Connect with us

China

ကုန်တင်ရထားဝန်ဆောင်မှုအသစ်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်မြို့နှင့် ရုရှားနိုင်ငံ မော်စကိုမြို့ကို ချိတ်ဆက်ပေး

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ကျောင်းကျိုးဘူတာရုံမှ ထွက်ခွာနေသည့် ၁၁၀,၀၀၀ စင်းမြောက် တရုတ်-ဥရောပကုန်တင်ရထားကို ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလျင်ပြည်နယ်ရှိ နယ်စပ်မြို့ ဟွန်ချွန်းမှ ကုန်စည်ကုန်သေတ္တာ ၄၆ ခု တင်ဆောင်ထားသော ကုန်တင်ရထားတစ်စင်းသည် ရုရှားနိုင်ငံ၏ မြို့တော်မော်စကိုသို့ နိုဝင်ဘာ ၁၁ ရက်က ဦးတည်ထွက်ခွာခဲ့ပြီး ယင်းမှာ စာပို့ရထားဝန်ဆောင်မှုအသစ်စတင်ခြင်း အထိမ်းအမှတ်ဖြစ်စေခဲ့သည်။
ကုန်သေတ္တာတင်ရထားတွင် နေ့စဉ်လိုအပ်သောပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် အီလက်ထရွန်နစ်ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားသည်။

ရုရှားနိုင်ငံ၏ ရေခဲနေသော ကမ်းရိုးတန်းနှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ သီးခြားဖြစ်နေသော တောင်တန်းများ ဝန်းရံထားသည့် ဟွန်ချွန်းမြို့ငယ်လေးသည် ၎င်း၏ ရထားလမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တရုတ်နိုင်ငံအား ရုရှားနိုင်ငံနှင့်သာမက ဥရောပ၏ ကုန်းတွင်းပိုင်းဒေသနှင့်လည်း ဆက်သွယ်ပေးသည့် အရေးကြီးသော အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံး ဟွန်ချွန်း-မာခါလီနို ရထားလမ်း စာပို့အထူးရထားဝန်ဆောင်မှု စတင်ချိန်မှစ၍ ရထားခရီးစဉ် ၁၆၄ ခု ပြေးဆွဲခဲ့ပြီး ကုန်စည်အရေအတွက် ၃၈၀,၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်တွင် အဆိုပါရထားဝန်ဆောင်မှုအသစ် စတင်ခြင်းမှာ ထိုဒေသတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကုန်စည်များ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကို ပိုမိုလွယ်ကူစေရန် ခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
New freight train service links NE China border city with Moscow
CHANGCHUN, Nov. 12 (Xinhua) — A freight train carrying 46 containers of goods left the border city of Hunchun in northeast China’s Jilin Province on Tuesday heading for the Russian capital city of Moscow, marking the launch of a new postal train service.
The container train was fully loaded with goods including daily necessities, household appliances and electronic products.
Hemmed in by Russia’s frozen coastline and the secluded mountains of the Democratic People’s Republic of Korea (DPRK), the small city of Hunchun has become an important hub connecting China with both Russia and the hinterland of Europe — via the development of its railway network.
Since the launch of the first Hunchun-Makhalino Railway postal special train service in November 2023 — 164 train trips have been carried out, transporting over 380,000 items of goods.
The launch of the new train service on Tuesday is a step to further facilitate logistics and transportation of cross-border trade goods in this region. ■
English Caption
An aerial drone photo shows the 110,000th China-Europe freight train departing from Jiaozhou Railway Station in Qingdao, east China’s Shandong Province, June 10, 2025. (Xinhua/Li Ziheng)