China
ပေကျင်းစတော့အိတ်ချိန်း ကုမ္ပဏီအများစု သုံးလပတ်သုံးခု အကျိုးအမြတ်ထုတ်ပြန်
ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ပေကျင်းစတော့အိတ်ချိန်း (BSE) စာရင်းဝင် ကုမ္ပဏီ စုစုပေါင်း ၂၇၉ ခုက ၎င်းတို့၏ ၂၀၂၅ ခုနှစ် ပထမကိုးလ အတွက် ဝင်ငွေထုတ်ပြန်ခဲ့ရာတွင် ကုမ္ပဏီပေါင်း ၂၃၀ ခုက အသားတင်အကျိုးအမြတ်များ ရရှိခဲ့ကြောင်း နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များက ပြသခဲ့သည်။
အောက်တိုဘာ ၃၀ ရက်အထိ ၎င်းတို့၏ တတိယသုံးလပတ်သုံးခု အစီရင်ခံစာ ထုတ်ဖော်ခဲ့သည့် ကုမ္ပဏီများ၏ ပျမ်းမျှလည်ပတ်ဝင်ငွေသည် ယွမ် ၅၂၀ သန်း (အမေရိကန်ဒေါ်လာ ၇၃.၄ သန်း) ဖြစ်ပြီး ယမန်နှစ်ကထက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပျမ်းမျှအသားတင်အကျိုးအမြတ် ယွမ် ၃၂.၉၉ သန်းရှိခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်အထိ ပေကျင်းစတော့အိတ်ချိန်း (BSE) တွင် စာရင်းသွင်းထားသော ကုမ္ပဏီ ၂၈၂ ခုတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများက ၈၀ ရာခိုင်နှုန်းကျော်ပါဝင်ပြီး ပုဂ္ဂလိကကုမ္ပဏီများက ၉၀ ရာခိုင်နှုန်းနီးပါး ပါဝင်သည်။
ပိုမိုသေးငယ်သောကုမ္ပဏီများ၏ ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ၂၀၂၁ ခုနှစ်တွင် စတင် ကုန်သွယ်ခဲ့သည့် စတော့ရှယ်ယာဌာနသည် ဆန်းသစ်တီထွင်သော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာကူညီနိုင်ရန်အတွက် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်များကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Majority of firms on Beijing bourse report profits in first three quarters
BEIJING, Nov. 19 (Xinhua) — A total of 279 firms listed on the Beijing Stock Exchange (BSE) have unveiled their earnings for the first nine months of 2025, with 230 of them reporting net profits, the latest data showed.
As of Oct. 30, companies that disclosed their third-quarter reports had posted average operating revenue of 520 million yuan (73.4 million U.S. dollars), up 6 percent year on year, and average net profit of about 32.99 million yuan.
By Nov. 14, the BSE had 282 listed firms in total, with small and medium-sized enterprises (SMEs) accounting for over 80 percent — and private firms nearly 90 percent.
The bourse, which began trading in 2021 to meet the financing needs of smaller firms, said it would step up planning for its development during the 15th Five-Year Plan period (2026-2030) to better serve innovative SMEs.
Photo : This photo taken on Feb. 17, 2023 shows a view of the Beijing Stock Exchange in Beijing, capital of China. (Xinhua/Wang Quanchao)
