ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းလုပ်ငန်းသည် အောက်တိုဘာ၌ နိုင်ငံတကာခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု နှစ်ခုစလုံးတွင် ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် တိုးတက်ကာ စံချိန်တင်နိုင်ခဲ့သည်။
နိုင်ငံ၏လစဥ်လေကြောင်းကုန်စည်နှင့် စာပို့လုပ်ငန်းသည် သမိုင်းတွင်ပထမဆုံးအဖြစ် တန်ချိန် ၉၀၀,၀၀၀ ကျော်လွန်ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်သည့် တရုတ်နိုင်ငံအရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေး အချက်အလက်များအရ သိရသည်။
အောက်တိုဘာတွင် စုစုပေါင်း သယ်ယူပို့ဆောင်ရေးလည်ပတ်မှုသည် တန်-ကီလိုမီတာ ၁၄.၆ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် ကာလတူကထက် ၁၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ခရီးသည်ပို့ဆောင်မှုပမာဏအနေဖြင့် ၆၇.၈၄ သန်းအထိရောက်ရှိကာ လွန်ခဲ့သည့်နှစ် အလားတူကာလထက် ၅.၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ကုန်စည်နှင့်စာပို့လုပ်ငန်းတွင်ပို့ဆောင်မှုပမာဏမှာ ၁၃.၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ၉၁၇,၀၀၀ တန်ခန့်ရှိခဲ့သည်။
ပထမ ၁၀ လတာအတွင်း စုစုပေါင်းလည်ပတ်သည့် ပို့ဆောင်မှုပမာဏအနေဖြင့် ယမန်နှစ်ကထက် ၁၀.၃ ရာခိုင်နှုန်း တိုးလာကာ တန်-ကီလိုမီတာ ၁၃၆.၆၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ အဆိုပါကာလအတွင်း ခရီးသည် ခရီးစဥ် စုစုပေါင်း ၆၅၀ သန်းရှိကာ ယမန်နှစ်ကထက် ၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်စည်နှင့်စာပို့လုပ်ငန်းပမာဏ ၁၃.၉ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၈.၃၁ သန်းအထိ ရောက်ရှိခဲ့ကြောင်းသိရသည်။ (Xinhua)
…………..
(English Version)
China aviation: October int’l passenger, cargo volumes surge 20 pct
BEIJING, Nov. 25 (Xinhua) — China’s civil aviation industry recorded a year-on-year increase of over 20 percent in both international passenger and cargo traffic in October.
The country’s monthly air cargo and mail throughput surpassed 900,000 tonnes for the first time in history, data from the Civil Aviation Administration of China revealed on Tuesday.
In October, the total transport turnover of the industry reached 14.6 billion tonne-kilometers, up 10.8 percent year on year.
The volume of passenger transport hit 67.84 million, increasing 5.8 percent from the same period last year, and the volume of cargo and mail transport grew 13.4 percent to about 917,000 tonnes.
In the first 10 months, the industry’s total transport turnover increased 10.3 percent year on year to 136.63 billion tonne-kilometers. Some 650 million passenger trips were made during the period, up 5.3 percent year on year, while cargo and mail transport volume rose 13.9 percent to 8.31 million tonnes.
Photo : A cargo plane of China Postal Airlines from China’s Zhengzhou to Luxembourg is pictured before its maiden flight at Zhengzhou Xinzheng International Airport in Zhengzhou, central China’s Henan Province, June 23, 2025. (Xinhua/Li Jianan)