြေးလျနိုင်ငံရှိ နိုင်ငံတကာကျောင်းသားများအနက် ၂၃ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ကျောင်းသားများဖြစ်ကြောင်း အစိုးရအချက်အလက်များအရ သိရသည်။
UA ၏ အမှုဆောင်အရာရှိချုပ်များဖြစ်သော အီဗန်နှင့် လု့ခ်ရှီဟီတို့ နှစ်ဦးသည် သြစတြေးလျနိုင်ငံ တစ်ဝန်းရှိ တက္ကသိုလ်များမှ အကြီးတန်းခေါင်းဆောင်များနှင့်အတူ မစ်ရှင်တွင် ပါဝင်မည် ဖြစ်သည်။ (Xinhua)
…………………
(English Version)
Australian university leaders to visit China to renew education, research partnerships
CANBERRA, Oct. 27 (Xinhua)
The peak body for Australian universities announced on Monday it will lead a delegation of industry leaders on a trip to China aimed at renewing education and research partnerships.
Universities Australia (UA) said that the delegation will make a five-day visit starting on Monday to Beijing and Shenzhen, describing it as one of the most significant Australian higher education missions in years.
In a statement, UA said that the delegation would renew partnerships in education, research and innovation and strengthen cooperation in areas critical to both Australia and China such as clean energy and health.
“Education has long been one of the strongest and most stable bridges between Australia and China,” UA chair Carolyn Evans said. “Australia’s and China’s universities have a proud record of working together to advance knowledge, strengthen industry capability and build the people-to-people links that underpin our relationship.”
China is Australia’s leading source of international students, accounting for 23 percent of all international students in Australia in the year to August, according to government data.
Evans and Luke Sheehy, chief executive officer of UA, will be joined on the mission by senior university leaders from across Australia. ■
Photo:
Students visit the University of Sydney, New South Wales, Australia, on March 11, 2021. (Xinhua/Bai Xuefei)
