Connect with us

China

လည်ပင်းဒဏ်ရာကြောင့် တရုတ်နိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲမှ ဝမ်မန့်ယွိ နုတ်ထွက်

တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၌ ဟဲပေပြည်နယ်မှ စွန်းရင်ဆားနှင့် ယှဉ်ပြိုင်ကစားရသည့် အမျိုးသမီးတစ်ဦးချင်းဖိုင်နယ်ပွဲစဉ်အား အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည့် ဟေးလုံကျန်းပြည်နယ်မှ ဝန်မန့်ယွိကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်မှ ဝမ်မန့်ယွိက တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲတွင် ကျင်းပမည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်လိုက်ကြောင်း ဟေးလုံကျန်းပြည်နယ် အားကစားဗျူရိုက နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။

ဝမ်သည် နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ Galaxy Arena အားကစားကွင်း၌ ကျင်းပခဲ့သော အမျိုးသမီးတစ်ဦးချင်းဖိုင်နယ်ပွဲတွင် ဟဲပေပြည်နယ်မှ စွန်းရင်ဆားကို ရမှတ် ၄-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်က အမျိုးသမီးအဖွဲ့လိုက် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဝမ်က ကျန်းဆူးပြည်နယ်မှ ခွိုင်မန့် နှင့် ချန်ထျန်းရီး တို့ကို ဆက်တိုက်အနိုင်ယူကာ ဟေးလုံကျန်းအသင်းအား ဆီမီးဖိုင်နယ်သို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။
ဝမ်သည် ချန် နှင့် ယှဉ်ပြိုင်ကစားစဉ်အတွင်း လည်ပင်းနာကျင်မှု ခံစားခဲ့ရကြောင်း၊ ဆေးအဖွဲ့၏ ကုသမှုကို ခံယူပြီးနောက် ဝမ်က ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် အောင်ပွဲကို ရရှိခဲ့ကြောင်း ဗျူရို၏ အဆိုအရ သိရသည်။

သို့သော် ဝမ်၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ဆေးအဖွဲ့က ၎င်း၏ ဒဏ်ရာကို စစ်ဆေးပြီးနောက် မြို့တော်ပေကျင်းတွင် နောက်ထပ်စစ်ဆေးမှုနှင့် ကုသမှုကို ခံယူရန် အကြံပြုခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်ညတွင် ဝမ် မပါဝင်ခဲ့သောကြောင့် ဟေးလုံကျန်းအသင်းသည် အမျိုးသမီးအဖွဲ့လိုက် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဟဲပေအသင်းကို ရမှတ် ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဟေးလုံကျန်းအသင်းသည် နိုဝင်ဘာ ၁၉ ရက်တွင် ကြေးတံဆိပ်ဆုအတွက် ရှန်ဟိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
Wang Manyu withdraws from China’s National Games due to neck injury
MACAO, Nov. 18 (Xinhua) — Wang Manyu of Heilongjiang has withdrawn from the table tennis competition at China’s 15th National Games, Heilongjiang Provincial Sports Bureau announced on Tuesday.
Wang had defeated Hebei’s Sun Yingsha 4-2 to retain her women’s singles title on Sunday at Macao’s Galaxy Arena. In the women’s team quarterfinals on Tuesday, Wang defeated Jiangsu’s Kuai Man and Qian Tianyi successively to help Heilongjiang reach the semifinals.
According to the Bureau, Wang suffered neck discomfort during the match against Qian. After receiving treatment from the medical team, Wang decided to continue the match and eventually sealed the victory.
However, Wang’s condition worsened afterward. The medical team recommended further examination and treatment in Beijing after assessing her injury.
On Tuesday night, in Wang’s absence, Heilongjiang lost to Hebei 3-0 in the women’s team semifinals. Heilongjiang will compete against Shanghai for the bronze medal on Wednesday. ■
English Caption
Wang Manyu of Heilongjiang celebrates after winning the women’s singles final against Sun Yingsha of Hebei at China’s 15th National Games in Macao, south China, Nov. 16, 2025. (Xinhua/Liu Xu)