Connect with us

China

တရုတ်နိုင်ငံအ‌ရှေ့ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးရေအားလျှပ်စစ်သိုလှောင်စက်ရုံ အပြည့်အဝလည်ပတ်

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ဖုန်းနင် မန်ချူးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ဖုန်းနင်သိုလှောင်စွမ်းအင်စခန်းမြေအောက်လုပ်ငန်းခွင်နေရာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)
နန်ကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း စီးပွားရေးအားကောင်းရာ ကျန်းဆူးပြည်နယ်တွင် အလားတူရေအားလျှပ်စစ်စက်ရုံများတွင် ကမ္ဘာ့အမြင့်ဆုံးဆည်ဖြစ်သည့် ရေအားလျှပ်စစ်သိုလှောင်စက်ရုံကို အောက်တိုဘာ ၂၈ ရက်က စတင် လည်ပတ်ပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံဓာတ်အားလိုင်းကော်ပိုရေးရှင်း၏လက်အောက်ခံကုမ္ပဏီတစ်ခုက တည်ဆောက်ပြီး ကျွိရုန်မြို့တွင် တည်ရှိသည့်စက်ရုံသည် အပြည့်အဝလည်ပတ်မှုအတွက် စုစုပေါင်းတပ်ဆင်စွမ်းအင်ပမာဏ ၁.၃၅ ဂစ်ဂါဝပ်ရှိပြီး နှစ်စဥ် လျှပ်စစ်ထုတ်လုပ်နိုင်မှု ကီလိုဝပ်နာရီ ၁.၃၅ ဘီလီယံ ရှိကြောင်းသိရသည်။
ရေအားလျှပ်စစ်စက်ရုံသည် လျှပ်စစ်အသုံးပြုမှုနည်းချိန်တွင် အနိမ့်ရေလှောင်ကန်မှ အမြင့်ရေလှောင်ကန်သို့ ရေစုပ်တင်သိုလှောင်မည်ဖြစ်ပြီး သုံးစွဲအားမြင့်တက်လာချိန်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သိုလှောင်ထားသည့်ရေများကို ပြန်လည်လွှတ်ပေးမည်ဖြစ်သည်။
အပေါ်ဘက်ရေလှောင်ဆည်သည် ၁၈၂.၃ မီတာအမြင့်ရှိပြီး အကြမ်းဖျင်းအားဖြင့် အထပ် ၆၀ အဆောက်အအုံ အမြင့်ရှိကာ ကမ္ဘာ့အမြင့်ဆုံးရေအားလျှပ်စစ်သိုလှောင်ဆည်ဖြစ်သည်။ အဆိုပါ ရေလှောင်ကန်သည် ရေ ကုဗမီတာ ၁၇.၀၇ သန်း သိုလှောင်နိုင်ကြောင်းသိရသည်။
ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၏ စက်မှုလုပ်ငန်းအားကောင်းရာ ကျန်းဆူးတွင် စံချိန်တင်လျှပ်စစ်လိုအပ်မှုနှင့် ရင်ဆိုင်နေရသည်။တစ်ချိန်တည်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပမာဏ ဆက်လက်မြင့်တက်နေရာတွင် စွမ်းအင်သိုလှောင်ရာအဆောက်အအုံလိုအပ်ချက်လည်း ကြီးထွားနေဆဲဖြစ်သည်။
အပြည့်အဝလည်ပတ်သောအခါ စွမ်းအင်စခန်းသည် သုံးစွဲမှုအမြင့်ဆုံးအချိန်တွင် ဓာတ်အားလိုင်း ဖိအားကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး နေရောင်ခြည်နှင့်လေကဲ့သို့ ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှ စွမ်းအင်သုံးစွဲမှုကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း State Grid Zhenjiang စွမ်းအင်ထောက်ပံ့ရေးကုမ္ပဏီ မှ Wang Chenhui ကပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်ဓာတ်အားလိုင်းတွင် သိုလှောင်ရေအားလျှပ်စစ်ထုတ်ယူရေးယူနစ်ပေါင်း ၇၈ ခု လည်ပတ်ခဲ့ပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ ၄၄.၅၃ ဂစ်ဂါဝပ် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ဖုန်းနင် မန်ချူးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ဖုန်းနင် သိုလှောင်စွမ်းအင်စခန်းရေလှောင်ကန်တစ်ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

……………………
(English Version)
World’s tallest-dam pumped-storage hydropower plant fully operational in E China
NANJING, Oct. 28 (Xinhua) — China on Tuesday launched a pumped-storage hydropower station featuring the world’s tallest dam of its kind in Jiangsu, the eastern economic powerhouse province.
Located in the city of Jurong and built by a subsidiary of State Grid Corporation of China, the fully operational facility has a total installed capacity of 1.35 gigawatts and is expected to generate 1.35 billion kilowatt-hours of electricity annually.
The hydropower plant uses off-peak electricity to pump water from a lower reservoir to an upper one, storing water that can be released to generate power when demand surges.
Its upper reservoir dam stands 182.3 meters high, roughly the height of a 60-story building, making it the tallest pumped-storage dam in the world. The reservoir can hold up to 17.07 million cubic meters of water.
Jiangsu, an industrial powerhouse in the Yangtze River Delta, faces record-breaking electricity demand. Meanwhile, as renewable energy capacity continues to surge, demand for energy storage facilities is also growing.
Once fully operational, the power station can help ease grid pressure during peak time and boost the consumption of power generated from renewable energy sources like wind and solar, said Wang Chenhui of the State Grid Zhenjiang Power Supply Company.
Since 2021, State Grid has put 78 pumped-storage hydropower generating units into operation, bringing the total power generation capacity of this kind to 44.53 gigawatts.
Photo (1) A drone photo taken on Dec. 31, 2024 shows the underground workshop of Fengning pumped-storage power station in Fengning Manchu Autonomous County, north China’s Hebei Province (Photo by Wang Liqun/Xinhua)
Photo (2) A drone photo taken on Dec. 31, 2024 shows a reservoir of Fengning pumped-storage power station in Fengning Manchu Autonomous County, north China’s Hebei Province. (Photo by Wang Liqun/Xinhua)