China
ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်ကို ပေကျင်းမြို့တော်တွင် ကျင်းပပြုလုပ်
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနအကြီးအကဲ လီစူးလေ က ဖိုရမ်ကို တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့သည်။
ဖိုရမ်သို့ တက်ရောက်လာသောဧည့်သည်တော်များက ခေတ်မီအသွင်ပြောင်းမှု အောင်မြင်ရန် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက မျှဝေဆောင်ရွက်နေသော ဘုံရည်မှန်းချက်ပန်းတိုင်ကို မီးမောင်းထိုးပြောကြားခဲ့ကြသလို တရုတ်နိုင်ငံ၏ လာမည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့်ပတ်သက်သောအမြင် သဘောထားများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ အဆိုပါ ငါးနှစ်စီမံကိန်းအရ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် အနာဂတ်တွင် အခွင့်အလမ်းများကို သေချာပေါက် ပိုမိုပေးအပ်နိုင်လိမ့်မည်ဟု ဧည့်သည်တော်များက ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်နိုင်သော စိတ်ထားခံယူချက် တစ်ခုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပူးတွဲလုပ်ဆောင်သင့်သလို လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ဦးဆောင်ကြိုးပမ်းခြင်း၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်တွေ့ကျင့်သုံးခြင်းနှင့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများအကြား ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်သင်ယူမှုကို အားပေးမြှင့်တင်ခြင်းတို့ကိုလည်း ပူးတွဲလုပ် ဆောင်သင့်ကြောင်း၊ သို့မှသာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ခေတ်မီတိုးတက်ရေးကို တစ်ဆင့်တိုးမြှင့်တင် နိုင်မည်ဖြစ်သည်ဟု ဖိုရမ်သို့တက်ရောက်လာသော ဧည့်သည်တော်များက မှတ်ချက်ပြုခဲ့ကြသည်။
နိုင်ငံတကာ ပညာရေးဆိုင်ရာ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန်၊ ကမ္ဘာ့ တောင်ဘက်ခြမ်း၏ ခေတ်မီအသွင်ပြောင်းရာတွင် အဓိကကျသော သီအိုရီပိုင်းဆိုင်ရာ၊ သမိုင်းဆိုင်ရာနှင့် လက်တွေ့အခက်အခဲများအပေါ် ပြည့်စုံကျယ်ပြန့်သော သုတေသနများလုပ်ဆောင်ရန်နှင့် ကမ္ဘာ့ တောင်ဘက်ခြမ်းမှ ဆင်းသက်လာသလို အကျိုးလည်းရှိစေသည့် ခေတ်မီတိုးတက်ရေးပေါ်တွင် အသိ ပညာစနစ်တစ်ခုတည်ဆောက်ရန်တို့ကိုလည်း အားထုတ်ကြိုးပမ်းကြရန် ဧည့်သည်တော်များက တိုက်တွန်းခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်မှ မြင်ကွင်းတစ်ခုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်၌ အောင်မြင်မှုများအတွက်ပြပွဲနေရာသို့ လည့်ပတ်ကြည့်ရှုနေကြသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
……………………
(English Version)
Global South Modernization Forum held in Beijing
BEIJING, Nov. 21 (Xinhua)
The Global South Modernization Forum was held in Beijing on Friday.
Li Shulei, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Publicity Department of the CPC Central Committee, attended and addressed the event.
Guests at the forum highlighted the common goal shared by Global South countries to achieve modernization and expressed the view that with its upcoming 15th Five-Year Plan, China will surely deliver more opportunities in the future for both the Global South and the world as a whole.
Global South countries should jointly pursue development with a more open and inclusive mindset, champion the cause of building a community with a shared future for humanity, practice true multilateralism, and promote exchanges and mutual learning among civilizations — thus further boosting the modernization of the Global South, guests noted at the forum.
Guests urged efforts to enhance international academic exchanges and cooperation, carry out in-depth research on major theoretical, historical and practical issues in the modernization process of the Global South, and build a knowledge system on modernization that both originates from and serves the Global South. ■
Photo-1:
Li Shulei, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Publicity Department of the CPC Central Committee, attends and addresses the Global South Modernization Forum in Beijing, capital of China, Nov. 21, 2025. (Xinhua/Jin Liangkuai)
Photo-2:
This photo taken on Nov. 21, 2025 shows a scene at the Global South Modernization Forum in Beijing, capital of China. (Xinhua/Jin Liangkuai)
Photo-3:
Guests visit the exhibition area for achievements at the Global South Modernization Forum in Beijing, capital of China, Nov. 21, 2025. (Xinhua/Jin Liangkuai)
