Connect with us

China

တရုတ်ခရီးသွားလုပ်ငန်းအေးဂျင့်များအား MICE ခရီးသွားလုပ်ငန်းဆိုင်ရာများကို ဘရူနိုင်းနိုင်ငံက ဖိတ်ခေါ်ပြသ

ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဂျီရူဒေါင်းဥယျာဥ်၌ ပြုလုပ်ခဲ့သည့် ကာနီဗယ်ပွဲတော်တွင် မီးပုံးပျံလွှတ်တင်ရန် ဝန်ထမ်းများက ပြင်ဆင်နေပုံကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘန်ဒါဆရီဘီဂါဝန်၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာနက တရုတ်နိုင်ငံမှ ခရီးသွား လုပ်ငန်း ၆ ခုကို ဖိတ်ခေါ်ကာ ဆွေးနွေးပွဲများ၊ အကျိုးခံစားခွင့်များ၊ ညီလာခံများ၊ ပြပွဲများ (MICE) ခရီးသွားလုပ်ငန်းဆိုင်ရာများကို အထူးပြုထားသည့် ချစ်ကြည်ရင်းနှီးမှုအစီအစဥ်တစ်ခုကို မကြာမီက အိမ်ရှင်အဖြစ် ၅ ရက်ကြာ လက်ခံကျင်းပခဲ့ကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ရခြင်းမှာ ဘရူနိုင်းနိုင်ငံ၏ တစ်မူထူးခြားသည့် သဘာဝအလှ၊ ယဥ်ကျေးမှုနှင့် ဧည့်ဝတ်ပျူငှာမှုများကို ပေါင်းစပ်ပြသနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘရူနိုင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာန၏ နိုဝင်ဘာ ၆ ရက်က ဖော်ပြခဲ့မှုအရ အစီအစဉ်၏ အလေးပေးဖော်ပြချက်မှာ ဘရူနိုင်းနိုင်ငံ၏ သာယာအေးချမ်းသော ကမ်းရိုးတန်းသဘာဝရှုခင်းများနှင့် အတူ ကမ်းခြေနံဘေးအတွေ့အကြုံ၊ ကမ်းခြေအပြင်ဘက်တွင် စခန်းချနေထိုင်မှုကို ပေါင်းစပ်ထားသည့် ထူးခြားသည့်လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရသည်။ ပါဝင်ခဲ့သူများကလည်း ဘရူနိုင်းနိုင်ငံ၏ အထင်ကရနေရာ အများအပြားသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

အလည်အပတ်ခရီးစဉ်အတွင်း ဘရူနိုင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာနက တရုတ်ဈေးကွက် တွင် ဘရူနိုင်းနိုင်ငံ၏ ထင်သာမြင်သာရှိမှုကို မြှင့်တင်နိုင်ရေးအတွက် စျေးကွက်မြှင့်တင်ရေးများကို ဆောင်ရွက်ခြင်းများအပါအဝင် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်ရန် တရုတ်ခရီးသွားလုပ်ငန်းအေးဂျင့်များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘရူနိုင်းနိုင်ငံအား အပန်းဖြေခြင်းနှင့် စီးပွားရေးဆိုင်ရာ အခမ်းအနားများအတွက် အဆင့်အတန်းမြင့်မား၍ ငြိမ်းချမ်းသောနိုင်ငံတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်ရာတွင် အဆိုပါအစီအစဉ်များက အပြုသဘောဆောင်သော လမ်းကြောင်းပေါ်၌ရှိစေရန် အားဖြည့်ပံ့ပိုးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။ အလားတူ အဆိုပါ အစီအစဉ်က ဘရူနိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ အရှိန်အဟုန်ဖြင့် လာရောက်လည်ပတ်မှုမြင့်မားလာစေရန် ပံ့ပိုးပေးကြောင်းလည်း သိရသည်။ (Xinhua)

………………………..
(English Version)
Brunei showcases MICE tourism to Chinese travel agents
BANDAR SERI BEGAWAN, Nov. 9 (Xinhua)
Brunei’s Tourism Development Department recently hosted a five-day familiarization programme for six travel agents from China specializing in Meetings, Incentives, Conventions, and Exhibitions (MICE), aimed at showcasing the nation’s unique blend of nature, culture, and hospitality.
According to the department on Thursday, a highlight of the programme was a beachside experience, a distinctive activity combining outdoor camping with Brunei’s serene coastal scenery. Participants also toured several of the country’s iconic landmarks.
During the visit, the department engaged with the Chinese travel agents to explore potential collaborations, including cross-marketing promotions to boost Brunei’s visibility in the Chinese market.
Such programs play a key role in sustaining the positive trend while promoting Brunei as a premium yet peaceful destination for both leisure and business events. The initiative supports the growing momentum of Chinese travel to Brunei. ■
Photo:
Staff members prepare for the hot air balloon ride during a carnival at Jerudong Park in Bandar Seri Begawan, Brunei, Nov. 8, 2025. (Xinhua/Li Meng)