Connect with us

China

ရှန်ဟိုင်းမြို့၌ ကျင်းပနေသည့် ၈ ကြိမ်မြောက် CIIE ပြပွဲက တရုတ်စျေးကွက်ကို ကမ္ဘာကြီးအတွက် တစ်ဆင့်တိုးဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု ကမ္ဘောဒီးယားပြောကြား

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သည့် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE)ရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များပြခန်းနေရာကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်နေသည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) က တရုတ်စျေးကွက်ကို ကမ္ဘာကြီးအတွက် တစ်ဆင့်တိုးဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၅ ရက်က ထုတ်ပြန် ခဲ့သော သတင်းတစ်ရပ်တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်တစ်ဦးဖြစ်သူ ဆမ် ဟန်ဘိုရာမှာ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိသည့် CIIE ပြပွဲ၏ နိုဝင်ဘာ ၅ ရက်ကပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်မှုအရသိရသည်။
“တရုတ်နိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံတကာပြပွဲတွေထဲကတစ်ခုဖြစ်တဲ့အလျောက် သွင်းကုန်ပြပွဲဟာ ကုန်သွယ်ရေးလွတ်လပ်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို အားပေးမြှင့်တင် ပေးနိုင်ပါလိမ့်မယ်” ဟု သတင်းထုတ်ပြန်မှုတွင် ထည့်သွင်းဖော်ပြထားသည်။
“ခေတ်သစ်၊ အနာဂတ်မျှဝေမှု” ဟူသော ခေါင်းစဥ်ဖြင့်ကျင်းပသည့် CIIE ပြပွဲသည် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၅၅ ခုမှ ပြည်ပ ပြပွဲလာရောက်ပြသသူ စုစုပေါင်း ၄,၁၀၈ ဦးကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ပြပွဲစီစဉ်သူများ၏ ပြောကြားမှုအရသိရသည်။
ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ပန်ဆိုဗီချိက ကမ္ဘောဒီးယားနိုင်ငံသည် ပြပွဲစတင်ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက CIIE ပြပွဲတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တရုတ်နှင့် နိုင်ငံတကာ စားသုံးသူများနှင့် ပြပွဲလာရောက်ပြသသူများအတွက် ရည်ရွယ်ခင်းကျင်းပြသနိုင်ရန် ကမ္ဘောဒီးယားနိုင်ငံပြခန်းတစ်ခုကို ပါဝင်ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။
CIIE ပြပွဲမှာ ပြည်ပစီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ အလားအလာရှိသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တရုတ်စားသုံးသူများအား ခင်းကျင်းပြသခွင့်ရစေသည့် တစ်မူထူးခြားသည့် အခွင့်အလမ်း တစ်ခုအဖြစ် ထောက်ကူပေးနိုင်ခဲ့ကြောင်းလည်း ဆိုဗီချိက ပြောကြားခဲ့သည်။
“အခုကျင်းပနေတဲ့ နိုင်ငံတကာသွင်းကုန်ပြပွဲဟာ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးနဲ့ နိုင်ငံစုံပါဝင်မှုဝါဒကို အားပေးမြှင့်တင်နိုင်ဖို့နဲ့ တရုတ်စျေးကွက်ကို ကမ္ဘာကြီးအတွက် ပိုမိုကျယ်ပြန့်စွာဖွင့်လှစ်ပေးနိုင်ဖို့ဆိုတဲ့ တရုတ်နိုင်ငံရဲ့ မဆုတ်မနစ်တဲ့ ကတိကဝတ်ကို အစစ်အမှန် ထင်ဟပ်စေနိုင်ပါတယ်” ဟုလည်း ဆိုဗီချိက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Cambodia says 8th CIIE in Shanghai to further open Chinese market to the world
PHNOM PENH, Nov. 5 (Xinhua) — The eighth China International Import Expo (CIIE) in Shanghai will further open the Chinese market to the world, said a Cambodian Ministry of Commerce’s news release on Wednesday.
Samheng Bora, a secretary of state of the Cambodian Ministry of Commerce, attended the opening ceremony of the expo on Wednesday morning, which is being held from Nov. 5 to 10 in east China’s Shanghai, according to the news release.
“As one of China’s major international events, the expo promotes trade liberalization and global economic cooperation,” the news release said.
With the theme “New Era, Shared Future,” the expo has attracted a total of 4,108 overseas exhibitors from 155 countries, regions and international organizations, according to the organizer.
Cambodian Ministry of Commerce’s Secretary of State and Spokesperson Penn Sovicheat said the Southeast Asian nation had taken part in the CIIE since its inception in 2018, setting up a Cambodian National Pavilion to showcase premium products and services to Chinese and international consumers and exhibitors.
“The CIIE has provided a unique opportunity for foreign enterprises to display their potential products and services to Chinese customers, business people, and investors,” he told Xinhua.
“This international trade event has truly reflected China’s unwavering commitment to promoting global trade and multilateralism and to opening the Chinese market broader to the world,” Sovicheat said. ■
Photo
This photo taken on Nov. 4, 2025 shows a view of the Medical Equipment & Healthcare Products exhibition area of the eighth China International Import Expo (CIIE) in east China’s Shanghai. (Xinhua/Meng Chenguang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.