China
တံတောင်ဆစ်ခွဲစိတ်မှုဒဏ်ရာကြောင့် ဝူဟန့်အိုးပင်းမှ ကျိန့်ချင်းဝန်နုတ်ထွက်

ဝူဟန့်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းတင်းနစ်မယ် ကျိန့်ချင်းဝန်က ယာဘက် တံတောင်ဆစ်ခွဲစိတ်မှုမှ ပြန်လည်သက်သာရန် ထပ်မံအနားယူရဦးမည်ဖြစ်သဖြင့် ခြေစစ်ပွဲများအပါအဝင် အောက်တိုဘာ ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် ဝူဟန့်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ကြောင်း ပြိုင်ပွဲစီစဉ်သူများက အောက်တိုဘာ ၃ ရက်၌ ကြေညာခဲ့သည်။
ကျိန့်က ၎င်း၏ ဒဏ်ရာမှာ အပြည့်အဝမသက်သာသေးကြောင်း ပြောကြားထားသည့် ဗီဒီယိုထုတ်ပြန်ချက်တစ်ခုကို ဝူဟန့်အိုးပင်းပွဲစီစဉ်သူများက Weibo တွင် တင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မရဲ့အသင်း၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် ကျွန်မအနေနဲ့ ဒီနှစ်ဝူဟန့်အိုးပင်းကနေ နုတ်ထွက်ဖို့ ကြေညာရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အထူးသဖြင့် ကျွန်မရဲ့ ဇာတိမြို့က ပရိသတ်တွေနဲ့ ပရိသတ်တွေအားလုံးဆီက ပံ့ပိုးမှုတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။ လာမယ့်နှစ် ဝူဟန့်အိုးပင်းမှာ ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်ရှင်” ဟု ကျိန့်က ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်က အောက်တိုဘာ ၅ ရက်အထိ ပေကျင်း၌ ကျင်းပမည့် China Open ပြိုင်ပွဲ၌ လွန်ခဲ့သည့် သီတင်းပတ်က ပြန်ကစားခဲ့သော်လည်း ၎င်း၏ တတိယအကျော့ပွဲစဉ်၏ တတိယပွဲငယ်၌ ဆက်မကစားနိုင်တော့ဘဲ ရပ်နားခဲ့သည်။
ကျိန့်သည် ဝင်ဘယ်လ်ဒမ်ပြိုင်ပွဲ၌ ပထမအကျော့ရှုံးနိမ့်ခဲ့ပြီးနောက် ဇူလိုင်တွင် တံတောင်ဆစ်ခွဲစိတ်ကုသမှု ခံယူခဲ့သည်။ ကမ္ဘာ့နံပါတ် ၉ ကစားသမား ကျိန့်သည် ပေကျင်း၌ ပြန်ကစားရန် မကြိုးပမ်းမီ ယူအက်စ်အိုးပင်းနှင့် အခြားတင်းနစ်ပြိုင်ပွဲများစွာကိုလည်း လွဲချော်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Zheng Qinwen withdraws from Wuhan Open after elbow surgery setback
WUHAN, Oct. 3 (Xinhua) — China’s top-ranked tennis player Zheng Qinwen has withdrawn from the Wuhan Open as she continues to recover from right elbow surgery, the tournament’s organizers announced on Friday.
The Wuhan Open organizers posted a video statement from Zheng on Weibo, in which she said she has not yet fully recovered.
“After consulting with doctors and my team, I’m sorry to announce my withdrawal from this year’s Wuhan Open. I’m very grateful for the support from all fans, especially those from my hometown. I look forward to seeing you at the Wuhan Open next year,” said Zheng.
The 22-year-old returned last week at the China Open but retired in the third set of her third-round match.
Zheng underwent elbow surgery in July following a first-round loss at Wimbledon. The world No. 9 missed the US Open and several other tournaments before attempting her comeback in Beijing. ■
English Caption
Zheng Qinwen reacts during the women’s singles third round match against Linda Noskova at the 2025 China Open in Beijing on Sept. 29, 2025. (Xinhua/Na Yuqi)