Connect with us

China

မွန်ဂိုးလီးယားနိုင်ငံက ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၇၅၀,၀၀၀ ကျော်ကို ကြိုဆိုခဲ့

မွန်ဂိုလီးယားနိုင်ငံ မြို့တော်ဦလန်ဘာတာတွင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဦလန်ဘာတာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မွန်ဂိုးလီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းက အောက်တိုဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သော တရားဝင်အချက်အလက်များအရ မွန်ဂိုးလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံခြားခရီးသွားဧည့်သည် ၇၅၁,၈၇၉ ဦးကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုကာလအတွင်း အဆိုပါနိုင်ငံခြားခရီးသွားဧည့်သည်အများစုမှာ တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း အချက်အလက်များက ဖော်ပြထားသည်။
လက်ရှိတွင် မွန်ဂိုးလီးယား၏ စီးပွားရေးသည် သတ္တုတွင်းကဏ္ဍနှင့် သတ္တုအရင်းအမြစ်များ တင်ပို့မှုအပေါ် များစွာမူတည်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအခြေအနေတွင် နိုင်ငံ၏စီးပွားရေးကို ကွဲပြားစေရန်နှင့် ၎င်း၏ခရီးသွားလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

နိုင်ငံ၏ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဝန်ကြီးဌာန၏ အဆိုအရ မွန်ဂိုးလီးယားအစိုးရသည် နိုင်ငံတွင် လေးရာသီခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် “မွန်ဂိုးလီးယားသို့ လာရောက်လည်ပတ်ရေးနှစ်များ” ခရီးသွားလုပ်ငန်းအစီအစဉ်ကို ၂၀၂၈ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Mongolia welcomes over 750,000 foreign tourists so far this year
ULAN BATOR, Oct. 30 (Xinhua) — Mongolia has attracted a total of 751,879 foreign tourists since the beginning of 2025, according to official data released by the Mongolian Tourism Organization on Wednesday.
During the period, the majority of the foreign tourists came from China, Russia and South Korea, the data showed.
At present, Mongolia’s economy depends heavily on the mining sector and on the export of mineral resources. Therefore, sustainable tourism development is considered one of the priorities for diversifying the country’s economy and increasing the competitiveness of its tourism in the context of global competition.
According to the country’s Ministry of Culture, Sport, Tourism and Youth, the Mongolian government has decided to continue the “Years to Visit Mongolia” tourism program until 2028 to promote the development of four-season tourism in the country. ■
English Caption
People present traditional clothing in Ulan Bator, Mongolia, July 9, 2022.(Photo by Suriya/Xinhua)