Connect with us

China

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ရေတပ်များက ပေပုပင်လယ်ကွေ့တွင် ပူးတွဲကင်းလှည့်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးမြို့ရှိ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းမှ အလိုအလျောက်ကွန်တိန်နာတင်ဆိပ်ခံတံတားကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၏ ရေတပ်များက ပေပုပင်လယ်ကွေ့တွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၀ ရက် အထိ ၎င်းတို့၏ ၃၉ ကြိမ်မြောက် ပူးတွဲကင်းလှည့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲကင်းလှည့်မှုကို တပ်မတော်နှစ်ရပ်အကြား သက်ဆိုင်ရာသဘောတူညီချက်များ၊ အစီအစဥ်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် တပ်မတော် နှစ်ရပ်ကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်ရန်၊ သက်ဆိုင်ရာ ရေပြင်လုံခြုံရေးအား ပူးတွဲကာကွယ်ရေးအတွက် ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်ကို မြှင့်တင်နိုင်ရန် ရည်မှန်းထားကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

……………………
(English Version)
China, Vietnam to conduct joint patrol in waters of Beibu Gulf
BEIJING, Nov. 18 (Xinhua)
The Chinese and Vietnamese navies will conduct their 39th joint patrol in the waters of the Beibu Gulf from Nov. 19 to 20, according to a statement issued by China’s Ministry of National Defense on Tuesday.
The joint patrol will be carried out in accordance with relevant agreements and arrangements between the two militaries. It aims to further enhance pragmatic cooperation between the two militaries and improve their ability to jointly safeguard the security of relevant waters, the statement said. ■
Photo:
This aerial photo taken on July 22, 2023 shows an automated container wharf of the Beibu Gulf Port in Qinzhou, south China’s Guangxi Zhuang Autonomous Region. (Xinhua/Cao Yiming)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.