Connect with us

Media

တရုတ်နိုင်ငံ Xiaomi ၏ ပထမဆုံးကိုယ်တိုင်ထုတ် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်အား ဖြန့်ချိ

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နည်းပညာကုမ္ပဏီ Xiaomi က ပထမဆုံး ကိုယ်တိုင်ထုတ်လုပ်ထားသည့် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ် မော်ဒယ် SU7 အား မတ် ၂၈ ရက်တွင် ဖြန့်ချိခဲ့ကြောင်း သိရသည်။

မော်ဒယ်သုံးမျိုးဖြစ်သည့် SU7 ၊ SU7 Pro နှင့် SU7 Max တို့အား ဈေးနှုန်းအားဖြင့် ၂၁၅,၉၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၃၀,၄၃၁) မှ ၂၉၉,၉၀၀ ယွမ်အတွင်း ဈေးကွက်၌ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အနည်းဆုံးအကွာအဝေး ကီလိုမီတာ ၇၀၀ အထိ မောင်းနှင်ရန် ဒီဇိုင်းထုတ်လုပ်ထားသည့် SU7 နှင့် SU7 Max တို့အား ဝယ်ယူသူများထံသို့ ဧပြီလနှောင်းပိုင်းတွင် စတင်ပေးပို့သွားမည် ဖြစ်ပြီး SU7 Pro ကို မေလကုန်ပိုင်းတွင် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

Xiaomi အနေဖြင့် မော်ဒယ်ဒီဇိုင်း ၊ ဘက်ထရီ ၊ ဥာဏ်ရည်ထည့်သွင်းထားသည့် မောင်းနှင်မှုများနှင့် ယာဉ်မောင်းနေရာများကဲ့သို့သော အဓိကနယ်ပယ်များတွင် နည်းပညာဆိုင်ရာအောင်မြင်မှုများ ရရှိခဲ့ကြောင်း Xiaomi တည်ထောင်သူနှင့် CEO ဖြစ်သူ Lei Jun က မိတ်ဆက်အခမ်းအနားတွင် ပြောကြားခဲ့သည်။

Xiaomi က ၂၀၂၁ ခုနှစ်တွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်ကဏ္ဍသို့ ဝင်ရောက်လာခဲ့ပြီး ပေကျင်းမြို့၌ စတုရန်းမီတာ ၇၀၀,၀၀၀ ကျော် ကျယ်ဝန်းသည့် စက်ရုံအား တည်ဆောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————-
(English Version)

China’s Xiaomi releases its first self-developed NEV

Chinese tech firm Xiaomi on Thursday night released its first self-developed new energy vehicle model SU7.
Three versions of the model — SU7, SU7 Pro and SU7 Max — will enter the market, with the prices ranging from 215,900 yuan (30,431 U.S. dollars) to 299,900 yuan.
Designed with a minimum range of 700 km, the SU7 and SU7 Max will start to be delivered to customers by late April, while the SU7 Pro will be delivered by the end of May.
Lei Jun, founder and CEO of Xiaomi, said at the launch event that the tech firm has achieved technological breakthroughs in key fields such as modeling design, batteries, intelligent driving and intelligent cockpits.
Xiaomi entered the NEV sector in 2021 and built a factory covering a land area of more than 700,000 square meters in Beijing.
Xinhua News Agency correspondents reporting from Beijing.(XHTV)