Connect with us

China

(တရုတ်စီးပွားရေးစကားဝိုင်း) တရုတ်နိုင်ငံက မြို့ပြ အရည်အသွေးမြင့် ပြန်လည်အဆင့်မြှင့်တင်ခြင်း ဆက်လက်တိုးမြှင့်ဆောင်ရွက်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၊ နန်မန်ဝိုက်လမ်းစီးပွားရေးခရိုင်ရှိ မြို့ပြပြန်လည်အဆင့်မြှင့်တင်ခြင်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို ၂၀၂၅ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်များအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း မြို့ပြ အရည်အသွေးမြင့် ပြန်လည်အဆင့်မြှင့်တင်ခြင်းကို ဆက်လက်တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန တာဝန်ရှိသူ ကျန်းယန်က ပြောကြားခဲ့သည်။
အဆောက်အအုံ စွမ်းအင်ထိရောက်မှုနှင့် သိပ္ပံနည်းပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးလည်း ဖြစ်သူ ကျန်းက ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့ပြ အရည်အသွေးမြင့် ပြန်လည်အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်ရေးမှာ ပထမဦးစားပေးဖြစ်သည်။ “မိမိတို့အနေနဲ့ မြို့ပြ ပြန်လည်အဆင့်မြှင့်တင်ရေးကို အရေးပါတဲ့ရပ်တည်ချက်အဖြစ် ထားရှိသလို အရည်အသွေးရှိတဲ့ အိမ်ရာ၊ လူနေရပ်ကွက်၊ အိမ်အနီးဝန်းကျင်တွေနဲ့ မြို့ပြခရိုင်တွေ စနစ်တကျ အဆင့်မြှင့်တင်ပြီးတော့ ပြည်သူတွေအတွက် အရည်အသွေးမြင့် နေထိုင်မှုနေရာတွေ ဖန်တီးပေးနိုင်ဖို့အတွက် ပြည်သူ့လူနေမှုဘဝတွေ၊ ဘေးကင်းလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ သက်ဆိုင်တဲ့ စီမံကိန်းများစွာကိုလည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ကျန်းက ဆိုသည်။

“ဒါ့အပြင် မြို့ပြစီမံခန့်ခွဲမှု ထိရောက်မှုမြင့်မားအောင် မြှင့်တင်သွားမှာပါ” ဟု ကျန်းက ပြောခဲ့သည်။ “မြို့ပြ စီမံခန့်ခွဲမှုစနစ်တွေနဲ့ စွမ်းဆောင်မှုတွေကို ခေတ်နဲ့လျော်ညီအောင်လို့ ရည်ရွယ်ပြီး မိမိတို့အနေနဲ့ စီမံခန့်ခွဲမှုမှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့၊ မြို့ပြစီမံခန့်ခွဲမှုမှာ အလုံးစုံညှိနှိုင်းဆောင်ရွက်မှု အားကောင်းဖို့၊ စီမံခန့်ခွဲမှုကို အာရုံစိုက်ဖို့နဲ့ အခြေခံလူတန်းစားအလွှာအထိ အရင်းအမြစ်တွေပံ့ပိုးပေးဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”
ဦးစီးဌာနအနေဖြင့် အဆင့်မြင့်အလွှာ အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဆိုင်ရာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ရေးဆွဲရေးတာဝန်ရှိကြောင်း ကျန်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
(China Economic Roundtable) China to continue boosting high-quality urban renewal: official
BEIJING, Nov. 20 (Xinhua) — China’s housing and urban-rural development authorities will continue to promote high-quality urban upgrading during the 15th Five-Year Plan period (2026-2030), according to Zhang Yan, an official with the Ministry of Housing and Urban-Rural Development.
Zhang, vice director of the department of building energy efficiency and science & technology, made the statement in the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
The first priority is to carry out high-quality urban renewal. “We are placing urban renewal in a more prominent position, systematically advancing the quality housing, residential communities, neighborhoods, and urban districts, while coordinating a series of projects concerning people’s livelihoods, safety, and development to create high-quality living spaces for the people,” Zhang said.
“Then, we will promote high-efficiency urban governance,” Zhang said. “Aiming to modernize urban governance systems and capabilities, we will continuously increase investment in governance, strengthen overall coordination in urban management, and shift the focus of governance and supporting resources to the grassroots level.”
The department is tasked with formulating the 15th Five-Year Plan for the housing and urban-rural development sector at a high level, according to Zhang.
Photo: An aerial drone photo taken on May 29, 2025 shows the construction site of an urban renewal project at Nanmenwai Street business district in north China’s Tianjin. (Xinhua/Sun Fanyue)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.