Connect with us

China

နိုင်ငံတကာဝူရှူးပြိုင်ပွဲကို နယူးဇီလန်နိုင်ငံတွင် ကျင်းပ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချိန်တူးမြို့၌ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အားကစားပြိုင်ပွဲအတွင်း အမျိုးသမီး Taijiquan-Taijijian ဝူရှူးပြိုင်ပွဲဗိုလ်လုပွဲ၏ Taijiquan ပြိုင်ပွဲတွင် ယှဥ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ Lu Zhuoling ကို ၂၀၂၅ ခုနှစ် သြဂုတ် ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အော့ကလန်၊ နယူးဇီလန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

“ဝူရှူးသူရဲကောင်းများ”ဟု အမည်ရသည့် ၂၀၂၅ ခုနှစ် ပထမဆုံးအကြိမ် နယူးဇီလန်နိုင်ငံတကာ ဖိတ်ခေါ်ဝူရှူးပြိုင်ပွဲကို နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့တွင် နိုဝင်ဘာ ၂၂ ရက်က ဖွင့်လှစ်ကျင်းပ ခဲ့သည်။
နှစ်ရက်ကြာကျင်းပမည့်အဆိုပါပြိုင်ပွဲအခမ်းအနားက တရုတ်နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများမှ ဝူရှူးအားကစား သမားများကို ဆွဲဆောင်နိုင်ခဲ့သည်။
အဆိုပါဝူရှူးပြိုင်ပွဲတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပြိုင်ပွဲများပါဝင်သလို ကလေးပြိုင်ပွဲ၊ လူငယ်ပြိုင်ပွဲ၊ အရွယ်ရောက်ပြီးသူများအတွက်ပြိုင်ပွဲနှင့် အကြီးတန်းအဆင့်ပြိုင်ပွဲဟူ၍ အမျိုးအစား ခွဲခြားထားကြောင်း သိရသည်။ တရုတ်ကိုယ်ခံပညာ၏ အနုပညာဆန်သည့်နက်နဲမှုနှင့် ကွဲပြားခြားနားမှုကို အပြည့်အဝ သရုပ်ဖော်တင်ဆက်ထားခြင်းနှင့်အတူ ကျယ်ပြန့်သော စည်းမျဉ်းစည်းကမ်းများ လွှမ်းခြုံထားသည့် ပြိုင်ပွဲလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………
(English Version)
Int’l Wushu competition held in New Zealand
AUCKLAND, New Zealand, Nov. 23 (Xinhua)
The “Wushu Heroes” 2025 First New Zealand International Wushu Invitational Competition opened on Saturday in Auckland.
The two-day event attracted Wushu athletes from countries including China, New Zealand, Australia, the Philippines, France, Indonesia, Nepal, and Sri Lanka.
The competition includes individual and group competitions, divided into children, youth, adult, and senior categories. A wide range of disciplines was covered, fully demonstrating the diversity and artistic depth of Chinese martial arts. ■
Photo:
Lu Zhuoling of China competes during the Taijiquan competiton of women’s Taijiquan-Taijijian Final of Wushu event at the World Games 2025 in Chengdu, southwest China’s Sichuan Province, Aug. 8, 2025. (Xinhua/Xu Bingjie)