Connect with us

China

သမ္မတရှီ လူဇင်ဘတ်နိုင်ငံ Grand Duke Guillaume နန်းတက်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် လူဇင်ဘတ်နိုင်ငံ၏ Grand Duke Guillaume ၏ နန်းတက်ခြင်းအတွက် အောက်တိုဘာ ၃ ရက်က ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။
သမ္မတရှီ၏ သဝဏ်လွှာတွင် တရုတ်နိုင်ငံနှင့် လူဇင်ဘတ်နိုင်ငံတို့သည် လွန်ခဲ့သောနှစ် ၅၀ ကျော် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမြဲလေးလေးစားစားရှိခဲ့ကာ တန်းတူရည်တူ ဆက်ဆံပြုမူခဲ့ကြကြောင်း၊ မတူညီသောအရွယ်အစား၊ စနစ်များနှင့် ဖွံဖြိုးတိုးတက်မှုများတွင် နှစ်နိုင်ငံကြား အပြန်အလှန်အောင်မြင်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၏ စံနမူနာတစ်ခုဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ယနေ့အချိန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် သံမဏိ၊ ဘဏ္ဍာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအပါအဝင် ကဏ္ဍများတွင် အကျိုးများသောရလဒ်များထွက်ပေါ်ခဲ့ကြောင်း ကျိန့်ကျိုး-လူဇင်ဘတ် လေကြောင်းပိုးလမ်းမသည် တရုတ်-ဥရောပ စက်မှုလုပ်ငန်းထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်ချောမွေ့စေရေး အထောက်အကူပြုလျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီက Guillaume နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးဖွံဖြိုးတိုးတက်မှုကို အထူးအလေးထားပါကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကြီးမားသောအကျိုးကျေးဇူးများ ဆောင်ကြဉ်းလာနိုင်ရန် တရုတ်-လူဇင်ဘတ် ဆက်ဆံရေးအဆင့်သစ်များဆီသို့ မြှင့်တင်ရန် အတူလုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့တွင်ပင် သမ္မတရှီသည် နန်းစွန့်သွားသည့် လူဇင်ဘတ်နိုင်ငံ၏ Grand Duke ဟင်နရီထံသို့လည်း နှုတ်ဆက်ဆုတောင်းစကားပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Xi congratulates Luxembourg’s Grand Duke Guillaume on enthronement
BEIJING, Oct. 3 (Xinhua) — Chinese President Xi Jinping on Friday sent a congratulatory message to Luxembourg’s Grand Duke Guillaume on his enthronement.
In his message, Xi pointed out that China and Luxembourg have always respected and treated each other equally since the establishment of diplomatic ties more than 50 years ago, serving as a model of mutual success and mutual benefit between countries of different sizes, systems and stages of development.
Today, bilateral cooperation has produced fruitful outcomes in sectors including steel, finance and logistics, with the Zhengzhou-Luxembourg “Air Silk Road” contributing to the stable and smooth flow of China-Europe industrial chains, he said.
Xi said that he attaches great importance to the development of bilateral relations and is willing to work with Guillaume to elevate China-Luxembourg ties to new levels so as to bring greater benefit to the people of both countries.
On the same day, Xi also sent a message of greetings and wishes to former Grand Duke of Luxembourg Henri, who has abdicated the throne.