China
စံနှုန်းမြင့် လယ်ယာမြေများအဖြစ် အရည်အသွေးမြင့်မားစွာ တည်ဆောက်ရန် တရုတ်နိုင်ငံဝန်ကြီးချုပ် တိုက်တွန်း
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က စားနပ်ရိက္ခာဖူလုံရေးကို ပိုမိုအထောက်အကူပြုရန်နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ရန်အတွက် စံချိန်စံနှုန်းမြင့် လယ်ယာမြေစိုက်ပျိုးမှုကို မြှင့်တင်ရန် တိုက်တွန်းလိုက်သည်။
ဝန်ကြီးချုပ်က အဆိုပါညွှန်ကြားချက်ကို နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ဆောင်းရာသီ-နွေဦးရာသီကာလအတွင်း စံချိန်စံနှုန်းမြင့် လယ်ယာမြေတည်ဆောက်ရေးနှင့် လယ်ယာမြေ ရေထိန်းသိမ်းရေး တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်ဗီဒီယိုဆွေးနွေးပွဲ၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း လယ်ယာမြေ ရေထိန်းသိမ်းရေး အခြေခံအဆောက်အအုံများနှင့် စံချိန်စံနှုန်းမြင့် လယ်ယာမြေများ တည်ဆောက်မှုကို အရှိန်မြှင့်တင်ခဲ့ပြီး ဆက်တိုက် သီးနှံအထွက်နှုန်းကောင်းစေရန်နှင့် လယ်သမားများ၏ ဝင်ငွေတိုးတက်မှုအတွက် ခိုင်မာသော အထောက်အပံ့များ ပေးခဲ့ကြောင်း လီက ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီဝင်တစ်ဦးလည်းဖြစ်သော လီက ကောက်ပဲသီးနှံများကို မြေယာနှင့် နည်းပညာဖြင့် သိုလှောင်ရန် ကြိုးပမ်းအားထုတ်မှုများနှင့် နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံ၏ စီမံကိန်းနောက်ဆုံးအဆင့် ကြိုးပမ်းမှုများကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
လယ်ယာမြေမြောင်းများကို ပြန်လည်ပြုပြင်ရန်၊ အချို့သောလွင်ပြင်များတွင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးကို တိုးတက်ကောင်းမွန်စေရန်နှင့် နိုင်ငံ၏ စိုက်ပျိုးရေးဘေးအန္တရာယ်များ ကာကွယ်ရန်နှင့် လျှော့ချရန် စွမ်းရည်ကို အားကောင်းစေရန် လိုအပ်ကြောင်း လီက အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် လုပ်ငန်းစဉ်တစ်ခုလုံး၏ စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်၊ စီမံကိန်းများ၏ အရည်အသွေးကို တင်းကြပ်စွာ ထိန်းချုပ်ရန်နှင့် လယ်သမားများနှင့် ပြည်သူလူထု ပိုမိုပါဝင်လာစေရန်အတွက် ရန်ပုံငွေကြီးကြပ်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။
ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးကလည်း တရုတ်နိုင်ငံ၏ ဘက်စုံစိုက်ပျိုးရေး ထုတ်လုပ်နိုင်စွမ်းအပြင် ဘေးအန္တရာယ်ကာကွယ်နိုင်စွမ်းနှင့် လျှော့ချနိုင်စွမ်းများကိုပါ မြှင့်တင်ရေးအတွက် နောက်ထပ်ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ စားနပ်ရိက္ခာဖူလုံရေးကို သေချာစေရန်နှင့် ခိုင်မာသော စိုက်ပျိုးရေးကဏ္ဍတစ်ခု တည်ဆောက်ရန် ရည်ရွယ်သည့် ဆောင်းဦးနှင့် ဆောင်းရာသီ မျိုးစေ့ကြဲခြင်းအတွက် အလုံးစုံအစီအစဉ်များ ရေးဆွဲရန်လည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Chinese premier calls for high-quality construction of high-standard farmlands
BEIJING, Nov. 7 (Xinhua) — Chinese Premier Li Qiang has called for the promotion of high-standard farmland cultivation to make greater contributions to ensuring food security, and to accelerating the modernization of agriculture and rural areas.
The premier’s instruction was delivered on Friday at a national video conference on high-standard farmland construction and farmland water conservancy construction over the winter-spring period.
Li said that recent years have seen the accelerated construction of farmland water-conservancy infrastructure and high-standard farmlands, providing strong support for consecutive bumper harvests and the sustained income growth of farmers.
Li, who is also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, urged efforts to store grain in the land and in technology, and to implement China’s latest round of initiatives to increase the country’s grain production capacity.
Li stressed the necessity of restoring farmland ditches, of improving flood control on certain plains, and of strengthening the country’s capacity to prevent and mitigate agricultural disasters.
He also highlighted the need to improve full-process management, strictly control the quality of projects, and strengthen fund supervision to attract the participation of more farmers and the public.
Addressing the conference, Vice Premier Liu Guozhong called for further efforts to enhance China’s comprehensive agricultural production capacity, as well as its disaster prevention and mitigation capabilities. He also called for the formulation of overall arrangements for autumn and winter sowing, aiming to lay a solid foundation to ensure food security and build a strong agricultural sector. ■
English Caption
An aerial drone photo taken on Oct. 22, 2025 shows reapers harvesting paddy rice at a high-quality farmland demonstration area in Tangya Town of Jindong District, Jinhua City in east China’s Zhejiang Province. (Xinhua/Xu Yu)
