China
အကျိုးမရှိသည့် သဏ္ဌာန်ဆောင်သော လုပ်ထုံးလုပ်နည်းများကို ဆက်လက်စီမံပြုပြင်ရန် CPC အကြီးတန်း တာဝန်ရှိသူ တိုက်တွန်း
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) အဆင့်မြင့်တာဝန်ရှိသူ ချိုက်ချီက အခြေခံအဆင့်အရာရှိများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မှုသက်သာစေသည့် သဏ္ဌာန်ဆောင်သော အကျိုးမရှိသည့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်စီမံပြုပြင်ရန် လိုအပ်ကြောင်း အလေးအနက်ထားပြောကြားလိုက်သည်။
CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၊ အမြဲတမ်းကော်မတီ၏အဖွဲ့ဝင်လည်းဖြစ်သလို CPC ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့ဝင် ချိုက်က သဏ္ဌာန်ဆောင်သော အကျိုးမရှိသည့် လုပ်ထုံးလုပ်နည်းများကြောင့် အခြေခံအဆင့်တာဝန်ရှိသူများအပေါ် ဖြစ်ပေါ်သောဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မှတ်ချက်ချပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စီမံပြုပြင်မှုလုပ်ငန်း ၈ ရပ် ညွှန်ကြားချက်ကို အခိုင်အမာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း(၂၀၂၁-၂၀၂၅) ကို အောင်မြင်ပြီးမြောက်အောင်လုပ်ဆောင်ရေးနှင့် ၁၅ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း (၂၀၂၅-၂၀၃၀) တာထွက်ကောင်းမွန်ရေးအတွက် ခိုင်မာသောအာမခံချက်ထောက်ပံ့ပေးရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ရန် ချိုက်ချီက တိုက်တွန်းခဲ့သည်။
ရေတိုအကျိုးစီးပွားကို အလျင်စလိုဖော်ဆောင်ခြင်း၊ သတိမမူဘဲ ဆုံးဖြတ်ချက်ချခြင်း၊ အစည်းအဝေးများအလွန်အကျွံပြုလုပ်ခြင်း၊ စာရွက်စာတမ်းကိစ္စရပ် အတိုင်းထက်အလွန် များပြားခြင်း၊ ထိရောက်မှု နည်းပါးခြင်း၊ အကျိုးမဲ့သဏ္ဌာန်ဆောင်ဝါဒတို့ကဲ့သို့ ကိစ္စရပ်ပြဿနာကို ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် အပြန်အလှန်ဖလှယ်ခြင်းများဖြင့် ကိုင်တွယ်ဖြေရှင်းရန်လည်း အဆိုပါ အစည်းအဝေးက အလေးပေးတိုက်တွန်းခဲ့သည်။
ဩဂုတ်လက ထုတ်ပြန်ခဲ့သော အခြေခံအဆင့်အရာရှိများအတွက် အကျိုးမရှိသော သဏ္ဌာန်ဆောင် လုပ်ထုံးလုပ်နည်းများကို စီမံပြုပြင်ခြင်းနှင့် ဝန်ထုပ်ဝန်ပိုးလျှော့ချခြင်းဆိုင်ရာ စည်းမျဉ်းများကို ဥပဒေနှင့်အညီ တစ်သမတ်တည်း တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းလည်း အစည်းအဝေးမှ အလေးပေး တိုက်တွန်းခဲ့သည်။ (Xinhua)
…………………..
(English Version)
Senior CPC official calls for continued efforts to curb pointless formalities
BEIJING, Oct. 29 (Xinhua)
Senior Communist Party of China (CPC) official Cai Qi has stressed the need to continue rectifying pointless formalities to ease the burdens on primary-level officials.
Cai, a member of the Standing Committee of the Political Bureau of the CPC Central Committee and a member of the CPC Central Committee Secretariat, made the remarks on Tuesday at a meeting aimed at reducing the burden of primary-level officials caused by pointless formalities.
Cai urged steadfast implementation of the central Party leadership’s eight-point decision on improving conduct and making consistent and sustained efforts in this regard, to provide a strong guarantee for the successful conclusion of the 14th Five-Year Plan (2021-2025) and a good start to the 15th Five-Year Plan (2026-2030).
The meeting stressed addressing problems such as pursuing quick success and instant benefits, blind decision-making, excessive meetings and paperwork, low efficiency, as well as formalities in conducting supervision, inspection, evaluation, research and exchanges.
It also emphasized that the regulations on rectifying pointless formalities and reducing the burden on primary-level officials, issued in August, must be strictly implemented with consistent and thorough enforcement. ■
Photo:
Cai Qi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and a member of the CPC Central Committee Secretariat, speaks at a mobilization meeting on a lecture program for promoting the guiding principles from the fourth plenary session of the 20th CPC Central Committee in Beijing, capital of China, Oct. 27, 2025. (Xinhua/Yan Yan)
