Connect with us

China

(တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ) အရည်အသွေးမြင့် မြို့ပြပြန်လည်အဆင့်မြှင့်တင်ခြင်းအား တစ်စိုက်မတ်မတ်ဖော်ဆောင်ခြင်းက တရုတ်နိုင်ငံ၏ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ကျင့်အန်း ခရိုင်တွင် သက်တမ်းကြာမြင့်သော လူနေရပ်ကွက်များ အသစ်ပြန်လည်တည်ဆောက်ခြင်း စီမံကိန်းများအတွက် အိမ်တက်မင်္ဂလာပွဲ ကျင်းပနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မြို့ပြနေလူထု၏ ပျော်ရွှင်ကျေနပ်မှုများ တိုးပွားစေရေးအတွက် အရည်အသွေးမြင့် မြို့ပြပြန်လည်အဆင့်မြှင့်တင်ခြင်းအား တစ်စိုက်မတ်မတ် ဆက်လက်ဖော်ဆောင်လျက်ရှိပြီး ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အယူအဆကို သတိရှိရှိကျင့်သုံးလျက်ရှိရာ အောင်မြင်မှုရလဒ်များကို ရရှိထားပြီဖြစ်သည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးသင့်တင့်မျှတသော အိမ်ရာများ တည်ဆောက်ပေးခြင်းနှင့် မြို့စွန်ပျံကျရပ်ကွက်များ၊ သက်တမ်းကြာမြင့်သော လူနေရပ်ကွက်များ၊ ကျေးလက်ဆန်သော မြို့ပြဧရိယာများ၊ ယိုယွင်းနေသော နေအိမ်များကို အသစ်ပြုပြင်တည်ဆောက်ပေးခြင်းဖြင့် ပြည်သူများ၏ လူမှုဘဝအခြေအနေနှင့် နေထိုင်မှုပတ်ဝန်းကျင်တို့ တိုးတက်မြင့်မားလာစေရန် မည်ကဲ့သို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပုံကို ဆွေးနွေးခဲ့ကြသည်။

ရှန်ဟိုင်းမြို့ကို ဥပမာအဖြစ် လေ့လာကြည့်ပါစို့။ အများစုမှာ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းမပြုမီကပင် တည်ဆောက်ထားသည့် “ရှီခုမန်” နှင့် “လီလုန့်” စသည့် လမ်းကြားအဆောက်အအုံ အများအပြားမှာ သန့်စင်ခန်းများ ထည့်သွင်းတည်ဆောက်ထားခြင်းမရှိဘဲ အများအားဖြင့် လမ်းတစ်လမ်းလုံးတွင် အများသုံးသန့်စင်ခန်းတစ်ခုသာ ပါရှိသည်ဟု ရှန်ဟိုင်းတက္ကသိုလ် ဒုတိယဥက္ကဋ္ဌ ဝမ်ချုံချွမ်း၏ ပြောကြားချက်အရ သိရသည်။

အချို့သမိုင်းကာလများတွင် နေအိမ်အချို့၌ မူလရည်ရွယ်ထားသော လူဦးရေထက် များစွာကျော်လွန်နေထိုင်ခဲ့ကြပြီး နောက်ထပ်မျိုးဆက်အများအပြားမှာလည်း အဆိုပါအဆောက်အအုံ၌ပင် နေထိုင်ခဲ့ကြသည်ဟု ရှန်ဟိုင်းတက္ကသိုလ် မြို့ပြပြန်လည်မွမ်းမံတည်ဆောက်ရေးနှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ ရှန်ဟိုင်းအင်စတီကျု၏ အကြီးအကဲလည်းဖြစ်သူ ဝမ်က ပြောကြားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလများက ရှန်ဟိုင်းမြို့တွင် လူတစ်ဦးချင်းနေထိုင်သည့် နေရာအကျယ်အဝန်းမှာ ပျမ်းမျှအားဖြင့် ၆.၆ စတုရန်းမီတာခန့်သာ ရှိခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ရှန်ဟိုင်းမြို့နေလူထု၏ တစ်ဦးချင်းနေထိုင်သည့် နေရာအကျယ်အဝန်းမှာ ပျမ်းမျှအားဖြင့် ၃၇.၅၇ စတုရန်းမီတာအထိ တိုးလာခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့မှာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကာ အနာဂတ် မြို့ပြပြန်လည်အဆင့်မြှင့်တင်ရာ၌ အခြားမြို့ကြီးများ လေ့လာအတုယူနိုင်သည့် အဖိုးတန်အတွေ့အကြုံများကို ရရှိခဲ့‌သည်။
ရှန်ဟိုင်းမြို့၌ အဆောက်အအုံများ အသစ်ပြုပြင်တည်ဆောက်ခြင်းမပြုမီ အိမ်ထောင်စုအလိုက် စစ်တမ်းကောက်ယူမှုများ လုပ်ဆောင်ကာ နေထိုင်သူများ၏ ဆန္ဒကို အပြည့်အဝအလေးထားလျက် မိသားစုတစ်စုချင်းစီအတွက် အံဝင်ခွင်ကျဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့အတူ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရတို့ထံမှလည်း ငွေကြေးထောက်ပံ့မှုများ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အသစ်ပြုပြင်တည်ဆောက်ပြီးချိန်တွင်လည်း နေထိုင်သူများ စိုးရိမ်ကြောင့်ကြမှုကင်းစွာ နေထိုင်နိုင်ရေး သေချာစေရန် နောက်ဆက်တွဲ စစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်လေ့ရှိကြောင်း အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဖန်းဝေက စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/8kZ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ ထန်ကျားချောင်ရပ်ကွက်ရှိ အိမ်အိုအိမ်ဟောင်းများကြားမှ စင်္ကြံလမ်းတစ်ခု (အပေါ်ပုံ) နှင့် အသစ်ပြန်လည်တည်ဆောက်ထားသော ထန်ကျားချောင်ရပ်ကွက် (အောက်ပုံ) အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ သက်တမ်းကြာမြင့်သော လူနေရပ်ကွက်တစ်ခုကို ပြန်လည်မွမ်းမံတည်ဆောက်ထားသည့် စီမံကိန်းတစ်ခုအား ၂၀၂၅ ခုနှစ် ဇွန် ၂၇ ရက်က ဝေဟင်မှဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
(China Economic Roundtable) Xinhua Headlines: Unremitting high-quality urban renewal, a practice of China’s people-centered development
BEIJING, Nov. 20 (Xinhua) — China has persistently advanced high-quality urban renewal to improve residents’ sense of happiness, consciously practicing the people-centered development philosophy, and the efforts have paid off.
Officials and experts discussed in the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, how China has continuously improved living conditions and the residential environment for its people through the construction of affordable housing, as well as the renovation of shantytowns, old residential communities, urban villages, and dilapidated houses.
Taking Shanghai as an example. A large number of historic “shikumen” and “lilong” alley buildings, mostly constructed before the establishment of the People’s Republic of China in 1949, lack sanitary facilities, with often only one public toilet available for an entire alley, according to Wang Congchun, vice president of Shanghai University.
Some houses accommodated populations far exceeding their designed capacity during specific historical periods, with multiple generations living under the same roof, said Wang, also head of the Shanghai Institute of Urban Regeneration and Sustainability of Shanghai University. He noted that in the early 1990s, the per capita living space in Shanghai was only about 6.6 square meters. By the end of 2024, the per capita residential floor area of urban residents in Shanghai had increased to 37.57 square meters.
Shanghai managed to overcome challenges and gained rich experiences that are replicable for other cities in future urban renewal.
Conducting household surveys before renewal, Shanghai tailored plans for each family while fully respecting residents’ wishes. Meanwhile, financial support has also been increased from the central and local governments. After renewal, regular follow-up inspections are conducted to ensure residents have no worries, Pan Wei, an official with the Ministry of Housing and Urban-Rural Development, told the roundtable.
English Caption 1
A housewarming event of the renovation projects of old residential communities is held in Jing’an District, east China’s Shanghai, June 16, 2025. (Xinhua/Liu Ying)
English Caption 2
This combo photo shows a corridor amid old houses in Tanjiaqiao community (above, file photo) and a view of the renovated Tanjiaqiao community in east China’s Shanghai, Sept. 15, 2025 (below, photo by Xinhua photographer Fang Zhe). (Xinhua)
English Caption 3
An aerial drone photo taken on June 27, 2025 shows a view of a renovation project of old residential communities in east China’s Shanghai. (Xinhua/Fang Zhe)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.