Connect with us

China

ဟောင်ကောင် နိုင်ငံတကာမီးအလင်းရောင်ပြပွဲနှင့် နည်းပညာအလင်းပြပွဲ၌ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ စုဝေး

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗစ်တိုးရီးယားဆိပ်ကမ်း၌ အမိမြေသို့ ဟောင်ကောင်ပြန်လည်‌ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အလံ လွှင့်ထူထားသည့် ကူးတို့လှေတစ်စင်း ရွက်လွှင့်နေပုံကို ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ဟောင်ကောင် နိုင်ငံတကာမီးအလင်းရောင်ပြပွဲ (ဆောင်းဦးရာသီ) ကို ၁၀ ကြိမ်မြောက် ဟောင်ကောင် နိုင်ငံတကာလေဟာပြင်နှင့် နည်းပညာအလင်းပြပွဲနှင့်အတူ အောက်တိုဘာ ၂၇ ရက်၌ စတင်ခဲ့ပြီး ယင်းပြပွဲများက ကမ္ဘာ့စီးပွားရေးလုပ်ငန်းပေါင်း ၃,၀၀၀ ဝန်းကျင်ကို ဆွဲဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။
ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) မှ စီစဉ်သော မီးအလင်းရောင်ပြပွဲသည် ဆန်းသစ်တီထွင်မှုနှင့် စမတ်ကျသော ဒီဇိုင်းကို အလေးပေးဖော်ပြခဲ့သည်။
ထူးထူးခြားခြားအနေဖြင့် “ချိတ်ဆက်ထားသော မီးအလင်းရောင်ပြခန်း” က ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ဂျပန်နှင့် အခြားနိုင်ငံများရှိ ဂုဏ်သိက္ခာရှိသော အမှတ်တံဆိပ်များမှ ဆုရ ဒီဇိုင်းများနှင့် ထုတ်ကုန်များကို ပြသခဲ့ပြီး သိသာထင်ရှားသည့် ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများတွင် အကောင်အထည်ဖော်ထားသော မီးအလင်းရောင်ဖြေရှင်းချက်များကို မီးမောင်းထိုးပြခဲ့သည်။
ပြပွဲကို အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စမတ်စီးတီးစီမံကိန်းများကို မြှင့်တင်ရန် ရည်ရွယ်သည့် လေဟာပြင်၊ စီးပွားဖြစ်နှင့် စက်မှုလုပ်ငန်းသုံး မီးအလင်းရောင် ထုတ်ကုန်များနှင့် နည်းပညာအမျိုးမျိုးကို ပြသမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
Global businesses gather at Hong Kong int’l lighting fair, tech light expo
HONG KONG, Oct. 27 (Xinhua) — The Hong Kong International Lighting Fair (Autumn Edition) kicked off on Monday, along with the 10th Hong Kong International Outdoor and Tech Light Expo, hoping to attract around 3,000 global businesses.
The lighting fair, organized by the Hong Kong Trade Development Council (HKTDC), emphasized innovation and smart design. Notably, the “Connected Lighting Pavilion” showcased award-winning designs and products from esteemed brands in Finland, Germany, the Netherlands, Japan, and beyond, highlighting lighting solutions that have been implemented in significant global projects.
The expo will be held from Tuesday to Friday, exhibiting a wide range of outdoor, commercial, and industrial lighting products and technologies geared toward advancing smart city initiatives. ■
English Caption
A ferry with flags marking the 25th anniversary of Hong Kong’s return to the motherland sails at the Victoria Harbour in Hong Kong, south China, June 22, 2022. (Xinhua/Wang Shen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.