ဝူဟန့်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏နည်းပညာကုမ္ပဏီ Xiaomi က တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ၎င်း၏ ပထမဆုံးခေတ်မီအိမ်အသုံးအဆောင်ပစ္စည်းစက်ရုံကို အောက်တိုဘာ ၂၈ ရက်က လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။ စမတ်ဖုန်းများ၊ မော်တော်ယာဥ်များအပြင် နည်းပညာလုပ်ငန်းကြီး၏ ထုတ်လုပ်မှုအတိုင်းအတာကို အဓိက ချဲ့ထွင်လိုက်ခြင်းလည်း ဖြစ်သည်။
လေအေးပေးစက်ထုတ်လုပ်ရေးအပေါ် အာရုံစိုက်လုပ်ဆောင်မည့် အဆိုပါစက်ရုံအသစ်သည် ကားစက်ရုံနှင့် စမတ်ဖုန်းစက်ရုံများပြီးလျှင် ကုမ္ပဏီ၏ တတိယမြောက်အကြီးဆုံးစက်ရုံဖြစ်သည်။
စက်ရုံသည် တရုတ်မူ ၇၅၀ (ဟက်တာ ၅၀) ကျော် အကျယ်အဝန်းရှိကာ ပထမအဆင့်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယွမ် ၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၂.၈၃ သန်းခန့်) စီစဥ်ထားပြီး Digital Twin ၊ ဉာဏ်ရည်တုနည်းပညာဖြင့် ပုံရိပ်စစ်ဆေးခြင်း၊ လေကြောင်းထောက်ပံ့ပို့ဆောင်ရေးစနစ်များ ကဲ့သို့ အဆင့်မြင့်နည်းပညာများ ပေါင်းစပ်ထားသောကြောင့် ထုတ်လုပ်မှုလုပ်ငန်းစဥ်တစ်ခုလုံးကို ရှုထောင့်စုံမှမြင်သာစေရန် အချက်အလက် အခြေပြုစီမံခန့်ခွဲမှုဖြင့် ထောက်ကူပေးနိုင်ကြောင်းသိရသည်။
Xiaomi ၏အိမ်အသုံးအဆောင်ပစ္စည်းထုတ်လုပ်ရေးဌာန အထွေထွေမန်နေဂျာ ရှန့်လျန်ယွီ၏ အဆိုအရ စက်ရုံသည် ၆.၅ စက္ကန့်တိုင်းတွင် အဆင့်မြင့်လေအေးပေးစက်တစ်လုံးထုတ်လုပ်နိုင်ကြောင်း သိရသည်။
လေအေးပေးစက်အမြင့်ဆုံးထုတ်လုပ်နိုင်မှုပမာဏကို အလုံးရေ ၇ သန်းအထိ ရောက်ရှိရန် စီမံချက်ချထားပြီး နှစ်စဥ်ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁၄ ဘီလီယံရှိမည် ခန့်မှန်းထားကြောင်း ရှန့် ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ခေတ်မီအိမ်အသုံးအဆောင်ပစ္စည်းကဏ္ဍ ကြီးထွားမှုအားကောင်းနေသည့် အချိန်တွင် စက်ရုံကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ နိုင်ငံ၏ အိမ်အသုံးအဆောင်ပစ္စည်း စျေးကွက်အရွယ်အစားသည် ၂၀၂၄ ခုနှစ်တွင် ယွမ် ၇၅၆ ဘီလီယံကိုရောက်ရှိခဲ့ကြောင်း ယခင်နှစ်နှင့်နှိုင်းယှဥ်လျှင် ၃ ရာခိုင်နှုန်းတိုးလာကြောင်း၊ ယခုနှစ်တွင် ယွမ် ၇၉၃.၈ ဘီလီယံ ရောက်ရှိရန်မျှော်မှန်းထားကြောင်း မကြာသေးမီက စက်မှုလုပ်ငန်းအစီရင်ခံစာ တစ်စောင်က ညွှန်ပြခဲ့သည်။
တစ်ချိန်တည်းတွင်၂၀၂၄ ခုနှစ်က တရုတ်နိုင်ငံ၏အိမ်အသုံးအဆောင်ပစ္စည်းတင်ပို့မှုသည် ၂၀၂၃ ခုနှစ်ကထက် ၁၄.၈ ရာခိုင်နှုန်း တိုးလာကာ အမေရိကန်ဒေါ်လာ ၁၂၈.၆၄ ဘီလီယံကို ရောက်ရှိခဲ့ကြောင်း စက်ယန္တရားနှင့် လျှပ်စစ်ထုတ်ကုန်များပို့ကုန်သွင်းကုန်ဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်းအဆိုအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ Xiaomi ၏ ပထမဆုံးအိမ်အသုံးအဆောင်ပစ္စည်း စက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

……………………
(English Version)
Xiaomi’s first smart home appliance factory starts operation
WUHAN, Oct. 28 (Xinhua) — Chinese tech firm Xiaomi launched its first smart home appliance factory in Wuhan, central China’s Hubei Province, on Tuesday, marking a major expansion of the tech giant’s manufacturing footprint beyond smartphones and vehicles.
This new factory, focusing on air conditioner production, is the company’s third large-scale smart factory after its auto and smartphone plants.
Spanning over 750 mu (50 hectares) in its first phase with a total planned investment of over 2.5 billion yuan (about 352.83 million U.S. dollars), the facility integrates advanced technologies, including Digital Twin, AI visual inspection and aerial logistics systems. This enables comprehensive visualization and data-driven management across the entire production process.
The factory can roll out a high-end air conditioner every 6.5 seconds, according to Shan Lianyu, general manager of Xiaomi’s home appliance department.
Peak annual production capacity for air conditioners is projected to reach 7 million units, with an estimated annual output value of 14 billion yuan, Shan said.
The factory’s launch comes amid robust growth in China’s smart home appliance sector. A recent industry report indicated that the market size of the country’s smart home appliances reached about 756 billion yuan in 2024, a year-on-year increase of 3 percent, and is expected to hit 793.8 billion yuan this year.
Meanwhile, China’s export of home appliances saw an increase of 14.8 percent year on year in 2024, reaching 128.64 billion U.S. dollars, according to China Chamber of Commerce for Import and Export of Machinery and Electronic Products.
Photo (1) An aerial drone photo shows Xiaomi’s first smart home appliance factory in Wuhan, central China’s Hubei Province, Oct. 28, 2025. (Xinhua/Pan Zhiwei)
Photo (2) The launching ceremony of Xiaomi’s first smart home appliance factory is held in Wuhan, central China’s Hubei Province, Oct. 28, 2025. (Xinhua/Tian Zhongquan)