China
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မလေးရှားပြခန်းက အမေရိကန်ဒေါ်လာ ၈၉ သန်း ရောင်းချနိုင်ခဲ့

ကွာလာလမ်ပူ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာလအတွင်းက ကျင်းပခဲ့သော ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) တွင် ပါဝင်ခင်းကျင်းပြသခဲ့သည့် မလေးရှားနိုင်ငံ၏ မလေးရှားပြခန်းသည် အောင်မြင်မှုရရှိကာ ရင်းဂစ် ၃၇၆.၁၄ သန်း (အမေရိကန်ဒေါ်လာ ၈၉.၄ သန်း) ရောင်းချနိုင်ခဲ့ကြောင်း မလေးရှားပြည်ပကုန်သွယ်ရေးအေဂျင်စီ၏ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
မလေးရှားပြခန်းသည် အဆိုပါကုန်စည်ပြပွဲတွင် ကဏ္ဍအသီးသီးမှ အေဂျင်စီများ၊ ဝန်ကြီးဌာန ၈ ခု အပါအဝင်ခင်းကျင်းပြသသည့်အဖွဲ့ပေါင်း ၇၀ ပါဝင်ပြသခဲ့ပြီး တရုတ်-အာဆီယံဈေးကွက်ရှိ မလေးရှားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ခိုင်မာသော ဝယ်လိုအားနှင့် ကြီးထွားလာမည့် အခွင့်အလမ်းများကို မြင့်တင်ပေးနိုင်ခဲ့ကြောင်း မလေးရှားပြည်ပကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (MATRADE) ၏ ထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြခဲ့သည်။
အေဂျင်စီ၏ အမှုဆောင်အရာရှိချုပ် မွတ်ဒ်မူစတာဖာအဗ္ဗဒူအဇစ်က ယင်းကဲ့သို့ အောင်မြင်ဖြစ်ထွန်းခဲ့မှုသည် မလေးရှားနိုင်ငံ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများ၏ ယှဉ်ပြိုင်နိုင်စွမ်း အောင်မြင်မှုများကို ထပ်လောင်းသက်သေပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သည် အာဆီယံအဖွဲ့အတွင်း မလေးရှားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးတံခါးသစ်များ ပိုမိုဖွင့်လှစ်ပေးရန် MATRADE က ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“အခုလို ထင်ရှားကျော်ကြားတဲ့ကုန်စည်ပြပွဲကြီးမှာ MATRADE ပါဝင်ခဲ့တာက မလေးရှားကုမ္ပဏီတွေ အနေနဲ့ နိုင်ငံရဲ့အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖွဲ့ဆီမှာ ခြေကုပ်ယူပြီး ပိုမိုတောင့်တင်းအောင်မြင် လာစေဖို့ ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ MATRADE ရဲ့ မယိမ်းမယိုင်တဲ့ ကတိကဝတ်ကို ထင်ဟပ်စေ ပါတယ်” ဟု မွတ်ဒ်မူစတာဖာအဗ္ဗဒူအဇစ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိကျင်းပခဲ့သော ၂၂ ကြိမ်မြောက် CAEXPO သည် တရုတ်ဈေးကွက်တွင် ၎င်းတို့၏ လုပ်ငန်းများကို ဝင်ရောက်ချဲ့ထွင်ရန် ရည်ရွယ် ထားသော မလေးရှားပို့ကုန်လုပ်ငန်းရှင်များအတွက် အထိရောက်ဆုံးပလက်ဖောင်းတစ်ခုဖြစ်ခြင်းကို သက်သေပြခဲ့ခြင်းဖြစ်ကြောင်း မွတ်ဒ်မူစတာဖာအဗ္ဗဒူအဇစ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Malaysia Pavilion secures sales worth 89 mln USD at 22nd China-ASEAN Expo
KUALA LUMPUR, Oct. 2 (Xinhua) — Malaysia’s Pavilion successfully concluded its run at the 22nd China-ASEAN Expo (CAEXPO) held last month in Nanning, China with total sales amounting to 376.14 million ringgit (89.4 million U.S. dollars), the country’s external trade agency said on Thursday.
The Malaysia Pavilion, which comprised 70 exhibitors including eight ministries and agencies across various sectors, boosted their exposure and underscored the strong demand and growing opportunities for Malaysian products and services in the China-ASEAN market, the Malaysia External Trade Development Corporation (MATRADE) said in a statement.
The agency’s chief executive officer Mohd Mustafa Abdul Aziz said the achievement reaffirms the competitiveness of Malaysia’s products and services, adding that MATRADE remains committed to opening more doors for Malaysian businesses to thrive in China and the wider ASEAN grouping.
“MATRADE’s participation in this prominent event reflects our unwavering commitment to supporting Malaysian companies in strengthening their foothold in Malaysia’s largest trading partner,” he said.
Held from Sept. 17 to 21 in Nanning, China, the 22nd CAEXPO has proven to be one of the most effective platforms for Malaysian exporters aiming to enter and expand their businesses in the Chinese market, it added. ■
Photo:
A visitor shakes hands with a humanoid robot at the Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 17, 2025. Xinhua/Hu Qiusi)