China
တရုတ်-ပြင်သစ်နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲကို ပေကျင်းမြို့တော်တွင် ကျင်းပပြုလုပ်
ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်-ပြင်သစ်နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲကို “အပြန်အလှန် စိတ်ချယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးရှိသော ရလဒ်များ – လာမည့် နှစ် ၆၀ တရုတ်-ပြင်သစ် ဆက်ဆံရေးမျက်နှာစာ” ဟူသော ခေါင်းစဉ်နှင့်အတူ တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် အောက်တိုဘာ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာနအကြီးအကဲ လျိုဟိုင်ရှင်းက၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှ လမ်းညွှန်အခြေခံမူများကို ယခုတွေ့ဆုံဆွေးနွေးပွဲတွင် အနှစ်ချုပ်ရှင်းလင်းပြောကြားခဲ့သည်။
တရုတ်-ပြင်သစ်ဆက်ဆံရေးမှာ ခေတ်သစ်စတင်ကတည်းက နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် လျင်မြန်ချောမွေ့သောလမ်းကြောင်းပေါ်သို့ ဦးတည်ထိန်းကျောင်းနိုင်ခဲ့သည်ဟု လျို က အလေးထားပြောကြားခဲ့သလို CPC အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများအကြားရရှိခဲ့သော သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံရေးရာ စီမံခန့်ခွဲမှုအတွေ့အကြုံများ၏ အပြန်အလှန်လေ့လာသင်ယူမှုကိုအားကောင်းခိုင်မာစေရန်၊ တရုတ်-ပြင်သစ်ဆက်ဆံရေး၏ ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် စသည့်အခန်းကဏ္ဍများတွင် အဓိကကျသော ပြင်သစ်နိုင်ငံရေး ပါတီများနှင့် လက်တွဲလုပ်ကိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ယခုတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြသော ပြင်သစ်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကလည်း အဆင့်မြင့်တံခါးဖွင့်လှစ်မှုကို ဆက်လက်အားပေးမြှင့်တင်သွားမည့် ၂၀ ကြိမ်မြောက် CPC ဗဟို ကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှပေးပို့ခဲ့သော ရှင်းလင်းပြတ်သားသည့် သတင်းစကားကို တွေ့မြင်ခဲ့ရခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု အားကောင်းခိုင်မာစေရန်၊ မဟာဗျူဟာမြောက် သီးခြားရပ်တည်မှုကို ထိန်းသိမ်းရန်၊ အပြန်အလှန်အကျိုးရှိသော ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးရယူရန်တို့အတွက် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ကိုင်လိုသည့် ၎င်းတို့၏လိုလားမှုကိုလည်း ထုတ်ဖော်ပြသခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူ ၄၀ ကျော်တွင် သက်ဆိုင်ရာ တရုတ်နိုင်ငံအစိုးရဌာနများနှင့် think tanks အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြင်သစ်နိုင်ငံရေးပါတီများဖြစ်သည့် ပြင်သစ်ပြန်လည်တိုးတက်ရေးပါတီ၊ ရီပတ်ဘလီကန်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ Horizons Party ၊ ပြည်ထောင်စုဒီမိုကရက်နှင့် လွတ်လပ်ရေး ပါတီများမှ အဖွဲ့ဝင်များ၊ ရှေ့အလားအလာနှင့် ဆန်းသစ်တီထွင်မှုဖောင်ဒေးရှင်းအကြီးအကဲ၊ တရုတ် နိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ အရာရှိများနှင့် တရုတ်နိုင်ငံအတွင်းရှိ ပြင်သစ်စီးပွားရေး အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။ (Xinhua)
……………………
(English Version)
China-France political parties dialogue held in Beijing
BEIJING, Oct. 31 (Xinhua)
The China-France political parties dialogue took place in the Chinese capital on Thursday, with the theme of “Mutual Trust, Cooperation and Win-Win Outcomes: China-France Ties Facing the Next 60 Years.”
Liu Haixing, head of the International Department of the Communist Party of China (CPC) Central Committee, outlined the guiding principles from the fourth plenary session of the 20th CPC Central Committee.
Noting that China-France relations have steered onto the fast track under the guidance of the two countries’ leaders since the new era, Liu said the CPC is willing to work with major French political parties to implement the consensus reached by the two heads of state, strengthen mutual learning of experience in state governance, and promote the healthy and stable development of China-France relations.
French participants in this dialogue said they were glad to see the clear message sent by the fourth plenary session of the 20th CPC Central Committee to continue promoting high-standard opening up, and expressed their willingness to work with China to strengthen mutual investment, uphold strategic independence and achieve win-win development.
The dialogue attendees, more than 40 in total, included representatives from relevant Chinese departments and think tanks, members of the French Renaissance Party, the Republican Party, the Socialist Party, the Horizons Party, the Union of Democrats and Independents, the head of the Prospective and Innovation Foundation, officials from the French Embassy in China, and members of the French business community in China. ■
Photo: No
