China
တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပထမ ၁၀ လတာအတွင်း ၃.၆ ရာခိုင်နှုန်း မြင့်တက်
ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမ ၁၀ လတာအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်စည် ပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ်ငွေအရ ယွမ် ၃၇.၃၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၂၇ ထရီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များက နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါတိုးတက်မှုနှုန်းမှာ ယခုနှစ် ပထမကိုးလတာအတွင်း ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ နှေးကွေးသွားခဲ့ခြင်းဖြစ်ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနက ဆိုသည်။
အောက်တိုဘာလတစ်လတည်း၌မူ တရုတ်နိုင်ငံ၏ ကုန်စည်တင်သွင်းမှုနှင့် တင်ပို့မှုများမှာ ယခင်နှစ်ကာလတူထက် ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၃.၇ ထရီလီယံ ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
China’s foreign trade up 3.6 pct in first 10 months
BEIJING, Nov. 7 (Xinhua) — China’s total goods imports and exports in yuan-denominated terms rose to 37.31 trillion yuan (about 5.27 trillion U.S. dollars) in the first 10 months of 2025, up 3.6 percent year on year, official data showed Friday.
The growth rate slowed from an increase of 4 percent registered in the first nine months of the year, according to the General Administration of Customs.
In October alone, China’s goods imports and exports edged up 0.1 percent year on year to 3.7 trillion yuan. ■
English Caption
A drone photo shows a cargo ship departing Qingdao Port in Qingdao, east China’s Shandong Province, Oct. 29, 2025. (Xinhua/Li Ziheng)
