Connect with us

China

တရုတ်နိုင်ငံ သတင်းဌာနနှင့် ပါလက်စတိုင်းသတင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာသည့် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ပါလက်စတိုင်း တရားဝင်မီဒီယာ၏ အထွေထွေကြီးကြပ်ရေးမှူးနှင့် ပါလက်စတိုင်း သတင်းနှင့် သတင်းအချက်အလက်အေဂျင်စီ (WAFA) ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ အာမက်အာဆတ်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနနှင့် ပါလက်စတိုင်း သတင်းနှင့် သတင်းအချက်အလက် အေဂျင်စီ (WAFA) တို့သည် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ နိုဝင်ဘာ ၇ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး သတင်းထောက် လေ့ကျင့်ရေးနှင့် ပူးတွဲသတင်းယူခြင်းကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူညီခဲ့ကြသည်။
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက မီဒီယာပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူချင်းဖလှယ်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးသည့် တံတားတစ်စင်းအဖြစ် ဆောင်ရွက်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်ပြီး အပြန်အလှန် သင်ယူမှုနှင့် ဖလှယ်မှုများမှတစ်ဆင့် ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သင့်ကြောင်းလည်း ဖုဟွာက ပြောကြားခဲ့သည်။
ပါလက်စတိုင်း တရားဝင်မီဒီယာ၏ အထွေထွေကြီးကြပ်ရေးမှူးနှင့် WAFA ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ အာမက်အာဆတ်ကလည်း ပါလက်စတိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ မီဒီယာလုပ်ငန်းနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အလွန်အာရုံစိုက်ပြီး ဆင်ဟွာသတင်းဌာနနှင့် အခြားတရုတ်မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………..
(English Version)
Chinese, Palestinian news agencies sign MoU on cooperation
BEIJING, Nov. 7 (Xinhua) — Xinhua News Agency and the Palestinian News and Information Agency (WAFA) signed a memorandum of understanding (MoU) on cooperation in Beijing on Friday, agreeing on expanding collaboration in areas such as journalist training and joint reporting.
Fu Hua, president of Xinhua, said that media cooperation constitutes an important part of people-to-people exchange, and serves as a bridge that enhances the mutual understanding and friendship between the two peoples.
Fu said the two institutions should expand cooperation in various fields and promote common development through mutual learning and exchange.
Ahmed Assaf, general supervisor of Palestinian Official Media and chairman of the Board of Directors of WAFA, said that Palestine pays great attention to the development of China’s media industry and technology, and is willing to strengthen cooperation with Xinhua and other Chinese media organizations. ■
English Caption
President of Xinhua News Agency Fu Hua and Ahmed Assaf, general supervisor of Palestinian Official Media and chairman of the Board of Directors of the Palestinian News and Information Agency (WAFA), attend the signing ceremony of a memorandum of understanding (MoU) on cooperation in Beijing, capital of China, Nov. 7, 2025. (Xinhua/Li Xiang)