Connect with us

China

ကောက်ပဲသီးနှံမျိုးဗီဇထိန်းသိမ်းမှုတွင် ပေကျင်းက ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်

ထင်ရှားသော ဆန်မျိုးဗီဇရင်းမြစ်တစ်ခုဖြစ်သည့် clustered-spikelet ဆန်ကို တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၏ ကောက်ပဲသီးနှံသိပ္ပံအင်စတီကျုမှ ပံ့ပိုးပေးခဲ့သည့် ဓာတ်ပုံတွင် တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းသည် သီးနှံမျိုးဗီဇအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်မှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့် ဦးဆောင်လျက်ရှိကြောင်း မြို့တော်အစိုးရအဖွဲ့က နိုဝင်ဘာ ၂၆ ရက်၌ ကြေညာခဲ့သည်။
မြို့တော်ပေကျင်းတွင် ကမ္ဘာ့ကွဲပြားခြားနားဆုံးသော ကောက်ပဲသီးနှံမျိုးစိတ်များအပါအဝင် ကောက်ပဲသီးနှံမျိုးဗီဇ ၂.၁၄၄ သန်း ရှိသည့် မျိုးဗီဇဘဏ် ရှိသည်။
ပေကျင်းတွင် အဓိကအမျိုးသားအဆင့် ဆောင်ရွက်သူများအဖြစ် ရွေးချယ်ခံရသည့် မျိုးစေ့လုပ်ငန်း ၂၉ ခုရှိပြီး တရုတ်နိုင်ငံတစ်ဝန်းတွင် အများဆုံးအရေအတွက်ဖြစ်ကာ နှစ်စဉ် အခြားပြည်နယ်ဒေသအများစုထက် ကောက်ပဲသီးနှံမျိုးကွဲအသစ်များ ပိုမိုမှတ်ပုံတင်လေ့ရှိသည်။ ထိုအောင်မြင်မှုများကို မြို့တော်အား “မျိုးစေ့မြို့တော်” အဖြစ် တည်ထောင်ရန် ရည်ရွယ်သည့် ပေကျင်းမျိုးစေ့စည်းမျဥ်းဖြင့် ပံ့ပိုးပေးထားသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တွင် AI (ဉာဏ်ရည်တု) အခြေပြု အပင်ကာကွယ်ရေးပုံစံများကဲ့သို့သော တိုးတက်မှုများကို မိတ်ဆက်နိုင်ခဲ့ခြင်းနှင့်အတူ နည်းပညာဆန်းသစ်တီထွင်မှုများက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ မော်လီကျူးမျိုးပွားခြင်းနှင့် အခြားအဓိကနည်းပညာများတွင် တိုးတက်မှုများကြောင့် ပေကျင်းရှိ စိုက်ပျိုးရေးနည်းပညာပံ့ပိုးကူညီမှုနှုန်းသည် ၇၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။
ပေကျင်းသည် နည်းပညာဖြင့် မောင်းနှင်ပြီး ပြုပြင်ပြောင်းလဲရေးကို ရှေးရှုသည့် ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ကာ လာမည့်ငါးနှစ်အတွင်း ၎င်း၏မျိုးစေ့လုပ်ငန်းတိုးတက်စေရေး ကြိုးပမ်းအားထုတ်မှုများကို နက်ရှိုင်းစွာလုပ်ဆောင်ရန် စီစဉ်ထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
……………………..
(English Version)
Beijing takes global lead in crop germplasm preservation
BEIJING, Nov. 26 (Xinhua) — Beijing has taken the global lead in the preservation of crop germplasm resources, the municipal government announced on Wednesday.
The city has a germplasm bank of 2.144 million accessions, including the world’s most diverse range of crop species.
Beijing is home to 29 seed enterprises that have been selected as key national players — the highest number across China — and it registers more new crop varieties than most other provincial regions each year. These achievements are supported by the Beijing Seed Ordinance, which aims to establish the city as a “seed capital.”
Technological innovations have been pivotal, with breakthroughs such as AI-based plant protection models debuting at the UN Food and Agriculture Organization. The agricultural technology contribution rate in Beijing has reached 75 percent, driven by advancements in molecular breeding and other core technologies.
Beijing plans to deepen efforts to improve its seed industry over the next five years, focusing on technology-driven and reform-oriented development, according to a government official. ■
English Caption
This undated file photo provided by the Institute of Crop Sciences of the Chinese Academy of Agricultural Sciences shows the clustered-spikelet rice, a distinctive rice germplasm resource. (Xinhua)