China
တရုတ်နှင့် ကာဂျစ်စတန်နိုင်ငံခြားရေးဝန်ကြီးများ ပထမဆုံးအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပ
ဘစ်ရှ်ကက်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကာဂျစ်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jeenbek Kulubaev တို့က ၎င်းတို့၏ ပထမဆုံးအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့သည်။
မဟာဗျူဟာမြောက် ဆွေးနွေးပွဲယန္တရား တည်ထောင်ခြင်းက နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ရရှိခဲ့သည့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်ပြီး မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကူညီပေးမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်က ပြောကြားခဲ့သည်။
အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံကြွယ်ဝချမ်းသာမှုတို့ဖြင့် ဝိသေသလက္ခဏာရှိသည့် တရုတ်-ကာဂျစ်စတန် အေးအတူပူအမျှအသိုက်အဝန်းကို ပူးတွဲတည်ဆောက်ခြင်းက နှစ်နိုင်ငံစလုံး၏ အခြေခံအကျိုးစီးပွားများနှင့် ကိုက်ညီပြီး နှစ်နိုင်ငံပြည်သူအသီးသီး၏ မျှော်လင့်ချက်များကို ထင်ဟပ်စေကြောင်း ဝမ်က ပြောကြားခဲ့သည်။
နိုင်ငံတကာရေးရာများတွင် ကာဂျစ်စတန်နိုင်ငံနှင့် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် တရုတ်နိုင်ငံက အသင့်ရှိနေပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရာတွင် ကာဂျစ်စတန်နိုင်ငံကို အပြည့်အဝ ထောက်ခံကြောင်းလည်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
Kulubaev ကလည်း ကာဂျစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒကို လိုက်နာပြီး ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် သတ္တုတွင်း၊ ချိတ်ဆက်မှုနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရေး၊ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးနှင့် ယဉ်ကျေးမှု ဖလှယ်မှုများကို အားကောင်းစေရေးတို့အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ကာဂျစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံဘက်မှ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံလေးရပ်ကို တက်ကြွစွာ အကောင်အထည်ဖော်ရေး၊ ကုလသမဂ္ဂအတွင်း ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရေးနှင့် တရုတ်-ဗဟိုအာရှ ယန္တရား၏ ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးတို့အတွက်လည်း တရုတ်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်စလုံးက နိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံး မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ရလဒ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှစ်ခုအကြား ၂၀၂၆ -၂၀၂၇ အတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရသည်။ (Xinhua)
……………..
(English Version)
Chinese, Kyrgyz FMs hold first strategic dialogue
BISHKEK, Nov. 19 (Xinhua) — Chinese Foreign Minister Wang Yi and his Kyrgyz counterpart, Jeenbek Kulubaev, held their first strategic dialogue here on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said the establishment of the strategic dialogue mechanism is a concrete step in implementing the consensus reached by the two heads of state, which will help further strengthen strategic mutual trust, enhance strategic coordination and promote strategic cooperation.
Wang said that jointly building a China-Kyrgyzstan community with a shared future characterized by good-neighborliness, friendship and common prosperity meets the fundamental interests of both countries and reflects the aspirations of their people.
China is ready to deepen communication and coordination with Kyrgyzstan on international affairs and fully supports Kyrgyzstan in assuming the rotating chair of the Shanghai Cooperation Organization, Wang added.
Kulubaev said Kyrgyzstan adheres to the one-China principle and is ready to work with China to advance Belt and Road cooperation, deepen cooperation in trade and investment, agriculture and mining, connectivity and other areas, accelerate the construction of the China-Kyrgyzstan-Uzbekistan railway, and strengthen people-to-people and cultural exchanges.
Kyrgyzstan is ready to closely cooperate with China to actively implement the four global initiatives put forward by the Chinese side, strengthen coordination within the UN, and promote the further development of the China-Central Asia mechanism.
After the talks, the two sides signed a joint statement on the outcomes of the first foreign ministers’ strategic dialogue and a cooperation program for 2026-2027 between the two foreign ministries. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds the first China-Kyrgyzstan foreign ministers’ strategic dialogue with Kyrgyz Foreign Minister Jeenbek Kulubaev in Bishkek, Kyrgyzstan, Nov. 19, 2025. (Photo by Roman/Xinhua)
