Connect with us

China

ရှီးဇန့်ငလျင်လှုပ်ခတ်ပြီး ၁၀ လအတွင်း အိမ်အလုံးပေါင်း ၃၂,၅၀၀ ကို ပြန်လည်တည်ဆောက်ပြီးစီး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရစ်ခါးကျယ်မြို့၊ တိန့်ရစ် ခရိုင်ရှိ ရွာတစ်ရွာတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေမှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

လားဆ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိန့်ရစ်ခရိုင်တွင် ပြင်းအား ၆.၈ မဂ္ဂနီကျုအဆင့်ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အချိန်ကာလ ၁၀ လပင် မရှိသေးချိန်တွင် ပျက်စီးသွားခဲ့သည့် သို့မဟုတ် ထိခိုက်ပျက်စီးသွားခဲ့သည့် အိမ်အလုံးပေါင်း ၃၂,၅၀၀ ကျော်ကို ပြန်လည်တည်ဆောက်ပေးခဲ့ပြီးဖြစ်သလို ထိခိုက်ဆုံးရှုံးခဲ့သည့်ဒေသခံများထံသို့ နေအိမ်များ ပြန်လည်လွဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရစ်ခါးကျယ်မြို့တော်အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းစဥ်ကို ခရိုင် ၇ ခုရှိ ကျေးရွာပေါင်း ၄၆၈ ရွာတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အိမ်အလုံးပေါင်း ၂၂,၀၀၀ ကျော်ကို ပြန်လည်တည်ဆောက်ခြင်း၊ အိမ်အလုံးပေါင်း ၁၀,၅၀၀ ကို ပြန်လည် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသခံများကို အိမ်အသစ်များဆီသို့ ပထမအသုတ်ပြောင်းရွှေ့မှုအား သြဂုတ်လအတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီး သုံးရက်အတွင်း၌ပင် ရှီးဇန့် တာဝန်ရှိသူများက ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးစီမံကိန်းကို မိတ်ဆက်ခဲ့ပြီး အပျက်အစီးများအား ရှင်းလင်းမှု၊ အိမ်ရာဒီဇိုင်းများရေးဆွဲခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများအပါအဝင် ကနဦးလုပ်ငန်းစဥ်များကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဥ်များလုပ်ဆောင်ခဲ့ရာတွင် ပင်လယ်ရေမျက်နှာပြင်အမြင့် ပျမ်းမျှ မီတာ ၄,၀၀၀ ကျော်၊ အချို့သောနေရာများတွင် ပျမ်းမျှ မီတာ ၅,၀၀၀ မြင့်မားသည့် နေရာများ၌ လုပ်ဆောင်ခဲ့ရပြီး အအေးလွန်ကဲခြင်း၊ အောက်ဆီဂျင်ကျဆင်းမှု၊ ရှုပ်ထွေးသော ဘူမိဗေဒဆိုင်ရာများကို ကြုံတွေ့ခြင်းကဲ့သို့ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် ထိုကဲ့သို့ အခြေအနေများကို ကြုံတွေ့ခဲ့ရသော်လည်း ကုမ္ပဏီစုစုပေါင်း ၁၃၄ ခုက ဝန်ထမ်းအလုပ်သမားပေါင်း ၆၁,၀၀၀ ကျော်နှင့် ပြည်သူ့ဝန်ထမ်း ၆,၆၀၀ က စီစဥ်သတ်မှတ်ထားသည့်အတိုင်း နေအိမ်အားလုံး ပြန်လည်တည်ဆောက် ပြီးစီးရေးအာမခံနိုင်ရန် လုပ်ငန်းခွင်တွင် အတူတကွလုပ်ကိုင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

……………………
(English Version)
32,500 houses restored, rebuilt within 10 months after earthquake hits Xizang
LHASA, Oct. 30 (Xinhua) — Less than ten months after a 6.8-magnitude earthquake hit Xizang’s Dingri County, more than 32,500 destroyed or damaged houses have been restored and handed over to affected residents, according to the authorities of Xigaze City.
The restoration work covered 486 villages in seven counties, resulting in the reconstruction of more than 22,000 houses and the reinforcement of an additional 10,500 homes. The first batch of quake-affected residents have moved into new homes in August.
Within three days of the earthquake, Xizang launched a post-disaster reconstruction plan and began preliminary work, which included housing design, surveying and debris clearance.
Carried out at an average altitude of over 4,000 meters — reaching up to 5,300 meters in some areas — the reconstruction faced severe challenges such as extreme cold, low oxygen and complex geology. Despite these conditions, a total of 134 companies, together with over 61,000 workers and 6,600 public sector employees, worked on-site to ensure all the houses were completed on schedule. ■
Photo:
Rescuers work at a village in Dingri County in Xigaze, southwest China’s Xizang Autonomous Region, Jan. 7, 2025. (Xinhua/Jigme Dorje)